နှစ်သစ်ရောက်ပြီ
နှစ်ဟောင်းနှစ်သစ်
တစ်နှစ်ပြိးတစ်နှစ်ပြောင်း
နှစ်ပေါင်းများစွာကြာခဲ့ပြီ။
နှစ်တွေဘယ်လိုပြောင်းပြောင်း
ရာစုတွေဘယ်လိုပြောင်းပြောင်း
မပြောင်းလဲကြ
ဟိုတစ်ချိန်ကလို
အဟောင်းတွေကိုစား
အဟောင်းမှာသွားပြီး
စိတ်ဟောင်းစိတ်ညစ်
ယုတ်မာကောက်ကျစ်
အချင်းချင်းရန်တွေဖြစ်ကြ
သတ်ကြဖြတ်ကြ
လုကြယက်ကြ
ခိုးဆိုးကြလို့
ဒုက္ခတွေဗလပွ
ဒါတွေကိုဘယ်လိုရပ်ကြမလဲ……..
ဒုက္ခတွေရပ်
အဆိုးတွေမဆက်စေဖို့
အားလုံးရဲ့အကြောင်းမှန်
တရားခံကိုစမ်းစစ်ရင်
ဆိုးယုတ်မာနေကြတဲ့
စိတ်ဟောင်းစိတ်ညစ်
ကောက်ကျစ်မှုတွေကို
(၂၀၁၂
) နှစ်ထောင့်ဆယ့်နှစ်နှင့်အတူထားခဲ့
နှစ်သစ်ကိုယူမလာခဲ့ရင်
အားလုံးရဲ့စိတ်သစ်
လူသစ်
အတွေးသစ်
အမြင်သစ်
စိတ်ကူးသစ်
အကြံဥာဏ်သစ်တွေဖြင့်
အချင်းချင်းလက်တွဲယှက်
မေတ္တာဓါတ်တွေဖြင့်
ခရီးဆက်ကြရင်
ဒို့နိုင်ငံဒို့လူမျိုး
ဒို့အမျိုးဘာသာ သာသနာ
ကမ္ဘာမှာကျော်ကြား
ထင်ရှားသွားမှာမို့
(၂၀၁၃)
နှစ်ထောင့်ဆယ့်သုံး နှစ်သစ်ကာလ အခါသမယမှာ
ပျော်ပျော်ပါးပါး
အတူကြိုးစားကာ
ရှေ့သို့
ခရီးဆက်ကြပါစို့…
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
0 comments:
Post a Comment