Wednesday, August 7, 2013

ငါ့ရင်ထဲမချိဘူးသူငယ်ချင်း




ငါ့ရင်ထဲမချိဘူးသူငယ်ချင်း
ဒီပုံကို မင်းသေချာကြည့်
ငါ့ရင်ထဲမချိလို့ ပြောပါရစေသူငယ်ချင်း..
ကလေးမလေးရဲ့ ပကတိဖြူစင် ကြည်လင်တဲ့မျက်နှာ
ချိုလွင်တဲ့အပြုံး ပကာသနတွေမဖုံးပဲ
အရွယ်နှင့်မမျှ ဈေးရောင်နေရတယ်သူငယ်ချင်း
သူမဟာ တချိန်မှာ အနာဂါတ်မြန်မာရဲ့ မိခင်လောင်း
ပန်းပင်တွေကိုရေလောင်း ပန်းကောင်းပျိုးရမဲ့လက်
အခုတော့ ပျိုးပင်ဘ၀မှာ ပန်းတွေရောင်းနေရ
ပင်ပန်းလှတယ်သူငယ်ချင်း..
သူများနိုင်ငံတွေမှာ………
မိခင်လောင်းတွေက အဆင့်မြင့်တက္ကသိုလ်တွေမှာ
စာတွေသင်နေကြရ သမ္မတတွေ ၀န်ကြီးချုပ်တွေဖြစ်နေကြပေါ့……….
ဒို့နိုင်ငံရဲ့မိခင်လောင်း….
အရွယ်နှင့်မမျှ ဈေးရောင်းသူရောင်းရ
ဘ၀ကိုရောင်းသူက ရောင်းရ
အမှိုက်ကောက်သူကောက်ရ
သူများနိုင်ငံမှာ ကျွန်ခံသူခံရ
ရောင်းစားခံရသူက ရောင်းစားခံရ
ဒုက္ခတွေဗလပွနဲ့မို့
အနာဂါတ်မြန်နိုင်ငံရဲ့မိခင်လောင်း
သူတို့ရဲ့မျိုးဆက်တွေကိုဘယ်လိုပုံစံလောင်းနိုင်မလဲ
သူငယ်ချင်းသာစဉ်းစားကြည့်
ငါ့ရင်ထဲမချိဘူးသူငယ်ချင်း
ငါ့ရင်ထဲမချိဘူးသူငယ်ချင်း………….
                                မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment