Thursday, July 30, 2009

The Best Friend Library မိတ်ဆွေကောင်းစာကြည့်တိုက်

The Best Friend Library
မိတ်ဆွေကောင်းစာကြည့်တိုက်
ဦးဆောင်ဆရာတော်အရှင်ဣဿရိယ၏မွေးနေ့အမှတ်တရ
ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲ
မိတ်ဆွေကောင်းစာကြည့်တိုက်၏ဦးဆောင်နာယကဆရာတောအရှင်ဣဿရိယ၏
(၃၄)နှစ်ပြည့်မွေးနေ့အခမ်းအနားကို၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်၊ ကောဇာသက္ကရာဇ်
၁၃၇၁ခုနှစ်၊တော်သလင်းလပြည့်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထိုမွေးနေ့ အမှတ်တရ
အတွက်ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကိုထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမားများနှင့်ကျောင်းသား ကျောင်းသူများအားကျင်းပပေးမည်ဖြစ်ပါ၍၀င်ရောက်ယှဉ်ပြိုင်လိုသူများသည် ၂၀-၈-၂၀၀၉ ရက်
နေ့နောက်ဆုံးထား၍ စာမူများအား မိတ်ဆွေကောင်းစာကြည့်တိုက်သို့လာရောက်ပေးပို့ကြပါရန် အသိပေးကြေငြာအပ်ပါသည်။
ဆုပေးပွဲကိုဆရာတော်အရှင်ဣဿရိယ၏မွေးနေ့ပွဲတွင်ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

ကဗျာနှင့်ဆောင်းပါးပြိုင်ရန် စည်းကမ်းချက်များ
၁။ကဗျာ၊ဆောင်းပါးများသည်ကိုယ်တိုင်ရေးစာမူများဖြစ်ရပါမည်။
၂။ဆောင်းပါးသည်A4 (သို့)လျှောက်လွှာ(၃)မျက်နှာခန့်အနည်းဆုံးရှိရမည်။
၃။မိမိကြိုက်နှစ်သက်သည့်ခေါင်းစဉ်ဖြင့်ရေးသားနိုင်သည်။
၎။သတ်မှတ်ထားသည့်၂၀-၈-၂၀၀၉ရက်နေ့အရောက်ပေးပို့ရပါမည်။
အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန်
မိတ်ဆွေကောင်းစာကြည့်တိုက် ‚ 084 594 7752
ဘန်ခွန်လမ်း ‚ 085 707 1429
မဲဆော်ဈေးနှင့်မက်ခိုကုန်တိုက်ကြား ‚ 087 414 6521

0 comments:

Post a Comment