“ကစားမလား။ နားမလား။”
ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး
ကျွန်တော်ဟာ နှစ်ကာလတစ်ခုကြာ မိမိယုံကြည်ချက်ကြောင့် သော်လည်းကောင်း၊
နိုင်ငံရေးလှုပ်ရှား မှုကြောင့်သော် လည်းကောင်း မတရားဖမ်းဆီးအထိန်းသိမ်းခံရာကနေ
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဖြစ်လဲ
လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ချို့ နဲ့ လူမှုရေးလုပ်ငန်းနယ်ပယ်တော် တော်များများမှာ
ထိတွေ့လုပ်ကိုင်ခွင့်ရ ရှိခဲ့ပါတယ်။ လူမှုရေးမှာ သူတို့တွေ
တက်ကြွလှုပ်ရှားပါဝင်လာတာဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ နိမ့်ကျလာနေတဲ့ ကျွန်တော်တို့
လူ့အဖွဲ့အစည်းအတွက် အလွန်ဘဲကောင်းမွန်သလို၊ ပိုလည်းထိရောက်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို ပြည်တွင်းမှာ ပိုမိုနိုးကြားလာစေတာလည်း အားလုံးမျက်မြင်ပါဘဲ။
အဲဒီမှာ
ကျွန်တော်သုံးသပ်မိတာတစ်ခုရှိပါ တယ်။ အခုထောက်ပြဆွေးနွေးချင်တာကတော့
နိုင်ငံရေးအကျဉ်းသားဟောင်း သို့မဟုတ် မြန့်မာဒီမိုကရေစီဖြစ်ပေါ်တိုး တက်လာရေးအတွက်
မိမိဘဝကို အသက်ကိုပဓါနမထားဘဲ ဦးဆောင်လှုပ်ရှားနေ တယ်လို့၊ လှုပ်ရှားခဲ့တယ်လို့
မိမိကိုယ်ကိုခံယူထားတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေ၊ ပါတီဝင်တွေကို ပြောချင်
ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ လူတော်တွေမရှားတာတော့သေချာတယ်။ လူကောင်းတော့
တော်တော်လေး ရှား ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဘာလို့ကျွန်တော်အဲလိုပြောရလည်း ဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့လူမှုနယ် ပယ် အ
သီးသီးမှာ လူတော်တွေ အများကြီးပါ။ ဒါပေမယ့် အဲဒီလူတော်တွေဟာ
တိုင်းပြည်ရဲ့အခြေအနေနဲ့ အံဝင်ခွင် ကျရပ် တည်ဦးဆောင် နိုင်တဲ့
လူကောင်းတွေဖြစ်မလာကြပါဘူး။ အတ္တဗဟိုပြုပြီး တော်နေသူတွေအများကြီးပါ။ ဒါကို လုံးဝ
လက် မခံဘူးဆိုရင်တောင် ငြင်းမရတဲ့အမှန်တရားတစ်ခုလို့ေ တာ့
သုံးသပ်မယ်လို့ယုံကြည်ပါတယ်။ နောက် ဒါဟာ လူ့သဘာဝဘဲ လို့ လည်း ပြောလို့ရပါတယ်။