Saturday, August 6, 2011

အိမ်စုတ်ကြီး


ဆောက်တာကတော့ တိုက်အိမ်
ဖြစ်လာတာက ၀ါးအိမ်
အခြေကမခိုင်ယိုင်နွဲ့နွဲ့ပေါ့
အမိုးအကာကဓနိ
ကြာလာတော့ဆွေးမြည့်
မဆွေးမြည့်တာကအတ္တမာမာန
သူပိုင်ငါပိုင်လုကြ
အချင်းချင်းချကြတော့
ဘေးအိမ်တွေကလက်ခုပ်တီးကြ
အားလုံးကြွကြတော့
ဒို့အမွေတွေသူတို့ရ
သူတို့စံမြန်းကြပေါ့…
                                မင်းသုည

0 comments:

Post a Comment