Friday, August 30, 2013

အဖြူရောင်လွင်ပြင်မှ အမှတ်တရ စာစုများ အမှတ်စဉ်(၈) အမှာစာ



            အမှာစာ
          မနုဿတ္တ ဘာဝ ဒုလ္လဘ လူဘ၀သည် ရခဲပေသည်။လူဘ၀သည် အလွန်တန်ဖိုးရှိလှသည်ဟု အများလက်ခံထား ကြပါသည်။မိမိတို့ လက်ခံထားသည့်အတိုင်း တကယ် တန်ဖိုး ရှိအောင် နေ နိုင်ကြပြီလားဆိုတာကို သေချာစမ်းစစ်အဖြေရှာကြ ဖို့လိုပါသည်။မြတ်စွာဘုရားရှင်သည် မိမိတို့ဘ၀ ကိုတန်ဖိုး ရှိစေရန် အမြဲဟောဖေါ်ညွှန်ပြဆို ဆုံးမလေ့၇ှိပါသည်။မြတ်စွာဘုရား ညွှန်ပြသည့် လမ်းကို မိမိတို့ တ ကယ်လျှောက် လှမ်းနေနိုင်ကြပြီလားဆိုတာသည် မိမိတို့ပေါ်မှာမူ တည်ပါသည်။ လမ်းကောင်းရှိပါ လျက် မိမိတို့ မလျှောက် လှမ်းကြဘူးဆိုလျှင် လမ်းမှာ အပြစ်မရှိ မလျှောက်လှမ်းသူ မိမိတို့မှာ သာ အပြစ်ရှိပါသည်။
          မိမိတို့ဘ၀ အောင်မြင်တိုးတက်ကြီးပွါးရေးအတွက် လျှောက်လှမ်းကြမည်ဆိုလျှင် မိမိတကယ်ဖြစ်ချင်သော ဘ၀ပန်းတိုင် တစ်ခုချမှတ်ပါ။ပြီးရင်မိမိစိတ်ဓါတ်ကို ရင့်ကျန်ခိုင်မာအောင် အမြဲမွေးမြူပါ။ ဘယ်အရာမဆိုမမွေးမြူပဲမကြီးထွားပါဘူး။တလောက လုံး၇ှိလူတွေကို မေးကြည့်ပါ၊ကြီးပွါးချမ်းသာ ချင်ပါသ လား၊ အောင်မြင်သောသူဖြစ်ချင်ပါသလား၊ တန်ဖိုး၇ှိသောသူဖြစ်ချင်ပါ သလားဆိုလျှင် ၉၉.၉ သည် ဟုတ်ကဲ့ကြီးပွါးချင်ပါသည်၊ အောင်မြင်ချင်ပါသည်၊တန်ဖိုး၇ှိချင်ပါသည်ဟု ဖြေကြပါလိမ့်မည်။ဒါဖြင့် တကယ် အောင်မြင်ကြီးပွါး ချမ်းသာ တန်ဖိုးရှိကြသောသူတွေက လူနည်းစုဖြစ်ပြီး မအောင်မြင်သူတွေ တန်ဖိုးမ၇ှိ သူတွေက များနေရပါ သနည်းဆိုလျှင် အဖြေကရှင်းပါသည်။တကယ်ပန်းတိုင်ရှိပြီး မိမိပန်း တိုင်ကို ရောက် ရှိရေးအတွက် စားလည်းဒီစိတ် အိပ် လည်းဒီစိတ် ထိုင်လည်းဒီစိတ်တွေးလည်းဒီစိတ်ဖြင့် မိမိစိတ် ဓါတ်တွေကို ကြာလေ ပိုမိုရင့်သန်လေဖြစ်အောင်လေ့ကျင့်နေသော သူများသည် သူတို့ကို အဲဒီစိတ်ဓါတ်က ဆွဲဆောင်ခေါ်ဆောင် သွားသောကြောင့် အောင်မြင်ကြခြင်း တန်ဖိုး၇ှိကြခြင်းဖြစ်ပါသည်။ ထိုကဲ့စိတ် ထားဖြင့် တ ကယ် ကြိုး စား သူများ ကား အနည်းစုသာဖြစ်ပေသည်။
          မအောင်မြင်ကြသော တန်ဖိုးမ၇ှိကြသော လူအများစုသည် ပန်းတိုင်တွေက များလွန်အားကြီးသည်။မိမိဘာဖြစ်ချင်မှန်း ကောင်းကောင်းမသိ အောင်မြင်တဲ့သူတွေ့ရင် အောင်မြင်ချင်တယ်၊ ချမ်းသာတဲ့သူတွေ့ရင် ချမ်းသာချင်တယ်၊ တန်ဖိုးရှိတဲ့ သူတွေကို တွေ့ရင် တန်ဖိုးရှိချင်တယ်။ ဒါပေမဲ့ သူရဲ့ဖြစ်ချင်မှုတွေသည် မွန်းတည့်အောင်မခံ တဒင်္ဂ တခဏဖြင့်ကွယ်ပျောက် ကုန်သည်။ဟိုဟာဖြစ်ချင်သလိုလို ဒီဟာဖြစ်ချင် သလိုလိုဖြင့် ယောင်ခြောက်ဆယ်ဖြစ်နေသည်။ဘယ်အရာမှစွဲစွဲမြဲမြဲမ၇ှိ လေတိုက် တိုင်းယိမ်းနေသည်။ ဟိုလူက ဒါဆိုပါသွားသည်။ဒီလူက ဒါဆိုပါသွားပြန်သည်။ဒါပေမဲ့မယ်မယ်ရရ ဒီတစ်ခုကို အားစိုက်ပြီးအား ထုတ်ပါကြိုးစားပါဆို တော့တဆိုက်မက်မက်စိတ်မရှိ ရေသာခိုချင်သည်။ အချောင်လိုချင်သည် ။ရေသာခိုချင်စိတ်အချောင်လိုချင်စိတ်ဖြင့်ဘယ်တော့မှအောင်မြင်မှုပန်းတိုင်ကိုမရောက် နိုင်ပါ။တန်ဖိုးရှိသော သူမဖြစ်နိုင်ပါ။ဒါဆိုရင် မနုဿတ္တ ဘာဝ ဒုလ္လဘ လူဘ၀သည် ရခဲသည် တန်ဖိုး၇ှိ သည် ဆိုသည်မှာ သူနဲ့မဆိုင်တော့ပါ။
          အခြားသူများ တန်ဖိုးရှိသောသူများစာရင်းတွင် ပါဝင်ခြင်းမပါဝင်ခြင်းသည် ကိုယ်နှင့်မဆိုင်ပါ။သူ့ဘ၀သူအကြောင်း ဖြစ်ပါသည်။သူ့ရဲ့ရွေးချယ်မှုလျှောက်လှမ်းမှုဖြစ်ပါသည်။ကိုယ့်ဘ၀သည်ကိုယ်နှင့်သာဆိုင်ပါသည်။အခုပြောလိုသည်မှာ ဘ၀မှာ တကယ်အောင်မြင်ချင်သောသူများ တကယ်တန်ဖိုးရှိလိုသော သူများ အတွက် ပြောကြားလိုခြင်းဖြစ်ပါသည်။မိမိကိုယ်ကို တကယ် တန်ဖိုး တွေရှိလာအောင် လုပ်ဆောင်သော အရာများရှိပါသည်။မိမိခန္ဓာကိုယ်မှာ ကွန်ပျူတာလိုပဲ အင်ပွတ် (input)နဲ့ အောက်ပွတ်(output) နှစ်မျိုးရှိပါသည်။မိမိ ခန္ဓာကိုယ်ကြီးထဲကို အင်ပွတ် (input)လုပ်သော အရာများ မှာ နားနှင့်မျက်စိဖြစ်ပါသည်။ မိမိပိုင်ဆိုင်ထားသော တနေ့တာ ၂၄ နာရီတွင် မိမိမျက်စိသည် ဘာတွေဖတ်ပြီး အင်ပွတ် လုပ်နေသလဲ သေချာစမ်းစစ်ပါ။ တန်ဖိုးရှိသော စာပေတွေလား ဒါမှမဟုတ်တန်ဖိုးမဲ့ သောအရာတွေကို ကြည့်ရင်းနဲ့ အချိန်ကုန်နေတာလား သေချာစီစစ်ပါပြီးထည့်ပါ။ မိမိပိုင်ဆိုင်ထားသော နားသည်လည်း ထိုနည်း လည်းကောင်း ဘာတွေများများနား ထောင်ပြီးထည့်နေသနည်း။တန်ဖိုးရှိသော တရားများလား၊ စာပေဟောပြောပွဲများ လား၊ သြ၀ါဒစကားများလားဒါမှမဟုတ် တန်းဖိုးမရှိသော အတင်းအဖြင်းစကားများလား တန်ဖိုးမဲ့ အသံတွေလား ဆိုတာသေချာစီစစ်ပြီးမှထည့်ပါ။သင့်ခန္ဓာကိုယ်ထဲ ဦးနှောက်ထဲ နှလုံးသားထဲကို တန်ဖိုးမဲ့သော အရာများများ ထည့်ထားလျှင် သင်ရဲ့ခန္ဓာကိုယ်မှအောက်ပွတ် အပြင် သို့ပြန်ထုတ် ရတော့ မည်ဆိုလျှင် သင်၏ပါးစပ်မှ တန်ဖိုးမဲ့စကားတွေအတင်းအဖျင်းတွေ များများပြောပါလိမ့်မည်။ တန်ဖိုးမဲ့ သော စာ တွေ ကို သင်၏လက်မှ များများရေးပါ တော့မည်။ ဒါဆိုလျှင် သင် သည် ကျိမ်းသေမုချ ကျဆုံးသော သူ မအောင်မြင် သောသူ မကြီးပွါးသောသူ တန်ဖိုးမဲ့သောသူ ဖြစ်ပါ့လိမ့်မည်။
          တန်ဖိုးရှိသော စာပေများကို ဖတ်၇ှုခြင်း၊ တန်ဖိုးရှိသော စာပေဟောပြောပွဲများကို နားထောင်ခြင်း၊ တန်ဖိုး၇ှိသော သြ၀ါဒ စကားများကို နားထောင်ခြင်း၊ ပညာရှိများထံမှ အကြံဥာဏ်ကောင်းများ နည်းနာနိသျများ ရှားမှီးပြီး ထည့်ခြင်းမှတ်သားခြင်းများ ဖြင့် မိမိခန္ဓာကိုယ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံးသာထဲကိုထည့်ထားမည်ဆိုလျှင် သင့်ခန္ဓာကိုယ်မှ အောက်ပို့စ် အပြင်သို့ပြန်ထုတ် မည်ဆိုလျှင် သင်၏ပါးစပ်သည် တန်ဖိုးရှိသော စကားများ တန်ဖိုးမဖြတ်နိုင်သောစကားများကို ပြောကြားလာနိုင်ပါလိမ့်မည်။သင် ၏ကလောင်လက်သည်လည်း လူတွေအတွက် တန်ဖိုးရှိသော ကဗျာ၊ ဆောင်းပါး၊၀တ္ထု၊ကာတွန့် စသောတန်ဖိုးရှိသော တန်ဖိုးမ ဖြတ်နိုင်သော စာပေများကို ရေးသားဖြန့်ဝေပေးလာနိုင်လိမ့်မည်ဖြစ်ပါသည်။ဒါဆိုရင်သင်သည် လောကမှာ အောင်မြင်သောသူ တန်ဖိုးရှိသောလူများစာရင်းတွင်ဝင်သွားပါလိမ့်မည်။ယခုသင့်ဘ၀ကို တန်ဖိုးရှိသောလမ်းကို လျှောက်လှမ်းနိုင်ဖို့ သင့်ရဲ့ဖတ်မှတ် ထားသော နားထောင်ထားသော တန်ဖိုးရှိအရာများကို ပြန်လည်ဖြန့်ဝေရေးသားပေးနိုင်ဖို့ ကလောင်သစ်များ မွေးဖွါးသန့်စင် ပေးရာဌာနဖြစ်သော အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများစာအုပ်တွင် ဆက်လက်ပြီး ကလောင်များသွေးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းနိုးဆော်ရင်း……………………………………..
                                                                             မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment