Thursday, September 27, 2012

သူတို့လေးတွေရဲ့ဘ၀ ဘယ်သူတွေမှာတာဝန်ရှိသလဲ



   ၁၉၉၈ ခုနှစ်ဝန်းကျင် စာရေးသူ နိုင် ငံတော်ပရိ ယတ္တိသာသနာ့ တက္ကသိုလ်ကိုတက်ရောက်ပညာသင်ကြားနေစဉ်က အတွေ့အ ကြုံတကယ့်အဖြစ် အပျက်လေး တစ်ခုကို ဆွေးနွေးတင်ပြချင်ပါသည်။စာရေးသူသည်ငယ်စဉ်ကိုရင်ဘ၀တည်းက သူငယ်ချင်း တွေနဲ့ အမေး အဖြေဆွေးနွေးပွဲတွေလုပ်ရတာကို သဘောကျကြိုက်နှစ်သက်ပါသည်။ တဖြည်းဖြည်းနဲ့စာတွေ ကိုမှတ်ရင်းဖတ် ရင်းဆွေးနွေးဖိတ်ခေါ်ရင်းဖြင့် ကျောင်း သူကျောင်းသူကျောင်း သားများပါ ၀င်ရောက် ပါဝင်ကာ မေးခွန်း များမေးမြန်းဆွေးနွေး လာပါ သည်။ဒီအ ထဲမှာ မေးခွန်းတွေ လည်းတော်တော်စုံသလို သူတို့တွေရဲ့ ဘာသာသာသ နာနဲ့ပတ်သတ်ပြီးမြင်နေ ကြတဲ့ အမြင်တွေအယူအ ဆတွေကိုလည်း တင်ပြဆွေးနွေးလာပါသည်။
          စာရေးသူ သာသနာ့တက္ကသိုလ်စာမေးပွဲဖြေပြီးလို့ မိမိတို့မြို့စာသင်တိုက်ကိုပြန်ပြီးခေတ္တသီတင်းသုံးနေချိန်ဖြစ်ပါ သည်။စာရေးသူရဲ့ ရဟန်းဒါယကာ သားအောင်အောင် နဲ့သူ့သူငယ်ချင်း စာရေး သူကျောင်းမှာ ရောက်နေ တာသိလို့ သူတို့  ရောက်ချလာပါသည်။အောင်အောင်က ဦးဇင်းလေးဒါတပည့်တော်လျှောက်ပြထားတဲ့ ထားဝယ်က တပည့်တော်နှင့်ကျောင်း နေဘက် စက်မှုတက္ကသိုလ် တတိယနှစ်ကျောင်းသားလေ သံဃာတော်တွေကို မဆည်းကပ်မကိုးကွယ်တော့ဘူး စွန့်လိုက်ပြီ ဆိုတာသူပေါ၊့ သူကိုပြောဆိုဆုံးမပေးပါအုံးဘု ရား။အောင်အောင်သည်သူငယ်ချင်းကောင်းပီသပေသည် သူ့သူငယ်ချင်းကို လမ်းမှားမရောက်စေချင်ပါ၊ သူတတ်နိုင်သမျှပြောဆိုဆွေးနွေးပြခဲ့ပါသည် မရပါ။ဘယ်လိုမှပြောပြစည်းရုံးလို့မရတော့ကြောင်း ကိုအရင်က ပြောပြထားတာရှိလို့ စာရေးသူက သိလိုက်ပါသည်။ 

          သူ့သူငယ်ချင်းကလည်း သူပြောသလိုပါပဲ စာရေးသူနဲ့တွေ့တဲ့အချိန်မှာ သံဃာတော်တွေကိုလုံးဝမကန်တော့ပါဘူး။ စာရေးသူရဲ့အကြောင်းကို အောင်အောင်ပြောပြထားလို့သာ သူလိုက်လာတဲ့အကြောင်းလည်းသူပြောပါသည်။အောင်အောင် ကသူ့သူငယ်ချင်းကို မိတ်ဆတ်ပေးပြီးတဲ့အခါမှာ စာရေးသူက သူ့သူငယ်ချင်းကို အေးလို့ဦးဇင်းကို ပွင့်ပွင့်လင်း လင်းသိချင်တာ လျှောက်စရာရှိတာတွေ မေးစရာရှိတာတွေပွင့်လင်းလင်း မေးမြန်းဆွေးနွေး လို့ရတယ်။လူငယ်တွေနဲ့ ဦးဇင်းဟာ ဒီလိုပဲ အမြဲ မေးမြန်းဆွေးနွေးနေကြတာပဲလို့စာရေးသူက စတင်မိတ်ဆတ် ပြောပေးလိုက်ပါတယ်။ မင်းရဲ့သူငယ် ချင်းအောင်အောင်က မင်းအကြောင်းကို တချို့ပြောပြထားလို့ တချို့တ၀က်တော့ သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ဦးဇင်းအ ကြောင်းစုံမသိ ရသေးဘူးလို့ ဖြစ်နိုင်မယ်ဆိုရင် မိဘနှစ်ပါးလုံးက ဗုဒ္ဓဘာသာဖြစ်တယ် မိမိလည်းဗုဒ္ဓဘာသာဖြစ်ခဲ့ပြီးတော့ အခုမှ ဘာလို့သံဃာတော်တွေကို မကန်တော့ပဲ စွန့်ပြစ်လိုက်ရတယ်ဆိုတာကို ဦးဇင်း အပြည့်အစုံသိချင်ပါ တယ်လို့ ဦးဇင်းက လမ်းဖွင့်ပေးလိုက်ပါတယ်။
          အဲဒီမှာ သူအားလုံးရင်ဖွင့်ပြပါတယ်။တပည်တော်က ကျောင်းသားဆိုတော့ သူငယ်ချင်းတွေထဲမှာ မွတ်စလင်ဘာသာ ၀င်တွေကော ခရစ်ယန်ဘာသာ ၀င်တွေကော အကုန်ပါပါတယ် ဘုရား။တနေ့ တပည့်တော်တို့စကားပြောဆိုဆွေးနွေးကြစဉ် သူ့ဘာသာကောင်းတယ် ငါ့ဘာ သာကောင်း တယ်နဲ့ ငြင်းခုန်ကြရင်း တပည်တော်ကို သူုတို့ကထောက်ပြလာပါတယ်။မင်း တို့ကိုးကွယ် တဲ့ဘုန်းကြီးတွေက မင်းတို့ကိုသာ  လော ဘနည်းဖို့ ဒေါသ နည်းဖို့ ပေးကမ်းစွန့်ကြဲလှူ ဒါန်းဖို့တဖွဖွပြောဟော နေကြပေမဲ့ မင်းတို့ဘုန်းကြီးတွေ က လောဘ ဒေါသ မောဟ အလွန်ကြီးကြောင်းကို သူတို့က ထောက်ပြပြောဆိုလာပါ တယ်။တ  ပည်တော်က လုံးဝမဟုတ်တဲ့အကြောင်းပြောဆိုငြင်းခုံတဲ့အခါမှာ သူတို့က မင်းမယုံရင် မင်းတို့ ဘုန်းကြီးတွေ ဘယ်လို နေကြတယ်ဆိုတာကို ငါတို့အထောက်အထားတွေနဲ့လိုက်ပြမယ်ဆိုပြီး ဘုန်းကြီးတွေ အချင်းချင်း ကျောင်းတွေလု ရောင်းစား ရန်ဖြစ်နေကြတာတွေ ချဲလောင်း ဘောလောင်း ဖဲရိုက် ချဲထိုင်ကိုင်နေတဲ့ ဘုန်းကြီးတွေ အရက် သောက်မူးရစ်နေတဲ့ဘုန်းကြီး တွေ အိမ်တကာ လှည့်ပြီးပိုက်ဆံလိုက်တောင်းနေတဲ့ဘုန်းကြီးတွေကို တကယ် လိုက်ပြပါ တယ်။ တကယ်လိုက်ကြည့်တော့ သူတို့ပြောတဲ့အတိုင်းတကယ်ဖြစ်နေပါတယ်။တပည့်တော် အနေနဲ့ဘယ် လိုမှပြန် မပြောပြတတ် အောင်ဖြစ်ပြီးတော်တော် လည်း၇ှက်ဖြစ်သွားပါတယ်။ ဒါကြောင့် သူတို့ပြောတဲ့အ တိုင်းဟုတ်နေလို့မ ကိုးကွယ်သင့်ဘူး မကန်တော့သင့်ဘူးထင်လို့တ ပည့်တော် မကန်တော့ခြင်းဖြစ်ပါတယ်ဘုရား။သူလျှောက်ပြကာမှသေချာ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဘုန်းကြီးတွေကလည်း မဟုတ်ဘူးလားဆိုတော့ ဟုတ်နေပြန်တော့ဘယ်လိုပြန်ရှင်းပြရမလဲလို့ ချက်ချင်းအဖြေထုတ်ရပါတယ်။ဒါဟာသာသနာတော်အတွက်အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုလူငယ်များ ကို အခြားဘာသာတွေက ထောက်ပြပြောဆိုစည်းရုံးသွားလို့ ပါသွားတဲ့ ဗုဒ္ဓဘာသာလူ ငယ်တွေဘယ်လောက်များပြီလဲ ဘယ်သူ မှမပြောနိုင်ပါဘူး။စာရေးသူထံသို့ရောက်လာကြသည်မှာ အင်တန်နည်းပါးတဲ့ အရေအတွက်မျှသာဖြစ်ပါတယ်။ သံဃာ တော်အရှင်မြတ်များဘုရား အရှင်ဘုရားများလဲ ထိုကဲ့သို့ပြဿနာများကြုံလာခဲ့သော်မည်ကဲ့သို့ဖြေ၇ှင်းပြောဆိုပြမည်ဆိုတာ ကိုတပည်တော်သိချင်ပါသည်ဘုရား………………….ဤနေရာမှာခေတ္တရပ်၍ကိုယ်ကိုတိုင်အဖြေပေးကြည့်စေချင်ပါသည်။အဲဒီ အဖြေများကိုလည်း တပည့်တော်ဆီတင်ပြဆွေးနွေးပေးမည်ဆိုလျှင်တပည့်တော်လက်ကမ်းကြိုဆိုလျက်ရှိပါသည်ဘုရား။ တပည့်တော်အဲဒီလူငယ်လေးကို ဆက်လက်ဆွေးနွေးပြောသွားသည်များကိုလည်း ရေးပြပါမည်ဘုရား။တပည်တော်က ဆက်လက်ပြီးတော့ သူ့ကိုပြောပြပါတယ်။ အေးကွာအခုလိုပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေး တဲ့အတွက်ကျေးဇူးတင် ပါတယ်လို့ ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပါတယ်။အေးဟုတ်တယ် မောင်ရင်က အဲဒီအကျင့်ပျက်ဘုန်းကြီးများကို ကိုယ်တိုင်တွေ့ပြီးမကြည်ညိုခြင်းဖြစ်တယ်၊အိန္ဒိယပြည်မှာအသောကမင်းကြီးလက်ထက်ကဆိုရင် သူရဲ့ညီတော် အိမ်ရှေ့မင်း သားက သူတောကစားထွက်စဉ်မှာ မြင်ကွင်းတစ်ခုကိုသွားတွေ့ပါတယ်။မြင်ကွင်းက သမင်မ နဲ့သမင်ဖို ဖိုမရာဂ ပျော်ပါးနေ ကြတာဖြစ်ပါတယ်။အိမ်ရှေ့မင်းသားကစဉ်းစားတယ် ငါသူတို့ကို လေးနှင့်ပြစ်ဖို့ချိန်နေတာ သူတို့အသက်အန္တရာယ်ကို တောင်သတိမထားနိုင်ကြဘူး။ဖိုမရာဂ ပျော်ပါးနေကြတယ်။ဒီသမင်တွေ အရသာမရှိတဲ့မြက်ကိုစားပြီးတောင် ဒီလောက်ကာမ ရာဂ ထကြွသောင်းကြမ်းနေကြရင် ငါ့နောင်တော်ကိုးကွယ်တဲ့ သံဃာတော်တွေဆိုရင် လူတွေကပ်တဲ့ ထောပတ်ဆီဦးတင်လဲ  စားကောင်းသောက် ဖွယ်တွေစားနေကြတာဆိုတော့ ဘယ်လောက်ကာမဂုဏ်တွေ ထကြွသောင်းကြမ်းနေကြ မလဲပေါ့။ ဒါနဲ့သူ  တစ်ခါတည်းစဉ်းစားဆုံးဖြတ်ပြီး နန်းတော်ကိုပြန် လာခဲ့ပါတယ်။ နန်းတော် ကို ရောက်တော့ သူ့နောင်တော်ဆီအခစားဝင် ရောက်ပြီး သူတွေ့ခဲ့တဲ့ သမင်မနှင့်သ မင်ဖိုရဲ့ အဖြစ်အပျက်ကို လျှောက်ပြကာ နောင်တော်ကိုးကွယ်နေတဲ့ သံဃာတော်တွေ ဟာ အရ သာကေင်းတွေစားသုံးနေကြတဲ့အတွက် ကာမဂုဏ်တွေ ထကြွသောင်းကြမ်းနေကြမှာဖြစ်တဲ့ အတွက် မကိုးကွယ် သင့်ကြောင်းကိုလျှောက်ထားပါတယ်။ အသောကမင်းကြီးက သူ့ညီတော်တစ်ယောက်လုံးက အကြောင်းအကျိုးပြလျှောက် ထားနေပေမဲ့ သံဃာတော်တွေပေါ်သူကြည်ညို ဆည်းကပ်နေတဲ့စိတ် ထားလုံးဝပြောင်းမသွားပါဘူး။ အခုခေတ်ဗုဒ္ဓဘာသာအ ယောင်ဆောင် နိုင်ငံအုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများနဲ့တော့ကွာပါ့။အသောကမင်းကြီးကပြောပါတယ်။အေးတဲ့ဒါက မင်းအယူ အဆနှင့်မင်းတဲ့ ငါကြည်ညိုတာက ကြည်ညိုတာပဲတဲ့ အေးသွားတဲ့။
          အသောကမင်းကြီးကတနေ့မှာတော့ သူ့ညီရဲ့ အပြစ်တစ်ခုကိုတွေ့ပါတယ်။တွေ့တော့ သူ့ညီကိုအမိန့်တစ်ခုချ မှတ်ပါတယ်။မင်းမှာအပြစ်ရှိတယ် ဒါပေမဲ့ မင်းကငါ့ရဲ့ညီတော်လည်းဖြစ်နေတဲ့အတွက်နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ် မင်းကို ၇ ရက်စည်းစိမ်ချမ်းသာခံစားခွင့်ပေးမယ် ။ကြိုက်သလိုခံစားပျော်ပါးပြီးနေပါ၊ ဒါပေမဲ့ ၇ ရက်ပြည့်နေ့ ကျရင် တော့မင်းကို သတ်ရလိမ့်မယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ဒီလိုနဲ့ ၇ ရက်ပြည့်တဲ့နေ့မှာ ညီတော်ကို ရှေ့တော်သွင်း စေဆိုပြီး ခေါ်တဲ့အ ခါကျတော့ သူ့ညီတော်ဟာသူထင်သလိုမဟုတ်ပဲ ပိန်လှီနေတာကိုတွေ့တဲ့အတွက် မေးပါတယ်။ ညီတော် ဘယ် လိုဖြစ်သလဲ ၇ ရက်အတွင်းစည်းစိမ်ချမ်းသာတွေခံစားပျော်ပါးပြီး ခန္ဓာကိုယ်ဝဖြိုးနေမယ်ထင်တာ ဘာကြောင့် ပိန်ကြုံလှီနေရပါသလဲ မေးတော့ မှန်လှပါအ၇ှင်မင်းကြီး၊ ကျွန်တောမျိုးသည် ၇ ရက်ပြည့်ရင် သေရမယ်ဆိုတာ သိနေတဲ့အတွက် ကောင်းကောင်း လဲစား သောက်လို့မရပါဘူး။ ကာမဂုဏ်လည်း