ဓမ္မာစရိယ မအောင်ရင် နယ်လှည့်တရားမဟောရ
အေးနိုင်
ဓမ္မာစရိယတန်း
မအောင်မြင်သေးတဲ့ ဘုန်းကြီး၊ လူ၊ မယ်သီလရှင်တွေကို
နယ်လှည့်တရားပွဲတွေမှာ ဟောပြောခွင့် ပိတ်ကောင်းပိတ်ပင်
နိုင်စေမယ့် “နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်” ကို
နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။
ဒါနဲ့
ပတ်သက်လို့ ဒီထုတ်ပြန်ချက်ကို လက်ဝယ်ရထားတဲ့ ရန်ကုန်တိုင်း
ပုဇွန်တောင်မြို့နယ် ရွှေတောင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်
ဦးပဏ်ဏဝံသ ခေါ် ဦးပြည်ကျော်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။
“တပေါင်း
လပြည့်ကျော် ၃ ရက်ကနေပြီး လပြည့်နေ့ထိ ၄၇ ပါးစုံညီ အစည်းအဝေး
ကျင်းပတယ်။ အဲဒါသံဃာ ဒွါဒဿမ ၁၅ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ
ဆိုပြီး နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ဆိုပြီး ထုတ်လိုက်တာ။
အဲဒီတော့ ဒီဂုဏ်အင်္ဂါ ၉ ချက်ထုတ်တဲ့အခါမှာ အဓိက အချက်ကတော့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို မဟောရဘူး။ ဓမ္မာစရိယတန်း
အောင်ရမယ်။ အဲလို အစရှိတာတွေကို ပြောတာလေ။ နယ်လှည့်ဓမ္မကထိက ဆိုတော့
မြန်မာနိုင်ငံမှာက နယ်လှည့်ဓမ္မကထိက ၃ မျိုးရှိတယ်။
“ရဟန်း
ပုဂ္ဂိုလ်၊ သီလရှင်ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ၃ မျိုးရှိတယ်။ ဒီ ၃
မျိုးစလုံးက သက်ဆိုင်တယ်။ မလိုက်နာရင် ဘယ်လို အပြစ်ပေးမယ် ဆိုတာတော့
မပါဘူး။ ဒါက ထူးခြားတယ်။ ခါတိုင်းဆိုရင် မလိုက်နာရင် ဘယ်လို
အရေးယူမယ်ဆိုတာ ပါတယ်။ နောက်တခုက နယ်လှည့် ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ကို
ဘာကြောင့် ထုတ်ရ သလဲလို့ ဆိုတော့ မြို့နယ်သံဃာ့နာယက
အဖွဲ့များအနေဖြင့် တရားပွဲများကို ခွင့်ပြုရာတွင် စိစစ်
ဆောင်ရွက်နိုင်ရန် ညွှန်ကြားချက်ပေးတယ်လို့ ပြောပါတယ်။ ဒီဟာက
မလိုလားအပ်ဘူး။ ဘာကြောင့်လဲဆိုတော့ သံဃာ တော်တော်များများကို
လိုက်မေးကြည့်တော့ နောက်ဆုံး တိုင်းသံဃာ့နာယကအဖွဲ့က ဆရာတော်
တချို့တောင် ဒါ မလိုလားအပ်တာတွေပါတဲ့။ ဓမ္မကထိက တပါးဖြစ်ဖို့ ဆိုတာ
နဂိုကတည်းက စာပေ၊ ပရိယတ္တိကျမ်းဂန်တွေကို ကျွမ်းကျင်တဲ့
