Thursday, July 1, 2010

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင်၅

ဥာဏ်စမ်းပဟေဠိလေးတွေဖြေကြတာ တွေ့ရလို့အများကြီးဝမ်းသာပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
အဖြေတွေက တော်တော်များများမှန်ကြပါတယ်။ဗဟုသုတလည်းရှိတော်တဲ့သူတွေများလို့ပါ။စာရေးသူ
တို့ငယ်ငယ်က သူငယ်ချင်းတွေတစ်ယောက်တစ်လှည့်ဆီ မေးခွန်းမေးဖြေတွေလုပ်ကြတာ အင်မတန်
ပျော်စရာလည်းကောင်း ဗဟုသုတလည်းရ ဥာဏ်ပညာလည်းတိုးတက်ပါတယ်။စာရေးသူအနေနဲ့တိုက်
တွန်းချင်တာက အဖြေကိုမိမိ ဥာဏ်စွမ်းရှိသလောက်မှားမှားမှန်မှန် ဖြေပေးစေချင်ပါတယ်။
အခုတစ်ခါမေးချင်တာကတော့ ဗဟုသုတ မေးခွန်းပဲဖြစ်ပါတယ်။အလံတွေနဲ့ ပတ်သတ်ပြီးမေးမှာဖြစ်ပါ တယ်။နိုင်ငံတော်အလံ၊အဖွဲ့စည်းကိုယ်စားပြုအလံတွေ သူအဓိပ္ပါယ်နဲ့သူရှိကြပါတယ်။ဒီလိုပဲ စာရေးသူ
တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကိုယ်စားပြု သာသနာ့အလံကလဲ အဓိပ္ပါယ်တွေရှိနေပါတယ်။မိမိတို့သာ
သာသနာ့အလံနဲ့ပတ်သတ်ပြီးလေ့လာဘူးသူတွေရှိမယ်။မလေ့လာဘူးသူတွေလည်းရှိမယ်။လေ့လာ
ဘူးသူတွေက မလေ့လာဘူးသူတွေကို ဗဟုသုတမျှဝေမဲ့မေးခွန်းလေးဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့
မေးခွန်းတွေဟာမိမိ အရည်အချင်းကိုစမ်းသပ်တဲ့မှတ်ကျောက်ဖြစ်ပါတယ်။မှတ်ကျောက်တင်နိုင်ကြပါစေ။
၁။သာသနာ့အလံကိုမည်သည့်ပုဂ္ဂိုလ် မည်သည့်နိုင်ငံသားကစတင်တည်ထွင်ခဲ့ပါသနည်း။
၂။ဘယ်နှစ်ခုနှစ်မှာစတင်တည်ထွင်ခဲ့ပါသနည်း။
၃။သာသနာ့အလံပေါ်တွင်ရှိသောအရောင်များသည် ဘာကိုကိုယ်စားပြုထားပါသနည်း။
ဆွေနွေးအကြံပြုချင်ပါသည် ……ထိုင်းနိုင်ငံပြည်သူပြည်သားများသည် သူတို့ဘုရင်ကိုတအားလေးစား
ကြပါသည်။တအားလေးစားခြင်းကိုအသိအမှတ်ပြုသောအားဖြင့် သူတို့ဘုရင်တံဆိပ်ပါ အ၀ါရောင်အလံများ
ကိုတစ်နိုင်ငံလုံး အိမ်တွေ၊ကျောင်းတွေ၊ဘုရားတွေ၊လမ်းတွေ၊ဆေးရုံတွေ၊နေရာတိုင်းမှာစိုက်ထူကြသည်။
အ၀ါရောင်အင်္ကျီများကို ၀တ်ကြသည် လက်မှာပတ်ကြသည် ဆောင်သွားကြသည်။
စာရေးသူတို့နိုင်ငံမှာလည်း သံဃာတော်တွေသည်မိမိအသက်ကိုပေးကာ အင်္ဂလိပ်လက်ထက်မှသည် ယနေ့ခောတ်အထိခောတ်အဆက်ဆက်သာသနာ့တော်ကိုအသက်ပေးကာကွယ်ခဲ့ကြသည်။
သာသနာတော်ကြီးမပျောက်ပျက်ပဲယနေ့ထက်ထိ ကိုးကွယ်ဆည်းကပ်နေနိုင်ခြင်းမှာသံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးတွေကြောင့်ဖြစ်ပါသည်။သံဃာ တော်တွေသည်ပြည်သူပြည်သားတွေအတွက်တကယ် လေးစားစရာဖြစ်သည်။သံဃာတော်များသည် ယနေ့အန္တရာယ်ကျရောက်နေပါသည်။အချို့လူဝတ် မလဲချင်ဘဲလူဝတ်လဲကြရသည်။တချို့ပုန်းနေကြရသည်။တချို့ထွက်ပြေးနေကြရသည်။သံဃာတော်
များမရှိတော့လျှင် မိမိတို့ကိုးကွယ်ရာ သာသနာတော်လည်းရှိတော့မည်မဟုတ်ပေ။သာသနာတော်သည်
မိမိတို့ဗုဒ္ဓဘာသာတွေ့ရဲ့အသက်ဖြစ်သည်။သာသနာမရှိလျှင်မိမိ အသက်ရှင်ခြင်းသည်လည်း အချီးအနှီး
အသက်ရှင်ခြင်းပင်ဖြစ်ပေသည်။ဒါကြောင့်မိမိသာသနာတော်ကြီးမပျောက်ပျက်ရအောင်
မိမိတို့ကုယ်စီကိုယ်စီတာဝန်အသီးသီးရှိကြပါသည်။တာဝန်သိသူသည် တာဝန်ရှိပါသည်။တာဝန်ကို
သူတော်ကောင်း သူမြတ်
လောင်းအာဇာနည်တွေသာ သိကြပါသည်၊ သိသည့်အလျောက်လည်းပေးစပ်ကြပါသည်။မိမိသာသနာ
တော်ကြီးကို လေးစားအသိအမှတ်ပြုသောအားဖြင့် သာသနာ့အောင်လံတံခွန်ဖြစ်သော သာသနာ့
အလံများကို အိမ်များ၊ကျောင်းများ၊ဘုရားများ၊လမ်းများ စသည့်နေရာအနှံ့အပြား တွင်စိုက်ထူးပေးခြင်း၊
သာသနာ့စက္ကူအလံများကို နံရံများတွင်ကပ်ခြင်း၊ဘုရားရင်ပြင်များပေါ်တွင်ကျဲဖြန့်ခြင်း၊လူအများအား
ဆောင်ထားရန်ဖြန့်ဝေခြင်း၊ လက်ဆင့်ကမ်းဖြန့်ဝေ ပြောကြားပေးခြင်းဖြင့်ဝိုင်းဝန်းကာတက်ညီလက်ညီ
ကြိုးစားဆောင်ရွက်ပေးကြပါရန်တိုက်တွန်းနိုးဆော်ပန်ကြားအပ်ပါသည်။
သာသနာ့အောင်လံလွင့်ထူကြလော့
ဒို့ပြည်ဒို့ရွာ
ဒို့သာသနာကို
ဒို့ကာကွယ်ဖို့အသိ
ဒို့မှာတာဝန်ရှိပြီမို့
ဒို့သာသနာ မကွယ်ပရေး
ဒို့အရေး
ဒို့သာသနာ့အန္တရာယ်
ဒို့ကာကွယ်
ဒို့သာသနာ့အလံ
ဒို့အောင်လံမို့
ဒို့ဘုရားကျောင်းကန်
ဒို့အိမ်ပါမကျန်
ဒို့ရဲ့အောင်လံ
ဒို့သာသနာ့အလံကို
ဒို့ရဟန်းပြည်သူ
ဒို့စိုက်ကာထူမည်
အဓမ္မဘေးဝေးပါစေ
မသူတော်ဘေးဝေးပါစေ။ ။
ဦးကင်း

0 comments:

Post a Comment