ပျော်ပါးချင်တဲ့စိတ် မရှိပါဘူးအ၇ှင် မင်းကြီးလို့ လျှောက်ထားတဲ့အခါမှာ အသော ကမင်းကြီးက သူ့ညီတော်ကို ပြောလိုက်တဲ့စကား အင်မတန် မှတ်သားစ ရာ ကောင်း လှပါတယ်။ မင်းကြီးပြောလိုက်တာကတော့ “ဒီမယ်ညီတော် ညီတော်က ၇ ရက်ပြည့်မှသေ မယ်ဆိုတာ ကိုသိတာ တောင်မှကောင်းကောင်းစားလို့မရ ကာမဂုဏ်ပျော်ပါး လို့မရဖြစ်သေးတယ်။ မင်းရဲ့နောင်တော် ငါကိုးကွယ် နေ့တဲ့ သံဃာတော်တွေက သေချင်းတရားကို ၇ ရက်မဟုတ်ဘူး ဆန့် သောလက်မကွေးမီ ကွေးသော လက်မဆန့် မီသေ ဆုံးနိုင် တယ်လို့ သေချင်းတရားမရဏာနုဿတိကမဌာန်းကို ရှု့မှတ်ပြီးနေကြ တာဖြစ်တဲ့အတွက် သူတို့ဘုန်းပေးသုံး ဆောင်ကြတာ ဟာ ပျော်ဖို့ပါးဖို့ ကာမဂုဏ်ခံစားဖို့မဟုတ်ဘူး ပရိယတ္တိ ပဋ္ဋိပတ္တိ ပဋ္ဋိဝေဒ သာသနာသုံးဖြာကို ကျင့်ကြံပွါးများ သယ်ဆောင်နိုင်ကြဖို့သာလျှင် ဘုန်းပေးသုံးဆောင်နေကြတယ်လို့‘”ပြောလိုက်တော့မှ ညီတော်တိဿမင်းသား တော်တော်လေးသဘောပေါက်သွားပါတယ်။နောင်တော် ညီတော်ဟာသံဃာတော်တွေကိုပစ်မှားမိသွား ပါတယ် အဲဒီအမှားအတွက် သံဃာတော်တွေကို ရှိခိုးကန်တော့ခွင့်ပြုပါ။တောင်းပန်ဝန်ချ၇ှိခိုးကန်တော့ပြီးမှ သတ်တော်မူပါ လို့ခွင့်တောင်းကာ သံဃာတော်များရှိရာဘက်ကို လက်အုပ်ချီမိုးကာ ရှိခိုးဝန်ချတောင်းပန်လျှောက်ထားလိုက်ပါတော့တယ်။ အဲဒီတော့မှ အသောကမင်းကြီးက သူ့ရဲ့ညီတော်ကို မင်းသံဃာတော်တွေပေါ်မှာ တကယ့်အဖြစ်မှန်ကိုသိပြီးကြည်ညိုသွား တာကို ငါသဘောကျတယ်။ငါမင်းကိုအပြစ်တွေကနေခွင့်လွတ်တယ် အရင်ကအတိုင်း အိမ်ေ၇ှ့မင်းသားဘ၀နဲ့ဆက်လက် ပြီးနေတော်မူပါလို့ ပြောကြားလိုက်တဲ့အခါမှာ ညီတော်တိဿမင်းသားက ကျေးဇူးတင်ပါတယ်နောင်တော် ဒါပေမဲ့အိမ်ေ၇ှ့စံ မင်းစည်းစိမ်ရဲ့ဘ၀ကို လက်မခံရပါစေနဲ့တော့ အိမ်ရာတည်ထောင် စည်းစိမ်ချမ်းသာ အာဏာပါဝါတွေ ခံစားသုံးဆောင်နေ တဲ့ဘ၀တွေဟာ အတွေးမှား အကြံမှား အပြောအဆိုမှား ပြုမိမှားတွေဖြစ်ဖို့များတယ် ဒါကြောင့်ကျနော်မျိုးကို အေးငြိမ်းချမ်း သာရာဖြစ်တဲ့ သာသနာ့ဘောင် ရဟန်းဝင်ဝတ်ခွင့်တာပြုပါတော့လို့ ခွင့်တောင်းပြီး သာသနာ့ဘောင်ဝင်ရောက် တရားကျင့်လိုက်တာ ရဟန္တာပါဖြစ်သွားပါတယ်။
          စာရေးသူလည်း ဒီအဖြစ်အပျက်လေးကိုပြောပြပြီးတဲ့နောက်မှာ ရဟန္တာဖြစ်မဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် သမင်မနဲ့ သမင်ဖိုကို မြင်ပြီးသံဃာတော်တွေကို ပြစ်မှားမိတယ်ဆိုရင် တကယ့်ဆိုးသွမ်းနေကြတဲ့ သံဃာတော်တွေကို မြင်ပြီး သံဃာ တော်တွေကို ရှိခိုးစရာမလိုဘူးလို့ မြင်တာကို ဦးဇင်းအနေနဲ့ လက်ခံခွင့်လွတ်ပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ အကြံ ဥာဏ်တစ် ခုတော့ ပေးလိုပါတယ် သေချာစဉ်းစားပါလို့ ပြောလိုက်ပါ တယ်။တခါတုန်းက သူငယ်ချင်းနှစ်ယောက် သန်းခေါင်ယံ လဲပြည့်ညကြီးမှာ ပြုတင်းပေါက်ကနေ အပြင်ဘက် ကိုကြည့်နေကြပါတယ်။ သူငယ်ချင်းတစ်ယောက် ကတော့ လပြည့်ညကြီးသာယာလိုက်တာ လှလိုက်တာ အခုလို လပြည့်ညကြီးတွေမှာ သံဃာတော်တွေ တရားတွေထိုင်နေကြတယ်။ တချို့ သံဃာတော်တွေ ကောင်း ကင်မှာ ဈန်ပျံပြီးကြွနေကြတာတွေ၇ှိတယ်။အခုနေများ သံဃာတော် တပါးပါးကြွ လာတာတွေ့ ရင်သောက်တော်ရေတွေကပ်လိုက်အုံးမယ်ဆိုပြီး ပီတိတွေဖြစ် စိတ်တွေချမ်း သာကြည်နူးနေပါတယ်။ အခြားတစ်ယောက်က တော့ ပြုတင်းပေါက်ကနေပြီးဟိုးအောက်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။ ဟာခွေးသေကောင် ပုတ်ကြီးကွာ ဆိုးလိုက်တာ ဒီနေရာကို ဘယ်ကောင်တွေ လာပြစ်သွား တာလဲ လာပစ်သွားတဲ့ကောင်တွေ့လို့ကတော့ ဆွဲထိုးပစ်လိုက် အုံးမယ်ဆိုပြီး အနိဌာရုံ ကြီးကိုကြည့်ပြီးစိတ်တွေ မချမ်းမသာဖြစ်နေပါတယ်။ ဒီသူငယ်ချင်းနှစ်ယောက် ဟာကြည့်ကြတာတော့ ဒီပြုတင်း ပေါက် တစ်ခုတည်းကပဲလို့ ဒါပေမဲ့ကြည့်ပုံကြည့် နည်းမြင်ပုံမြင်နည်း နှလုံးသွင်းပုံသွင်း နည်းကွာသွားကြတဲ့ အတွက် ရပုံရနည်း လည်းကွာ သွားကြပါ တယ်လို့ပြောပြလိုက်ပါတယ်။
          ဒို့မြတ်စွာဘုရားသာသနာဟာလည်းဒီလိုပဲ လပြည့်ညကြီးပဲ၇ှိပါသေး တယ်။သာသနာ လမင်းကြီး သာနေတုန်းပါ။သာ သနာတော်မှာ ရဟန္တာဖြစ်အောင် သံသရာက လွတ်မြောက်အောင် ကိုယ်တိုင်လည်းကျင့်ကြံပြီးပြန်လည်မျှဝေပေးနေကြတဲ့ သံဃာတော်တွေလည်း အများအပြား၇ှိနေသေး တယ်။မြတ်စွာဘုရားရဲ့ တရားတော်တွေကို မပျောက်ပျက်ရအောင် စာသင် တိုက်ကြီးတွေမှာ သင်ယူပို့ချ ဟောပြောညွန်ပြ နည်းပေးလမ်းပြ ကျင့်ဆောင်နေကြတဲ့သံဃာတော်တွေအများအပြားရှိနေပါ တယ်။အဲဒါတွေကိုကြည့်ပြီးကြည်ညိုတက်ပါစေ။ကိုယ့်အတွက်အကျိုးရှိအောင်အသုံးချနိုင်ပါစေ။ခွေးသေကောင်ပုတ်နဲ့တူတဲ့ ချဲလောင်း ဘောလောင်း ကျောင်းလှု ဒါယကာဒါယိကမလုကာ အချင်းချင်းခိုက်ရန်ဖြစ်နေကြတဲ့ ဘာမှမပြော ပလောက်တဲ့ လက်တစ်ဆုပ်စာ အရေအတွက်လောက်ကို ကြည့်ပြီး သာသနာတော်ကြီးတစ်ခုလုံးကို အပြစ်မမြင်သင့်ဘူးလို့။ဆိုးတဲ့သံဃာ တော်တစ်ပါးကိုပြရင် တကယ်ကောင်း တကယ်ကျင့်နေကြတဲ့ သံဃာတော်အများ အပြားကိုဦးဇင်း လိုက်ပြပါမယ် လို့ ပြောလိုက်တော့ သူလေးလေးနက်စဉ်းစားသွားပြီး ချက်ချင်းပဲ ထိချင်းကြီးငါးပါးနဲ့ သေသေချာချာ သံ ဃာတော်များကို တာင်းပန်ဝန်ချရှိခိုး ပါတော့တယ်။ သူကဆက်ပြောပါတယ် အ၇ှင်ဘုရား ကိုကျေးဇူးတင်လိုက်တာ တပည်တော်အ၇ှင်ဘုရားနဲ့ မတွေ့ရင် တပည့်တော်ဘ၀လမ်းမှာပြီဘုရား တပည်တော်လုံးဝပြန်မကိုးကွယ်တော့ဘူးဆိုပြီးနေခဲ့တာ အခုလမ်းမှား လမ်းမှန် ကိုခွဲချားသိသွားလို့ အင်မတန် ၀မ်းသာ ပါတယ် ကျေးဇူးကြီးမား ပါတယ်လို့လက်အုပ်ချီမိုးလျှောက်ထားပါတော့တယ်။စာရေး သူလည်း လမ်းမှားနေတဲ့ လူငယ် တစ်ယောက် ကိုလမ်းပြပေးနိုင်ခဲ့တဲ့ အတွက်အင် မတန်ဝမ်းသာပီတိဖြစ် သွားသလို တစ်ဘက် မှာလည်း ဆက်ပြီးစဉ်းစားမိတာက အခုလူငယ်လေးလိုပဲ အကျင့်ပျက် ခွေးသေကောင် ပုတ်နဲ့တူတဲ့ ဘုန်းကြီးတွေကိုတွေ့ပြီး ဘယ်နှစ်ယောက်ဒို့သာသနာကို စွန့်ခွါသွားကြပြီ လည်းလို့တွေးကာ စိတ် မကောင်းဖြစ်နေမိပါတယ်။ဒီလိုမျိုးဆက်သစ် ဗုဒ္ဓဘာသာ ၀င်လေးတွေ ဘာသာ သာနာတော်ကိုအမြင်တွေမှား စွန့်ခွါသွားနေကြတာ ဘယ်သူတွေမှာတာဝန်ရှိသလဲဆိုတာ ကို သံဃာတော်များ ကိုမေးလျှောက်ပါရစေဟု လျှောက်ကြားရင်း…………………………….
အမျိုးဘာသာသာသနာကို သယ်ပိုးထမ်းဆောင်နိုင်သော အာဇာနည်သူရဲကောင်းများဖြစ်နိုင်ကြပါစေ…
                                                                                                မင်သုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment