Monday, September 19, 2011

“ရင်ထဲကရွှေဝါရောင်”

တော်သလင်းလပြည့်၊ စက်တင်ဘာ ၁၂၊ ၂၀၁၁တွင် ကျင်းပသော
မိတ်ဆွေကောင်းစာကြည့်တိုက် ဆရာတော် အရှင်ဣဿရိယ ၏ ၃၆ နှစ်မြောက်မွေးနေ့မင်္ဂလာ       ကဗျာပြိုင်ပွဲတွင်
2007 စက်တင်ဘာတွင် ကျရောက်သော ရွှေဝါရောင်နှစ်ပတ်လည်အား ဂုဏ်ပြုသောအားဖြင့်
တို့မိတ်ဆွေ (The Best Friend School) စာသင်ကျောင်း (42 Km) ဆရာကြီး ဦးစိုင်းမြင့်ဆွေ ၏
“ရင်ထဲကရွှေဝါရောင်”
Ø  ရဟန်းသံဃာတော်ရဲ့သမိုင်း
နက်ရှိုင်းကျယ်ပြန့်
ခြေဆန့်ခဲ့တဲ့ခရီး
သွေးစည်းခြင်းတွေအနန္တ
တော်လှန်ရေးတွေဗလပွနဲ့
ကယ်တင်ပြခဲ့တဲ့အဖြစ်
ရင်ထဲမှာအသစ်ဖြစ်နေတယ်။
Ø  ကိုလိုနီခေတ်က
ဆရာတော် ဦးဥတ္တမ
ဆရာတော် ဦးဝိစာရတို့ရဲ့
နယ်ချဲ့ဆန့်ကျင်ရေးစိတ်နဲ့
အင်္ဂလိပ်တို့တော်လှန်ခဲ့တဲ့သမိုင်း
နက်ရှိုင်းလွန်းလှပါတယ်။
Ø  ဒီမိုကရေစီခေတ်မှာ
ရဟန်းသံဃာတွေက
စစ်အစိုးရရဲ့ဖိနှိပ်မှုကို
ဒီမုကရေစီစိတ်နဲ့တော်လှန်တာ
ကမ္ဘာကသိနေတယ်လေ။
Ø  ရွှေဝါရောင်တော်လှန်ရေးရဲ့အစ
ပခုက္ကူကပါလို့
ဟစ်ကြွေးကျူးရင့်
ခွန်းဆင့်ပါရစေ။
             Ø  စစ်ကျွန်အဖြစ်
နွံနစ်တဲ့ဘဝ
လူမှုဒုက္ခအ၀၀
ချွတ်ခြုံကျမွဲတေ
ဆင်းရဲတွင်းနက်သမျှဒဏ်
မြန်မာတွေခါးစည်းခံနေရပြီလေ။
Ø  နှစ်ထောင့်ခွန် စက်တင်ဘာငါး
ပခုက္ကူသံဃာ အပါးငါးရာကျော်က
မြန်မာပြည်သူလူထု
ဆင်းရဲမှု ဒုက္ခကင်းဝေးရေးအတွက်
“လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ”
“လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ”
“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”လို့
မေတ္တာပို့လှည့်လည်ရာမှ
စစ်အစိုးရက
အတင်းအဓမ္မသတ်ပြလို့
ရဟန်းသံဃာတွေကျဆုံးရာမှ
စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး
ပေါ်ပေါက်ရခြင်းပါ။
Ø  စစ်အစိုးရက
ဝန်ချတောင်းပန်
မတောင်းပန်ပါက
ပတ္တနိက္ကုဇ္ဇနကံ
ဆောင်ရွက်ရန်ဟု
သံဃာရဟန်းများက
မေးမြန်းကြေညာခဲ့တယ်။
Ø  ပတ္တနိက္ကုဇ္ဇနကံဆိုတာ
ရဟန်းသံဃာများ
စော်ကားသူကို
ရဟန်းသံဃာများက
သာရေးကိစ္စ
နာရေးကိစ္စပါမကျန်
ဆက်ဆံမှုမပြု
ပြုဆဲအလှူကိုလဲ
လက်မခံတဲ့စိတ်နဲ့
သပိတ်မှောက်ခြင်းကို
ဆိုထားခြင်းပါ။
Ø  စစ်အစိုးရက
ဝန်ချမတောင်းပန်
သူ့ရန်လိုမြင်
စစ်ဆင်ရေးနဲ့တိုက်
မိုက်လှချည့်လား
ရမ်းလှချည့်လား။
Ø  ပစ်လော့စစ်သား
ငမိုက်သားတို့
တို့ရွာတို့မြေ
တို့ရွာမြေမှာ
ရဟန်းသံဃာ
မေတ္တာပို့ကာ
ပွားများပါ၏
ပွါးများပါသော်လည်း
ပစ်ခတ်ဆဲမို့
သွေးရဲသင်္ကန်း
ဆင်မြန်းရင်းလာ
ပေတရာလမ်းမှာ
ရွေဝါရောင်သွေးတွေ
ဒလဟောစီးဆင်းနေ။
Ø  ပစ်လော့စစ်သား
ငမိုက်သားတို့
တို့ရွာတို့မြေ
တို့ရွာမြေမှာ
ရဟန်းသံဃာ
ကျင့်သိက္ခာနှင့်
နေပါသော်လည်း
ပစ်ခတ်ဆဲမို့
ဆင်းရဲကသာ
ကာလကြာလျှင်
သံဃာအများ
ကျောင်းကြိုကျောင်းကြား
ဘုရားကြို ဘုရားကြား
လှည့်လည်သွားဆဲ
ဆွမ်းလည်းမဘုဉ်း
ပုန်း၍နေရ
သံဃာဘဝ
ဆွမ်းမျှပင်မတင်နိုင်။
Ø  စစ်သားရမ်းကား
လူသတ်သမားတို့
ဤဘာသာ သာသနာ
ဘယ်သူ့ဘာသာ သာသနာလဲ။
မေးမြန်းပါရစေ။
·         သတ်ရမဲ့သူတွေက
ရဟန်းသံဃာတွေလား။
Ø  ထလော့ မြန်မာ
ရွှေမြန်မာတို့
တို့ရွာတို့မြေ
ဒီမိုကရေစီရအောင်
တိုက်ပွဲဝင်ကြ။
Ø  ထာဝရအမှန်ကို
ခံယူချက်နဲ့ယုံကြည်
တို့တိုင်းပြည်ကို
ဒီမိုကရေစီနဲ့ပုံဖော်ဖို့
တို့တိုက်ပွဲဖော်ရမယ်လေ။
Ø  ဘယ်နေရာရောက်ရောက်
မဖောက်ပြန်တဲ့စိတ်က
အရိပ်လိုကပ်ပါလာခဲ့
ကိုယ့်ပြည် ကိုယ့်ရပ်ရွာကို
လွတ်လပ်မှု ဒီမိုကရေစီ
တပြည်လုံးရလျှင်
အောင်ပြီဆိုတဲ့ တေးကို
ဟစ်ကြွေးကျူးရင့်
ခွန်းဆင့်သီဆိုပါရစေ။
Ø  မြန်မာပြည်သူတွေရဲ့ခံစားမှုကို
ကိုယ်စားပြုဦးဆောင်တဲ့
သံဃာတွေရဲ့အလင်းရောင်ဟာ
အမှောင်ဟူသမျှဖြိုခွင်း
လွတ်လပ်ခြင်း ဒီမိုကရေစီ
မြန်မာတစ်ပြည်လုံးရပါစေ။            
                              ပန်းသုခ


0 comments:

Post a Comment