Thursday, July 12, 2012

ထာဝရ သူငယ်ချင်းများဆိုက်မှ ကူးယူဖေါ်ပြပါသည်။

ကျွန်တော် သိလို့တတ်လို့တော့ မဟုတ်ဘူးခင်ဗျ။
ဖတ်မိသလောက်လေး ပြန်မျှပါတယ်ဗျာ။
(၁) လူခိုးမှုရာဇသတ်ကြီးပုဒ်မ ၃၆၃ - ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ် ၇ နှစ်ထိ
လူငယ်ချင်းဘယ်လောက်ပဲချစ်ချစ် အသက်၁၆နှစ်အောက်မိန်းကလေးက ခိုးရာလိုက်ပြေးလို့
မိဘသဘောမတူရင် လူခိုးမှုမြောက်ရောဗျ ။

(၂) ပုဒ်မ ၃၆၆
မိန်းကလေးက သဘောမတူပဲ အခြားတစ်ယောက်နဲ့ပေးစားဖို့ခိုးတာ ၊ သွေးဆောင်ခေါ်ယူတာ
(ဥပမာ-သူငယ်ချင်းကြိုက်နေတဲ့ ကောင်မလေးကို မိန်းကလေးအလိုမပါပဲ ၀ိုင်းခိုးပေးတာမျိုး။
မိန်းကလေးက သဘောမတူရင် ၊ အသက်မပြည့်ရင် အမှုဖြစ်သတဲ့ဗျ။)
ပိုဆိုးသွားတာက မိန်းကလေးတစ်ယောက်ကို သဘောမတူပဲ အခြားတစ်ယောက်နဲ့မတရားသဖြင့်
ကာမစပ်ယှက်ဖို့ ကြံစည်လုပ်ဆောင်တယ်ဆိုရင် ပုဒ်မ ၃၆၆-က နဲ့အရေးယူနိုင်ပြီး ထောင်ဒဏ်
၁၀နှစ်ထိ ချနိုင်ပါတယ်တဲ့။



(၃) ၁၉၄၉ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၆ မှာတော့ မိန်းမတစ်ယောက်ကို
ပြည့်တန်ဆာဖြစ်စေအောင် သွေးဆောင်တာ ၊ အနိုင်အထက်ပြုတာလုပ်ရင် ထောင်ဒဏ် ၃နှစ်
ထိချနိုင်တယ်လို့ ပြဌာန်းထားပါတယ်တဲ့ခင်ဗျ။

(၄) တကယ်လို့များ အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ပြည့်တန်ဆာပြုရန်အလို့ငှာ ရောင်းရင်
ပုဒ်မ ၃၇၂ ၊ ၀ယ်ရင် ပုဒ်မ ၃၇၃ နဲ့အရေးယူနိုင်ပြီး ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံစေနိုင်
ပါတယ်တဲ့ဗျာ ။

(၅) ဒီလိုမျိုးကျူးလွန်တာကို အရေးယူနိုင်တဲ့ ဥပဒေရှိပါသေးတယ်တဲ့။၂၀၀၅ ခုနှစ်မှာပြဌာန်းခဲ့တဲ့
(လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ) လို့ခေါ်ပါတယ် ။ ကျားဖြစ်စေ ၊ မဖြစ်စေ
ပြည့်တန်ဆာဖြစ်အောင် ၊ အခြားနည်းနဲ့ ကာမစပ်ယှက်စေအောင် ၊ အိမ်ဖော် ၊ကျွန်ဖြစ်အောင် ၊
ခန္ဓာကိုယ်အစိတ်အပိုင်းထုတ်ပေးအောင် တစ်နည်းနည်းနဲ့လုပ်ဆောင်ပြီး အဲဒီလုပ်ရပ်ပေါ်ကရတဲ့
အကျိုးအမြတ်ရယူဖို့ လုပ်ဆောင်တယ်ဆိုရင် လူကုန်ကူးမှုကျူးလွန်တာဖြစ်ပါတယ်။ ပုဒ်မ ၂၄ နဲ့
အရေးယူနိုင်ပြီး ထောင်ဒဏ် ၁၀နှစ်ကနေ တစ်သက်ထိ
ချနိုင်ပါတယ်။

(၆) ပုဒ်မ ၃၇၆ - မုဒိမ်းမှု (ထောင်ဒဏ် ၁၀နှစ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေအပြင် ငွေဒဏ်
လည်းကျခံစေနိုင်သည်။)

အဓမ္မလုယူခြင်း၊ နှစ်ဦးသဘောတူသော်လည်း အသက်မပြည့်ခြင်း ၊ ခွင့်ပြုချက်မရပဲ ရယူခြင်း
(တရားဝင်ပေါင်းသင်းနေသောဇနီးမယားဖြစ်စေ၊အခကြေးငွေနှင့်ခေါ်ယူထားသောအမျိုးသမီးဖြစ်စေ)

တကယ်လို့Rapeက ထမြောက်ခြင်းမရှိဘူးဆိုရင် ပုဒ်မ ၃၇၆/၅၁၁နဲ့အရေးယူလို့ရပါသေးတယ်။
အထမမြောက်ခြင်းထိမဟုတ်ပဲ ကြိုတင်ကြံစဉ်မှုအဆင့်ပဲရှိဦးမယ်ဆိုရင်တော့ ပုဒ်မ ၃၅၄ လို့
သတ်မှတ်ပါသတဲ့ဗျာ။

(၇) ပုဒ်မ ၃၅၄ - ကာယိနြေ္ဒပျက်စီးစေမှု

မိန်းကလေးတစ်ဦးကို အရှက်ကွဲအောင်လုပ်တာပါ။ ထိုင်နေတဲ့မိန်းကလေး မထိုင်ရဲတော့အောင်၊
သွားလာနေတဲ့မိန်းကလေး ဆက်မသွားလာရဲတော့အောင် အင်အားသုံးပြီး အနိုင်အထက်ပြုတာ
လက်ရောက်မှု ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီထက်ပိုရှင်းအောင်ပြောရရင်တော့ မိန်းကလေးကို
နစ်နာအောင် ၊ ကြောက်အောင် ၊ စိတ်ငြိုငြင်အောင်လုပ်တာမျိုးပါ။ယောက်ျားလေးကမိန်းကလေး
ကို လူရှေ့သူရှေ့ရည်းစားစာပေးတာမျိုး ၊ စကားလိုက်ပြောတာမျိုးဟာ မိန်းကလေးကျေနပ်ရင်
ဘာမှမဖြစ်ပေမဲ့ မကျေနပ်ရင်တော့ ဒီပုဒ်မနဲ့ ငြိပါတယ်တဲ့ခင်ဗျ။ လမ်းလျှောက်သွားနေတဲ့
မိန်းကလေး ခြေလှမ်းပျက်အောင် အော်ဟစ်နောက်ပြောင်လိုက်တာ ၊ ရှေ့ကတားဆီးလိုက်တာ
ခွေးနဲ့ရှုးတိုက်တာမျိုး စတဲ့ လုပ်ရပ်တွေဟာ မိန်းကလေးရဲ့ ကာယိအိနြေ္ဒကို ပျက်စီးစေပါတယ်။
တိုင်လို့ရပါတယ်။
(၈) ne;">ရာဇသတ်ကြီးပုဒ်မ ၄၅၆ - ထောင် ၃နှစ်

ချစ်သူကချိန်းလို့ ဟိုနားတွေ့ ဒီနားတွေ့က ပြဿနာမရှိပေမဲ့ ညအချိန် ချစ်သူကမိဘအိမ်မှာချိန်း
တာသွားတွေ့မိလို့ မိဘကမိသွားရင် တိုင်ချင်လို့တိုင်လိုက်လို့ကတော့ ၃နှစ်တဲ့ဗျနော။
(၉) ရာဇသတ်ကြီးပုဒ်မ ၄၅၂ - ထောင်ဒဏ် ၇ နှစ်
ကိုယ်ကြိတ်ကြိုက်နေတဲ့ ကောင်မလေးဆီလူကြီးတွေအလစ် အိမ်ပေါ်တက်လူပျိုစကားသွားပြော
ဖို့တော့မကြိုးစားမိလေနဲ့တဲ့ဗျ။ ရိုးသားစွာ သွားတယ်ပဲပြောပြော သူကမချစ်လို့ တိုင်ဟယ်
် တောဟယ်ဆိုရင်ဘာမဟုတ်ပဲနဲ့ ၇နှစ်ထိအောင် ဒဏ်

တစ်မျိုးမျိုးချလို့ရသတဲ့ခင်ဗျာ။(၁၀)ပုဒ်မ ၄၁၅ - အနည်းဆုံးထောင်ဒဏ် ၁နှစ်အပြင် ငွေဒဏ်ပါကျခံနိုင်သည်။
တရားဝင်လက်မထပ်ရသေးပဲ လိုချင်တာယူပြီးခါမှ လက်မထပ်နိုင်ဘူး ၊ လက်မထပ်နိုင်သေးပါဘူး
လုပ်လို့ အမျိုးသမီးကမကျေနပ်ဘဲ တိုင်ရင်ကျခံရမဲ့ ပြစ်ဒဏ်ပါတဲ့နော။

ကဲ ..... ကျွန်တော်တော့ ဖတ်မိသမျှဖောက်သည်ချလိုက်ပါပြီဗျာ....။
မှားတာရှိရင်လဲ ပြုပြင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။
သူငယ်ချင်းအားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ..။ ။

0 comments:

Post a Comment