ပုဂ္ဂိုလ်တွေမှသာ ဓမ္မကထိက ဆရာဖြစ်တယ်။ ရိုးရိုး စာသင်၊ စာချပြီးတော့
အောင်လက်မှတ်လေး ရရုံလောက်နဲ့တော့ မဖြစ်ပါဘူး။ ဒီလို ဓမ္မစရိယ
အောင်မှလို့ ပြောရင် ဦးဇင်းတို့ ထေရဝါဒသာသနာအရဆိုရင် ဘာအတန်းမှ
မအောင်ဘဲနဲ့ ရဟန္တာပုဂ္ဂိုလ်အနေနဲ့ ဆိုရင် ဘယ်လိုလုပ်မလဲ။
“ရဟန္တာပုဂ္ဂိုလ်
တောင်မှ တရားဟောခွင့်၊ သစ္စာ ၄ ပါးကို တကယ် ကိုယ်တိုင် မှန်ကန်စွာ
သိထားတဲ့ ရဟန်းတပါး အနေနဲ့တောင်မှ ပရိသတ် ၄ ပါးကို ပြန်လည်
ဟောကြားခွင့် မရှိတဲ့ ပုံစံမျိုး သက်ရောက်တာပေါ့။ အဓိကတော့
သာသနာကို သန့်ရှင်းပြန့်ပွား တည်တံ့လိုတဲ့ အရာထက်၊ လက်ရှိ
ရှိနေတဲ့ ရွှေညဝါနဲ့ ဒယ်အိုးဆရာတော်တို့ကို တရားဟောခွင့်
မပြုဘဲနဲ့ ပိတ်ထားရခြင်း အကြောင်းတရားက၊ လူတွေ၊ ရဟန်းတွေ၊
ပရိသတ်တွေ မေးလာတဲ့အခါမှာ တိတိကျကျ သူတို့ ဖြေကြားနိုင်ခြင်း
မရှိဘူး။ နိုင်ငံတော် သံဃာ့မဟာ နာယက အနေနဲ့ တကယ့်ကို
ဓမ္မဝိနည်းတော်နဲ့အညီ ပြန်လည် ဖြေကြားနိုင်တာ မရှိဘူး။ ဒီဥစ္စာကို
ထုတ်လိုက်တဲ့အတွက် ပြန်လည်ဖြေကြားဖို့ အချက်အလက် ရှိသွားတယ်ပေါ့။
လူမှုရေး၊ နိုင်ငံရေး၊ လောကီရေး ကိစ္စတွေကို မဟောရဘူး။
ရဟန်းတော်တွေက လောကီရေးကိစ္စတွေကို ဟောတဲ့အတွက်
မပေးနိုင်ဘူးဆိုတဲ့ အစီအစဉ်ကို အကြောင်းပြလိုခြင်း ဖြစ်တယ်လို့
ဦးဇင်းအနေနဲ့တော့ အဲလို ယုံကြည်လိုက်တယ်။ ဒါကို ထုတ်ခြင်းကြောင့်
ကောင်းတဲ့ ဓမ္မကထိကတွေက တကယ့်ကိုပဲ အနှစ်သာရရှိရှိ ဟောကြားနိုင်တဲ့
ဓမ္မကထိက ပိုလို့ ထွက်မလာပါဘူး။
“လက်ရှိမှာ
နာမည်ကြီးပြီး တကယ်ပဲ ဟောရေးပြောရေး ပိဋကတ် ၃ ပုံ၊
ဆဌသံဃာရတနာမူနဲ့ မဆန့်ကျင်ပဲနဲ့။ ဓမ္မာစရိယ မအောင်ဘဲနဲ့ ဟောနေတဲ့
သံဃာတော်တွေ၊ သူတို့က ချီးမြှင့်ထားတဲ့ ဓမ္မကထိက တရားဟောဆရာတော်၊
ဘွဲ့ရထားတဲ့ ဆရာတော်တွေထဲမှာ တောင်မှ ဓမ္မာစရိယ မပြီးသေးတဲ့
ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေ
အများကြီးရှိတော့ အခု ညွှန်ကြားချက် ထွက်လာတော့ အဲဒီပုဂ္ဂိုလ်တွေ
အနေနဲ့ ဘာဆက်ဖြစ်ကြမလဲ။ သူတို့ တရားဟောပွဲ အပိတ်ခံရပြီ။
သူတို့မှာလည်း ပရိသတ်တွေ ရှိနေတယ်။ နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ ၉
ချက်ကို ပြောလိုက်တဲ့အတွက် ဒီမှာ ကမ္မဌာနာစရိယဆရာတော်တွေ ရှိသေးတယ်။
အဲဒီဆရာတော်တွေ အနေနဲ့ ကျတော့လည်း ဒီလမ်းက ပြောစရာ ဖြစ်တယ်။
