Saturday, September 11, 2010

သီအိုလိုဂျီ မလိုကြောင်း စတီဖင်ဟော့ကင်း ပြော

လက်ရှိ ကမ္ဘာ့ နံပါတ်တစ် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက ဘုရားသခင်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းနှင့် ရှေးဟောင်း ဘာသာရေးဆိုင်ရာ လေ့လာမှုပညာ (theology) မလိုအပ်တော့ကြောင်း သူ့ရဲ့ စာအုပ်အသစ် The Grand Design တွင် ဖော်ပြလိုက်သည်။

သောကြာနေ့ CNN သတင်းဌာနမှ လာရီကင်းနှင့် အင်တဗျူးတွင် အသက် ၆၈ နှစ်ရှိ ဟော့ကင်းက “ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊ ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း ရှင်းပြနိုင်တယ်” ဟု ဆိုသည်။

သူ့စာအုပ်တွင် ကမ္ဘာမြေဆွဲငင်အား တည်ရှိမှု၊ နေတစ်ခုကို ဂြိုဟ်များက လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့ နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်တွင် တည်ရှိနေခြင်းဖြစ်ကြောင်း ထောက်ပြသည်။ အဲဒီသဘောအရ စကြာဝဠာဟာ သူ့ဖာသာ ဖန်ဆင်းတာ ဖြစ်တယ်၊ ဘယ်အရာကမှ ဖန်ဆင်းတာ မဟုတ်ဘူး။ စကြာဝဠာနှင့် လူသားတွေ တည်ရှိခြင်းဟာ ‘အလိုအလျောက် ဖန်ဆင်းခြင်း’ (spontaneous creation) ကြောင့် ဖြစ်တယ်ဟု ရေးသားထားသည်။

ဟော့ကင်းက “အရင်က ဘာသာရေး လွှမ်းမိုးချုပ်ကိုင်ထားတဲ့ မေးခွန်းတွေကို သိပ္ပံပညာက ဖြေပေးလာနေတယ်။ အရင်က ဖြေရှင်းမရတဲ့ ပုစ္ဆာတိုင်း ဘုရားသခင်ဆီ ခေါင်းငှါးကြရတယ်။ အခု သိပ္ပံနည်းကျ ချည်းကပ်မှုကသာ ပြီးပြည့်စုံတယ်။ ဘာသာရေး သီအိုလိုဂျီတွေ မလိုတော့ပါဘူး” ဟု လာရီကင်းကို ရှင်းပြသည်။

ယခု သူ့စာအုပ်မှာ စကြာဝဠာ ဖွဲ့စည်းလည်ပတ်နေပုံနှင့် လူသားတွေမှာ စကြ၀ဠာရဲ့ မည်သည့်နေရာတွင် ရှိပုံ တို့ကို တင်ပြထားသည်။သူ့အယူအဆမှာ M-theory အပေါ် အခြေခံကြောင်း ပြောသည်။ M-theory ဆိုသည်မှာ ‘ဂေါဒ့် ဖန်ဆင်းတာ မဟုတ်ဘဲ၊ ဘာမှမရှိတာထဲမှ ထွက်ပေါ်လာသော စကြ၀ဠာများကို’ ဆိုလိုသည်။ M-theory သည် အရာရာတိုင်းအတွက် သီအိုရီ တစ်ခု (a theory of everything) ဖြစ်သည်။

ဟော့ကင်း အမြင်က “စကြာဝဠာတွေဟာ ဘာမှ မရှိတာတွေထဲက ထွက်လာတာ။ အခြေခံကိုက ဘာမှကို မရှိတာ ဖြစ်တဲ့အတွက် တစုံတရာ ရှိပါတယ်လို့ ပြောမယ့် ဂေါဒ့် မလိုတော့၊ ဂေါ့ဒ် ၀င်ပါစရာ မလိုတော့” ဟု တင်ပြသည်။

စတီဖင်ဟော့ကင်း စာအုပ်အသစ်မှာ ကမ္ဘာအနှံရှိ ပရိတ်သတ်များကြား ပွဲဆူနေပြီး၊ ယခုလို ခရစ်ယာန် ဘာသာနှင့် အစ္စလမ်ဘာသာ ဂေါ့ဒ် အားပြိုင်မှုများ ကြီးမားနေသော ကာလတွင် သိပ္ပံပညာသည် မည့်သည့်ဂေါ့ဒ်မှ မလိုအပ်ကြောင်း သီအိုရီအထောက်အထားနှင့် ရေးသားတင်ပြချက် ဖြစ်သည်။

သတင်း CNN
စတီဖင်ဟော့ကင်း နှင့် CNN တွေ့ ဆုံမှု ကို ဤနေရာတွင် ကြည့်ရှု နိုင်သည်/
http://freedomnewsgroup.com/

0 comments:

Post a Comment