Monday, December 13, 2010

ိုကိုးလေးလုံးဆရာတော် အရှင်နေမိန္ဒ အကျဉ်းထောင်မှာပျံလွန်တော်မူ

နိုင်ငံရေး အကျဉ်းသားများ

2010-12-11 RFA

ကိုးလေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင် တယ်ဆိုပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာ လမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံ ခဲ့ရတဲ့ ပဲခူးမြို့ သနပ်ပင်ဇာတိ သံဃာ တော် အရှင်နေမိန္ဒဟာ မော်လမြိုင် အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူ သွားပါတယ်။

အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းသံဃာ ဘ၀နဲ့ပဲ သိက္ခာပုဒ်ကို ဆက်လက်စောင့်ထိန်းပြီး နေထိုင်ခဲ့တယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မော်လမြိုင်အကျဉ်းထောင်မှာ အနာတွေပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မပေးခဲ့ဘူးလို့လည်း သိရပါတယ်။

ထောင်ဒဏ်ကျခံနေရချိန်မှာ အခုလို ပျံလွန်သွားတဲ့ အရှင်နေမိန္ဒနဲ့ ပတ်သက်လို့ RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

0 comments:

Post a Comment