ကျမ်းဂန်တွေအရ နှံ့စပ်တဲ့ပုဂ္ဂိုလ်တွေသာလျှင် ဓမ္မကထိက ဖြစ်တယ်။
တရားဟောနိုင်တာ မှန်တယ်။ ဒါပေမယ့် ဓမ္မာစရိယ အောင်တိုင်း
တရားဟောနိုင်တာ မဟုတ်ဘူး။
“ဒါကို
မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထေရဝါဒ ရဟန်းတော်တွေအနေနဲ့ တော်တော်
သိထားတယ်လေ။ ဥပမာဆိုရင် စွန်းလွန်းဂူဆရာတော်တို့ ရဟန္တာဖြစ်တာပဲ။
သူတို့လည်း တရားတွေ ဟောသွားတာပဲ။ ဘာအတန်းမှ မအောင်ခဲ့ပါဘူး။ ဒါဟာ
မလိုအပ်ပါဘူး။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ သံဃာတော်တော်များများကို
ဦးဇင်းအနေနဲ့ ဖုန်းနဲ့လှမ်းမေးတော့ တသံတည်းပဲ ထွက်ကြတယ်။ ဒါဟာ
မလိုလားအပ်ပဲ လုပ်တာပဲ။ အဓိကတော့ နိုင်ငံရေး၊ စီးပွားရေး၊
လောကအရေးတွေ မဟောကြဖို့ ဆိုတော့ ဒါက ဘာနဲ့ဆန့်ကျင်လဲ ဆိုတော့
ဦးဇင်းတို့ ရတနာ့သုတ်၊ ပရိတ်ကြီးပါဠိတော် အဖွင့်မှာတင်
လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတာရှိတာပဲ။ ဒါလောကတ္ထစရိယကို
ပိတ်ပင်တာနဲ့ အတူတူပါပဲ။ ဒါကို သေချာ ဂဃနဏ ပြောလိုက်တော့
လျော့ရဲတယ်။ ဒီဟာကို မလိုက်နာရင် ဘယ်လို အပြစ်ပေးမယ် ဆိုတာတော့
မပါလာပါဘူး။”
တင်ပါ့ဘုရား။ ဒီဥစ္စာကစည်းကမ်း ၉ ချက်လား၊ လိုက်နာရမယ့် ဂုဏ်အင်္ဂါပေါ့။
“ဟုတ်ပါတယ်။ ဂုဏ်အင်္ဂါလို့ လှည့်သုံးထားပါတယ်။ စည်းကမ်းချက်လို့ မသုံးထားပါဘူး။”
ဂုဏ်အင်္ဂါထဲက
နေ ဓမ္မာစရိယ မအောင်ရင်ဆိုတဲ့ကိစ္စ အားလုံးကျန်တဲ့ အချက်အလက်တွေကကော
နည်းနည်းခြုံပြောပြပါလား။ တပည့်တော်တို့ လုံးလုံးမသိသေးလို့ပါ။
“ပြောချင်တာက
၁၀ ဝါ ပြည့်ရမယ်ဆိုတာက ထေရဝါဒသာသနာက ကျောင်းထိုင်ဘုန်းကြီး အင်္ဂါမှာ
၁၀ ဝါ ပြည့်ရမယ်။ ဝိနည်းတရားတွေကို နားလည်ထားရမယ် ဆိုတာတွေပေါ့။
ဒီမှာကျတော့ ၁၀ ဝါ ပြည့်ရမယ်။ ဓမ္မာစရိယ အောင်ရမယ်။ အဲဒါအပြင်ကို
ဆဋ္ဌသင်္ဂါယနာ မူအတိုင်း ပိဋကတ်တော်တွေ၊ ဌာကထာတော်တွေနဲ့ ဆန့်ကျင်ဘက်
မပြုရဘူး။ ဒါမျိုးတွေပါတယ်။ နိုင်ငံရေးကိစ္စ လုံးဝဟောကြားခြင်း
မပြုရဘူး။ လူမှုရေးကိစ္စ လုံးဝဟောပြောခြင်း မပြုရဘူး။
ပုဂ္ဂိုလ်ရေးအရ လုံးဝဟောပြောခြင်း မပြုရဘူး။ အစရှိတဲ့
စည်းကမ်းချက်တွေပေါ့။”
ဘုန်းဘုန်းတို့လက်ဝယ်ရထားတာ ရောက်ပြီလား။
“ရောက်ပါပြီ။
မြို့နယ်ကို ဒီနေ့မှပဲရောက်တယ်။ အခုန ဖုန်းဆက်တဲ့အချိန်မှာ
မရောက်သေးဘူး ပြောနေတုန်း အခုတော့ ရောက်နေပါတယ်။ ရောက်လာတော့
အဲဒီ ဂုဏ်အင်္ဂါ ၉ ချက် ဆိုပြီးတော့ အဲဒီတော့ အဲဒီ ဓမ္မစရိယ ဆရာတော်ကနေ
ပြီးတော့ သီလဝံသ ပုဂ္ဂိုလ်လည်း ဖြစ်ရပါမယ်ဆိုတဲ့အချက်ပေါ့။ ၉
ချက်ပေါ့။
“ပြန်ရွတ်ပြရမယ်
ဆိုရင်တော့ ၁၀ ဝါပြည့်ရမယ်။ ဓမ္မာစရိယ အောင်ထားရမယ်။
နိုင်ငံရေးကိစ္စ ထည့်မပြောရဘူး။ လောကီရေးရာကိစ္စ ထည့်မပြောရဘူး။
သီလဝံသ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဆဌသံဃာရတနာတော်လာ အဌာကထာတွေ သုတ္တန်တွေနဲ့
ဆန့်ကျင်ဘက် မပြုရဘူး။ အဲဒီလို အစရှိသဖြင့်ပေါ့။”
နောက်ဆိုရင်လည်း တနိုင်ငံလုံးနဲ့ တရားပွဲတွေလည်း
ခြိမ့်ခြိမ့်သဲကျင်းပတယ်ဆိုတော့ ဒီဥစ္စာနဲ့ပတ်သက်ပြီး
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပွဲတွေလည်း ဖြစ်လာနိုင်တာပေါ့။
“ဖြစ်နိုင်ပါတယ်။
ဘာလို့လည်းဆိုတော့ ပါမစ်ယူတဲ့ ကိစ္စပေါ့။ ဒီမှာပြောတာက
သံဃာ့နာယကတွေကို ညွှန်ကြား တယ်လို့ ပြောတာ။ တကယ်တော့
တရားဟောပါမစ်တွေက အစိုးရ အစဉ်အဆက် မဆလ ခေတ်ထဲက နအဖ၊ နဝတ၊
ပြည်ခိုင်ဖြိုးအထိ အာဏာပိုင်တွေကပဲ ဒီပွဲမိန့်ကို ပေးတာပါ။
ဦးဇင်းတို့ သံဃာ့နာယကအဖွဲ့တွေက ပွဲမိန့်ကို ပေးခြင်း မရှိပါဘူး။
ထောက်ခံမှု ပြုတာပဲ ရှိပါတယ်။ ဒီမှာတော့ စိစစ်နိုင်ရန် အတွက်လို့
ပြောတာပဲ။
ပကတိ
ဘုန်းဘုန်းတို့ သံဃာလောကမှာ နယ်လှည့်ကျင်းပနေတဲ့ သံဃာတော်တွေ
ဓမ္မာစရိယ မအောင်တဲ့ ပုဂ္ဂိုလ်အချိုးနဲ့ အောင်တဲ့ပုဂ္ဂိုလ်နဲ့ ဘယ်သူက
ပိုများလဲ ဘုရား။
“သူက
ခေတ်အဆက်ဆက် ပြောရရင် မအောင်တဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။
အောင်တဲ့ပုဂ္ဂိုလ်က နည်းပါ တယ်။ သီလရှင်တွေလည်း ပါတယ်။ လူ၊
ဓမ္မကထိကတွေ လည်းပါတယ်။ လူ၊ ဓမ္မကထိကတွေဆိုတာ ဓမ္မဇောတိကတို့ ဆိုတာ
တွေပေါ့။ ဆရာကြီး ဂိုအင်ကာတို့ အဲဒါတွေပါ ပါတာပေါ့။”
ဒါဆိုရင်သူတို့ တရားပွဲတွေက ဒီတိုင်းဆိုရင် ဂုဏ်အင်္ဂါနဲ့ မညီလို့ ပိတ်တာပါလို့ သက်သေပြစရာ ရှိသွားတာပေါ့နော်။
“အဲဒီလို ရှိသွားတာပါ။”
|
http://www.dhammaweb.net/MyanmarNews/view.php?id=178 |
Friday, April 6, 2012
သာသနာဖျက်ဆရာတော် မ ဟ န ကြီးများရဲ့အမိန့် .....တရားမဟောရ....
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment