Saturday, June 12, 2010

ရင်နာလိုက်တာဗျာ

ရင်နာလိုက်တာဗျာ
ကမ္ဘာမှာ ဘယ်နိုင်ငံကိုကြည့်ကြည့်
သူတို့တွေရဲ့စစ်တပ်
တိုင်းပြည်အတွက်
အသက်တွေပေး ဘ၀တွေစတေးရင်း
ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီး
ပြည်သူကောင်းစားရေး
ပြည်သူလွတ်မြောက်ရေး
ပြည်သူအန္တရာယ် ကာကွယ်ရေး
သူတို့အလေးပေးလို့ ဆောင်ရွက်ခဲ့ကြ
သိပ်ကိုဂုဏ်ယူရပေါ့။
ဟယ်…ငါတို့နိုင်ငံကစစ်တပ်
ပြည်သူကိုနှိပ်စက် ရဟန်းသံဃာကိုပစ်ကာသတ်
စစ်တပ်သာအမိ စစ်တပ်သာအဖဆိုတဲ့
စာမတတ်သူ မျိုးဖျက်တွေရဲ့စကား
သူတို့ယုံစားကြလို့
ပြည်သူကြွေးထား ထမင်းကိုစားပြီး
ပြည်သူတာဝန် ဘာတစ်ခုမှမကျေပွန်ပဲ
ပြည်သူကိုပြန်စော်ကား ရမ်းကားနေလိုက်ကြတာ..
ရင်နာလိုက်တာဗျာ…….
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment