Monday, May 28, 2012

ခောတ်လူများ၏မှတ်စု ဂျာနယ် အမှတ်စဉ် (၇)ဓမ္မစကား



တန်ဖိုး၇ှိသောစကားများ ပြောတတ်ကြပြီလား……
     မြတ်စွာဘုရားရှင်ဟောာကြားခဲ့သောတရားတော်များသည် ဓမ္မခန္ခာအားဖြင့် ၈၄၀၀၀ ကျန်ရှိနေခဲ့ပါသည်။မြတ်စွာဘုရားဟော ကြားတော်မူခဲ့သောတရားတော်များကို ယနေ့ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်များနှင့်ပညာရှင်များအသီးသီးက မှန်ကန်တယ် ကောင်းမြတ်တယ် တန်ဖိုးရှိတယ်လို့ ၀ိုင်းဝန်းထောက်ခံပြောဆိုနေကြပါတယ်။ဒါကိုသေချာစွာလေ့လာစမ်းစစ်ဖို့လိုပါတယ်။
          မိမိတို့သည် ဗုဒ္ဓဘုရားရှင်၏တပည့်များဖြစ်သည့်အတွက် ကိုယ့်ဆရာရဲ့ညွှန်ပြထားသောအဆုံးအမ တရားတော်များကို  သေချာလေ့လာဖို့လိုပါတယ်။မြတ်စွာဘုရားရားရှင်သည်စကားအရာနှင့်ပတ်သတ်ပြီး တော်တော်လေး ညွှန်ပြသင်ပြတော် မူပါတယ်။ မြတ်စွာ ဘုရားရှင်ကိုယ်တိုင်လည်းပဲ လူလောကတွင် အများပြောဆိုနေကြသော စကား (၆) ခွန်းရှိရာတွင် မြတ်စွာဘုရားရှင်သည် အကျိုးမရှိသော တန်ဖိုးမ၇ှိသော စကား(၄)ခွန်းကို ပယ်ပြီး အကျိုးရှိသော တန်ဖိုးရှိသော စကား နှစ်ခွန်းကိုသာလျှင်ပြော ဆိုခဲ့ပါတယ်။ မိမိတို့ ပြောဆိုနေကြသောစကားများကိုလည်း တန်ဖိုး၇ှိချင်ပါသည်ဆိုလျှင် မတ်စွာဘုရားရှင်၏လမ်းစဉ်နှင့် ကိုက်ညီပါသလားဆိုတာကို သေချာစီစစ်ဖို့လိုပါတယ်။
မြတ်စွာဘုရားရှင်မပြောပဲ ပယ်ခဲ့သောစကား (၄) ခွန်းမှာ
၁။အကျိုးမ၇ှိဘူး မမှန်ဘူး သူတစ်ပါးမနှစ်သက်ဘူး။
၂။ အကျိုးမရှိဘူး မမှန်ဘူး သူတစ်ပါးနှစ်သက်တယ်။
၃ ။ အကျိုးမ၇ှိဘူး မှန်တယ် သူတစ်ပါးမနှစ်သက်ဘူး။
၎။ အကျိုးမ၇ှိဘူး မှန်တယ် သူတစ်ပါးနှစ်သက်တယ်။မြတ်စွာဘုရားရှင်သည် ထိုစကားလေး ခွန်းကို လုံးဝအကျိုးမ၇ှိတဲ့အတွက် ဘယ်တော့မှမပြောပါဘူး။မိမိတို့ကိုယ်ကိုမိမိတို့သေချာစွာ ပြန်လည်စမ်းစစ်ပါ။ အကျိုးမ၇ှိပေမဲ့ သူများနှစ်သက်ရင် ကြိုက်ရင် ပြီးရောဆိုပြီး ဘယ်လောက်ပြောခဲ့မိသလဲ။အကျိုးမ၇ှိတဲ့စကားတွေပြောခဲ့လို့ တန်ဖိုးကျသွားသူတွေ အများကြီးပါ။မိမိစကားပြော ခါနီးမှာ သေချာစွာဥာဏ်ပညာနှင့်ယှဉ်နှိုင်းချိန်ပြီးမှပြောဖို့လိုပါတယ်။
  မြန်မာနိုင်ငံသားအများစုကြီးကတော့ ကျနော် ကျမတို့ဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်၊ ဗုဒ္ဓရဲ့တပည့်တွေဖြစ်ကြပါတယ်လို့ ဂုဏ်ယူပြီးပြောနေကြပေမဲ့ ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်ကြပါသ လားဆိုတော့မလိုက်ကြတာများပါတယ်။ဗုဒ္ဓက မပြောသင့်လို့အကျိုးမရှိလို့ ပယ်ခဲ့တဲ့စကားတွေကိုပဲသွင်သွင်ကြီးသုံးစွဲနေကြပါ တယ်။လူတွေတစ်ယေက်နှင့်တစ်ယောက်တွေ့ပြီဟေ့ဆိုရင် နှစ်လုံး၊သုံးလုံး ချဲအကြောင်း ဘောလုံးပွဲလောင်းကစားအကြောင်း ၊နွားတိုက် ကြက်တိုက်သည့်အကြောင်းနှင့် သူများအတင်း အဖျင်း စသည့်အကြောင်းတွေကိုပြောရင်းနဲ့ အချိန်ကုန် နေကြတာ များပါတယ်။ တချို့ဆိုအကျိုးမရှိတဲ့စကားတွေကို ပြောနေရတာကိုပဲ အရသာတွေ့ ဂုဏ်ယူနေကြပါသေးတယ်။ဟီရိ ဆိုတဲ့ ၇ှက်ရကောင်းမှန်းလဲမသိတော့ပါဘူး။ ငါဒီတန်ဖိုးမ၇ှိတဲ့စကားတွေကိုပြောရင် ငါဘ၀တန်ဖိုးကျမယ်၊ ပြီးတော့မိမိရွာ မိမိမြို့ မိမိ နိုင်ငံ နှင့်မိမိကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဘုရားသာသနာတော်ကြီး မိမိကြောင့် ဂုဏ်သိက္ခာကျစရာတွေဖြစ်သွားနိုင်တယ် ဆိုတာကို လေးလေးနက်နက်မစဉ်းကြတော့ပါဘူး။ပေါ့ပေါ့တန်တန်ပဲသဘောထားကာ အချီးနှီး အကျိုးမရှိစကားတွေကိုပဲ ပြောနေကြတာများပါတယ်။ဒါကြောင့်လဲ မြန်မာနိုင်ငံသားများဟာ တန်ဖိုးမဲ့သူတွေများလာပြီး ရောက်လေရာအထင်သေးခံ လာရပါတယ်။မြန်မာလူမျိုးများအချင်းချင်းမတည့်ကြဘူး ကွဲပြဲကြတယ်ဆိုတာလဲ တန်ဖိုးမ၇ှိစကားတွေကို အပြောများကြတော့ တစ်ယောက်နှင့်တစ်ယောက် မခံမရပ်နိုင်တွေဖြစ်ကာ ငြင်းကြခုံကြ ရန်တွေဖြစ်ကြလို့ဖြစ်ပါတယ်။ မိမိတို့ဘ၀ကို တန်ဖိုးရှိ စေချင်တယ်ဆို ရင်ဗုဒ္ဓဘုရားရှင် သည် ဘယ်လိုစကားတွေပြောခဲ့တာလဲဆိုတာကိုလဲ လေ့လာဖို့လိုပါတယ်။
မြတ်စွာဘုရားရှင်ပြောခဲ့သော စကားနှစ်ခွန်းမှာ…
၁။အကျိုးရှိတယ် မှန်တယ် သူတစ်ပါးနှစ်သက်တယ်။
၂။အကျိုးရှိတယ် မှန်တယ် သူတစ်ပါးမနှစ်သက်ဘူး။ဒီစကားနှစ်ခွန်းကိုဘာလို့ပြောသလဲဆိုရင် အကျိုးလည်း၇ှိတယ် မှန်လည်း မှန်တယ်၊သည်အတွက်ကြောင့်ပြောဆိုခြင်းဖြစ်ပါတယ်။မြတ်စွာဘု၇ားရှင်လက်ထက်က ပုဏ္ဏားတစ်ယောက်က မေးလျှောက် ဖူးပါတယ် အရှင်ဘုရား အကျိုးရှိတယ် မှန်တယ် သူတစ်ပါးနှစ်သက်တယ်ဆိုတဲ့စကားနဲ့ပတ်သတ်ပြီး အထူးမေးလျှောက်
စရာ မရှိပါ ဘုရား။ ဒါပေမဲ့ အကျိုးရှိတယ် မှန်တယ် သူတစ်ပါးမနှစ်သက်တဲ့စကားကို ဘာလို့ပြောဆိုပါသလဲဘုရားလို့ မြတ်စွာ ဘုရားကို မေး လျှောက်တဲ့အခါမှာ မြတ်စွာဘုရားက ဥပမာနှင့် တကွရှင်းပြပါတယ်။အသင်ပုဏ္ဏားရဲ့ရှေ့မှာ ကလေးငယ် တစ်ယောက်ဟာ ပုလင်း ကွဲစတစ်ခုကို ပါးစပ်ထဲကောက်ထည့်ပြီးမျိုးနေပြီဆိုရင် သင်ပုဏ္ဏားဘယ်လိုလုပ်မလဲတဲ့ ..အဲဒီလိုမေးတဲ့ အခါမှာ ပုဏ္ဏားက အရှင် ဘုရား တပည်တော် ကလေးရဲ့ဦးခေါင်းကို သေချာချုပ်ကိုင်ပြီး သွေးသံရဲရဲနဲ့ပဲ မရရအောင်ထုတ်ယူရပါမယ်ဘုရား။အဘယ့် ကြောင့်ဤသို့ပြုရပါသလဲလို့မေးတဲ့အခါမှာ ပုဏ္ဏားက မှန်ပါ ..ကလေးမကြိုက်ပေမဲ့ ကလေးရဲ့အသက်ရှင်ရေးအကျိုး၇ှိဖို့အတွက် ကလေးငယ်ငိုနေတဲ့ကြားထဲက တပည့်တော်ရအောင် ထုတ်ယူရပါတယ်ဘုရား။ ဟုတ်တယ်ပုဏ္ဏား ငါဘုရားလည်း တစ်ချို့ စကားတွေမှာ သူတို့မနှစ်သက်ပေမဲ့ သူတို့အကျိုး၇ှိဖို့ကိုရည်ရွယ်ပြီး ပြောဆိုရတယ်ပုဏ္ဏားလို့ ပြောပြခဲ့ပါတယ်။ ဒါကို သီ၇ီလင်္ကာနိုင်ငံမှာ လက်တွေ့အသုံးချလိုက်တဲ့ တပည့်တစ်ပါးပေါ်ခဲ့ပါတယ်။ သီရီလင်္ကာနိုင်ငံမှာ ဆရာတော်ကြီးတစ်ပါးဟာ အင်မတန်စာတတ်ပါတယ်။စာဝါတွေအချိန်ပြည့်ပို့ချ သင်ကြားပေးလေ့ရှိပါတယ်။  
           သူသင်ပြပေးတာတွေနဲ့ကျင့်ကြလို့ ရဟန္တာတွေ ဖြစ်သွားကြတာ လဲမနည်းပါဘူး။ ဒီအထဲမှာ သူ့ရဲ့တပည့်တပါးက သူ့ဆရာရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ တရားထူး မရသေးတာ ကိုတွေ့ရပါတယ်။ အဲဒီမှာ တပည့်ဖြစ်သူက ဆရာထံလာပြီး အရှင်ဘုရားတပည်တော်ကို စာပေဂါထာ တစ်ခု လောက်မေးပါရစေ အဘယ်ချိန်အားပါသလဲဆိုတော့ ဘယ်အချိန်မှမအားဘူး စာဝါချိန်တွေပြည့်နေတယ်။အဲဒီအခါ မှာ တပည့်ဖြစ်သူက အရှင်ဘုရား သေမဲ့အချိန် (ပြန်တော်မူမဲ့အချိန်) ကောအားပါရဲ့လားလို့မေးတဲ့အခါမှာ ဆရာတော်ကြီးက စကားကြမ်းလို့မကြိုက်နှစ်သက်ပေမဲ့ သူ့အတွက်အကျိုးရှိတဲ့မှန်တဲ့စကားဖြစ်နေတဲ့အတွက် သတိသံဝေဂရပြီးတရားအားထုတ် လိုက်တာ ရဟန္တာဖြစ်သွားပါတယ်။ဒါပေမဲ့ ယနေ့မဟန ဆရာတော်ကြီးများကတော့ ဘယ်သူတွေက ဘယ်လောက်ထောက်ပြ ပြောဆိုကြပေမဲ့ တရားမ၇တဲ့အပြင် ဒေါသတွေထွက်ပြီး သံဃာတွေပေါ်မှာ အမိန့်တွေတစ်ခုပြီးတစ်ခုတိုးပြီးထုတ်နေတာ ရှက်စရာကောင်းလှပါတယ်။သူတော်ကောင်းတွေကတော့ မြတ်စွာဘုရားစကားတော်တွေကို မြေ၀ယ်မကျနားထောင်ပြီး ကျင့်ကြံကြပေမဲ့ မြန်မာနိုင်ငံမှာကတော့ မဟန ဆရာတော်ကြီးတွေနေစပြီး ဟိုးအောက်ဆုံးအဆင့်လူတွေအထိအောင် တော်တော်များများကဘုရားရှင်နဲ့ဆန့်ကျင်ဘက်ပြုမူပြောဆိုကျင့်ကြံနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကြီးဟာ ကမ္ဘာ့အလယ်မှာ တနေ့တခြား အောက်ကျနောက်ကျဖြစ်ကာ မြန်မာဟေ့ဆိုရင် သူများအထင်သေးခံရ စော်ကားခံရ မျက်နှာငယ်ရဖြစ်နေကြရပါတယ်။မြတ်စွာဘုရားရှင်က စကားပြောဆိုခြင်းအတတ်ပညာဟာ အရမ်းအရေးအကြဲီးတဲ့အတွက် အမြဲပြောဆိုသင်ပြပေမဲ့ မြန်မာလူမျိုးအများစုသည် မလိုက်နာကြပဲ ဘုရား၇ှင်နဲ့ဆန့်ကျင်ဘက်တွေ အဆိုးတွေ အကြမ်းတွေ ပိန်ဖျင်းတဲ့စကားတွေ အကျိုးမ၇ှိမမှန်ကန်တဲ့စကားတွေကိုပဲ ပြောနေကြပါတယ်။မှန်ကန်တဲ့ ကောင်းမြတ်တဲ့အကျိုးရှိတဲ့ တန်ဖိုး၇ှိတဲ့စကားတွေကို ပြောနိုင်ဖို့ဆိုတာလဲ စာပေတွေဖတ်မှတ်ရပါမယ်။လေ့လာသင်ယူရပါမယ်။တရားတော်တွေနာယူရပါ မယ်။စာပေဟောပြောပွဲတွေနားထောင်၇ပါမယ်။ပညာရှိတွေထံချင်းကပ် သိချင်တာတွေမေးမြန်းပြီးသိအောင် ပညာရအောင်ကြိုး စားရပါမယ်။မိမိရင်ထဲကို တန်ဖိုးရှိတာတွေများများထည့်ထားမှ တန်ဖိုး၇ှိတာတွေများများ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။မိမိ၇င်ထဲ တန်ဖိုးမဲ့စေတဲ့ နှစ်လုံးသုံးလုံး ဘောလုံး အတင်းအဖျင်း နဲ့ဘိုးတော် ဘွားတော်တွေ နတ်ကတော်တွေရဲ့စကားတွေပဲ မိမိရင်ထဲထည့်ထားကြမယ်ဆို၇င်တော့ မိမိထွက်မဲ့စကားတွေကလည်း တန်ဖိုးမဲ့စကားတွေပဲဖြစ်နေကြမှာပဲ။
မြတ်စွာဘုရားရှင်က တန်ဖိုးမဲ့တဲ့စကားတွေကို ပြောပြီးတန်ဖိုးတွေကျမှာဆိုးလို့ မုသာဝါဒ၀ိ၇တိ၊ ကတိမတည် လိမ်ညာလှည့်ဖြား  ကောက်ကျစ်လှည့်ပတ်တဲ့စကားတွေမပြောနဲ့၊ ပိသုဏ၀ါစာဝိရတိ၊အချင်းချင်းမတည့်အောင် ဂုဏ်းတိုက်စကားတွေမပြောနဲ့၊ ဖရုသ၀ါစာဝိရတိ၊ကြမ်းတမ်း ဆဲေ၇း ၇ိုင်းပြတဲ့စကားတွေမပြောနဲ့၊ သမ္ဖပ္ပလာပ၀ိရတိ၊ သူများမကောင်းကြောင်း အတင်းအဖျင်း ပိန်ဖျင်း အနှစ်မ၇ှိ တန်ဖိုးမဲ့စကားတွေမပြောနဲ့ လို့အဖန်ဖန်အထပ်ထပ် ဟောပြောဆုံးမပေးခဲ့ပါတယ်။စကားအရာမှာ လိမ္မာယဉ် ကျေးဖို့ တန်ဖိုးရှိတဲ့စကားတွေကိုပြောနိုင်ဖို့ ဇာတ်နိပါတ်တွေအသီးသီး နှိုင်းယှဉ်ပြပြီးဆိုဆုံးမတော်မူခဲ့ပါတယ်။ဒါပေမဲ့ လိုက်နာ ကျင့်သုံးမှုမ၇ှိတာကိုတွေ့နေရပါတယ်။မြတ်စွာဘုရားရှင်၏တရားတော်တွေသည် ဖတ်ရှု့ထားရုံ အာဂုဏ်ကျက်ထားရုံ မှတ်ထားရုံ နဲ့ကျေနပ်ရမဲ့တရားတွေမဟုတ်ပါဘူး။လက်တွေ့လိုက်နာကျင့်ကြံပွါးများရမည့်တရားတော်တွေဖြစ်ပါတယ်။လက်တွေ့ကျင့်ကြံမှုမပါပဲ နာကြားကာမျှ ဖတ်ရှုကာမျှဖြင့် ကျေနပ်နေကြမည်ဆိုလျှင် မျောက်အုန်းသီးရသလို ဘာလုပ်ရမှန်းမသိတော့ အပြင်ကအခွံကြီးကို ကိုက်စားပြီး အရသာလဲမရှိဘူး ဖန်တယ်ဆိုပြီးလွှတ်ပစ်မိကြပါလိမ့်မည်။ အတွင်းကအရသာကို တကယ်သိတဲ့သူများနိုင်ငံတွေက အပြင်အခွံကို ခွါပစ်လို့ အထဲေ၇ာက်အောင်သွားတဲ့အတွက် ချိုမြတဲ့ အုန်းေ၇ကို လည်းသောက်ရ အသားကို လည်းစားရပါတယ်။ မိမိတို့မှာတော့ ယနေ့ထိအခွံတွေအကာတွေ နဲ့ပဲကျေနပ်နေကြမည် ဆိုလျှင်မြတ်စွာဘုရား၇ှင်ရဲ့သာသနာနဲ့တွေ့၇ကျိုးမနပ်ပဲ ဘု၇ားပြောတဲ့စကားနဲ့ပြော၇မည်ဆိုလျှင် မောဃပု၇ိသ ဘာမှတန်ဖိုးမ၇ှိ အချီးနှီးသော ပုဂ္ဂိုလ်အဖြစ်နဲ့ နိဂုဏ်းချုပ်သွားကြရပါလိမ့်မယ်။တန်ဖိုး၇ှိချင်သောသူများအတွက် အမှား လမ်းများမှ အမှန်တရား လမ်းစဉ်များ လျှောက်လှမ်းနိုင်အောင် မြတ်စွာဘုရားရှင်၏ အဆုံးအမများကို မေတ္တာရှေ့ထား ညွှန်ပြ ရခြင်းဖြစ်ပါတယ်။
                   အမှားလမ်းစဉ်များကိုပယ်စွန့်ကာ အမှန်လမ်းစဉ်သို့ေ၇ာက်အောင်လျှေက်လှမ်း၍ မိမိလူမျိုး မိမိနိုင်ငံ မိမိဘာသာ သာသနာတော်အတွက် တန်ဖိုးရှိသော သူများဖြစ်နိုင်ကြပါစေဟုဆန္ဒပြုရင်း……….
                                                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


0 comments:

Post a Comment