လူဝတ်လဲလိုက်ရသည့် ဦဂမ္ဘီရ စိတ်ကျန်းမာရေးအတွက် ဆေးဝါးကုသနေရ
http://burmese.dvb.no/archives/24657
Monday, April 30, 2012
လူဝတ်လဲလိုက်ရသည့် ဦဂမ္ဘီရ စိတ်ကျန်းမာရေးအတွက် ဆေးဝါးကုသနေရ
Tuesday, April 24, 2012
Interview with U WIn Tin - Burmese Parlilament Reasonable ?
Friday, April 13, 2012
ရှင်လေးပါး သေလေးပါးပြဿနာများ
အမေး။ ။သေလေးပါး ရှင်လေးပါးအကြောင်းကို သိချင်ပါတယ်ဘုရား၊တပည့်တော်အပါအ၀င် အများသူငါသိအောင် ဖြေကြားပေးတော်မူပါ ဘုရား။
အဖြေ။ ။ရှင်လေးပါး သေလေးပါးကို လောကီ လောကုတ်ခွဲပြီးပြောရရင်ပိုရှင်းပါ့မယ်။ ရှင်လေးပါးကို လောကအနေနဲ့ ပြောရရင်..
ရှင်လေးပါးအကြောင်းဟာ ကျမ်းကြီးကျမ်းခိုင်တွေမှာ မလာပါဘူး။
Sunday, April 8, 2012
တန်ဆောင်မုန်းလဆုတ် (၈) ရက် ၂၀၁၀ ခုနှစ်က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ ၏ ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုကိုခံရသော အမျိုးသမီးတစ်ယောက်အကြောင်း ……….
Friday, April 6, 2012
သာသနာဖျက်ဆရာတော် မ ဟ န ကြီးများရဲ့အမိန့် .....တရားမဟောရ....
ဓမ္မာစရိယ မအောင်ရင် နယ်လှည့်တရားမဟောရ
အေးနိုင်
ဓမ္မာစရိယတန်း
မအောင်မြင်သေးတဲ့ ဘုန်းကြီး၊ လူ၊ မယ်သီလရှင်တွေကို
နယ်လှည့်တရားပွဲတွေမှာ ဟောပြောခွင့် ပိတ်ကောင်းပိတ်ပင်
နိုင်စေမယ့် “နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်” ကို
နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။
ဒါနဲ့
ပတ်သက်လို့ ဒီထုတ်ပြန်ချက်ကို လက်ဝယ်ရထားတဲ့ ရန်ကုန်တိုင်း
ပုဇွန်တောင်မြို့နယ် ရွှေတောင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်
ဦးပဏ်ဏဝံသ ခေါ် ဦးပြည်ကျော်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။
“တပေါင်း
လပြည့်ကျော် ၃ ရက်ကနေပြီး လပြည့်နေ့ထိ ၄၇ ပါးစုံညီ အစည်းအဝေး
ကျင်းပတယ်။ အဲဒါသံဃာ ဒွါဒဿမ ၁၅ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ
ဆိုပြီး နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ဆိုပြီး ထုတ်လိုက်တာ။
အဲဒီတော့ ဒီဂုဏ်အင်္ဂါ ၉ ချက်ထုတ်တဲ့အခါမှာ အဓိက အချက်ကတော့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို မဟောရဘူး။ ဓမ္မာစရိယတန်း
အောင်ရမယ်။ အဲလို အစရှိတာတွေကို ပြောတာလေ။ နယ်လှည့်ဓမ္မကထိက ဆိုတော့
မြန်မာနိုင်ငံမှာက နယ်လှည့်ဓမ္မကထိက ၃ မျိုးရှိတယ်။
|
Tuesday, April 3, 2012
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊ စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။ အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ
ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာ
ဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ် ၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက် ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။
ဘာသာခြားနှင့်လက်ထပ်သည့်  ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် တ၇ား ဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ
မန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်လာခဲ့သည်။ တရားစီရင် ရာတွင်လည်း ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် မှုခင်းများကို စစ်ဆေးလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ကျရောက်ခဲ့သည့်အချိန်တွင်မူ ကိုလိုနီနယ်ချဲ့တို့သွတ်သွင်းလာသည့် ပြဌာန်းဥပဒေများဖြင့် အမှုများ စီရင်ဆုံးဖြတ်ကြသည်။ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ အမွေခံ အက်ဥပဒေ တို့မှာ ၄င်းတို့အိန္ဒိယနိုင်ငံမှတဆင့် ယူဆောင်လာသည့်ဥပဒေများဖြစ်သည်။ သို့သော် မြန်မာလူမျိုးတို့၏ အမွေဆက်ခံရေး၊ လင်မယားကွာရှင်းရေးတို့တွင်မူ ရှေးဓမ္မသတ်များဖြင့်သာ ဆုံးဖြတ်ခဲ့ကြသည်။ အချို့သောအမှုများတွင်သာ ဓမ္မသတ်မသဲကွဲသည်များကို ထိုခေတ်က အမြင့်ဆုံးတရားရုံးဖြစ်သည့် ပရီဗွီကောင်စီက ဆုံးဖြတ်၍ လမ်းညွှန်သဖွယ် ပြဌာန်းပေးခဲ့သည်။
မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်အတူအမွေခွဲဝေရေး၊ လင်မယားကွာရှင်းရေးစသည့် ကိစ္စများတွင် တန်းတူအခွင့်အရေးရှိသည်။ လင်နှင့်မယား နှစ်ဦးသဘောတူ ကွာရှင်းသည့်အချိန်တွင် တိုးပွားလာသော လက်ထက်ပွားပစ္စည်းများကို ညီတူညီမျှခံစားခွင့်ရှိသည်။ သူငယ်ချင်းများ အတွက် အထူးမှတ်စေလိုသည်မှာ “သြရသ”ဆိုရာဝယ် သားကိုသာမက မိသားစု၌ မိခင်တာဝန်ကို ထမ်းရွက်နိုင်သူ သမီးကိုလည်းဆိုလို၍ ၄င်းသြရသအခွင့်အရေးကို ခံစားနိုင်သည်။ ထို့အပြင် လင်က မယားကို ကြီးလေးသောပြစ်မှုကျူးလွန်လျှင် လည်း ကွာရှင်းခွင့်တောင်းနိုင်၍ လင်ရရှိမည့်ဝေစုပါ ဆုံးရှုံးပါသည်။ ထို့အပြင် လင်သည် မယားအား ဓလေ့ထုံးထမ်းဥပဒေအရဖြစ်စေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဖြစ်စေ မယားစရိတ်တောင်းဆိုက ထောက်ပံ့ရန်တာဝန်ရှိသည်။