Tuesday, July 27, 2010

ခွပ်ဒေါင်းအာဇာနည်စိတ်ဓါတ်

်နှလုံးသားကိုတံတားခင်း
အသက်နဲ့ရင်းရတဲ့လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီအရေးတော်ပုံမှာ
တိုင်းပြည်အတွက်အသက်ကိုပေးစပ်
အမြဲမပြတ်တိုက်ခဲ့တဲ့
ခွပ်ဒေါင်းဇာနည်တွေရဲ့စိတ်ဓါတ်
တကယ်မွန်မြတ်တယ်ဆိုတာ
အားလုံးအသိပဲသူငယ်ချင်း
တိုက်ပွဲမှာ မကျခင်က
မှာကြားခဲ့တဲ့ ခွပ်ဒေါင်းပျိုတွေရဲ့စကား
တိုင်းပြည်လွပ်လပ်ရေး မရသေးသ၍
ငါ့ကိုဘယ်တော့မှ အမျှမပေးနဲ့တဲ့
ခွပ်ဒေါင်းဇာနည်တွေရဲ့
ရဲရင့်ပြတ်သားတဲ့စကား
ဒို့နားဝမှာ အမြဲကြားနေရတယ်သူငယ်ချင်း
ဒါကြောင့်…..စစ်မိစ္ဆာတွေရဲ့အောက်
ဘယ်တုံးကမှ ဒူးမထောက်လက်မမြောက်
ကျောင်းနံရံတစ်ဝိုက်ဒေါင်းအလံတွေပြန်စိုက်နိုင်အောင်
အသက်ကိုပေးဘ၀ကိုစတေးရင်း
အဆုံးအဖြတ်တိုက်ပွဲမှာ အနိုင်ဆင်နွှဲကြစို့သူငယ်ချင်း……
ကျောင်းသားတပ်မတော်မှတိုက်ပွဲဝင်လျက်ရှိသောခွပ်ဒေါင်းရဲဘော်များအတွက်
ဂုဏ်ပြုသောအားဖြင့်……
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment