Tuesday, October 8, 2013

ရွှေဝါရောင်တော်လှန်ရေး (သို့မဟုတ်) ငြိမ်းချမ်းရေးခရီးသည်များ



 ရွှေဝါရောင်တော်လှန်ရေး (သို့မဟုတ်) ငြိမ်းချမ်းရေးခရီးသည်များ

          သံဃာတော်များလျှောက်လှမ်းခဲ့ကြသော ရွှေဝါရောင်တော်လှန်ရေးခရီးကား ယခု ၁၈.၉.၂၀၁၃ မှာ ၆ နှစ်ပြည့်ခဲ့ပါပြီ။ သံဃာတော်အ၇ှင်မြတ်များ အသက် သွေး ချွေး ခန္ဓာကိုယ်ကိုစတေးပြီး လမ်းမပေါ်ထွက်လာ ကြရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာ ပြည်သူ ပြည်သားများခံစားနေကြရသော ဆင်းရဲမွေတေမှုများ ပညာရေး နိမ့်ကျမှုများ တိုင်းရင်းသားအချင်းချင်း စစ်မက်ဖြစ်ပွါး နေမှုများကို ပပျောက်စေလိုသည် ။မြန် မာပြည်ကြီးကို ထိုသို့သော ဒုက္ခအ၀၀ တွေမှကင်းလွတ်စေကာ ငြိမ်းချမ်းရေးအမြန်ရစေ လိုသည်။ ထိုကောင်းမြတ် လိုသော စေတနာ မေတ္တာများ၏ ပေါင်းစုကာတွန်းအားပေးလိုက်သောကြောင့် သံဃာတော်များ လမ်း မပေါ်ကို ထွက် ကာ မြတ်စွာ ဘုရားရှင်၏  ငြိမ်းချမ်းရေးမေတ္တာ သုတ်များရွတ်ဆိုကာလျှောက်လှမ်း လာ ကြခြင်းဖြစ် ပါသည်။
          သံဃာတော်များ ယခုကဲ့သို့စဖြစ်သွားရခြင်း၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် မြန်မာပြည်သူပြည်သားများ သည် စစ်အာဏာ ရှင်ကြီးများ၏အောက်မှာ နှစ်ပေါင်းမြောက်များစွာ ဒုက္ခတွေခံနေကြရသည်။ထိုဒုက္ခတွေသည် တနေ့တခြား တိုးပွါးများလာကာ ရပ်တည်လို့ မရသည့်အခြေအနေ ထိရောက်လာခဲ့ကြသည်။ စစ်အစိုးရ သည်ထိုဒုက္ခများကို ပြေလည်အောင် ဖြေရှင်းမပေးသည့်အပြင် ဒုက္ခတွေ ထပ်တိုးစေ ရန် လောင်စာ ဆီ ဈေးနှုံးများကို အဆမတန်တိုးမြှင့်လိုက်ကြသည်။လောင်စာဆီ အဆမတန်မြင့်မား လာမှုကြောင့် ကုန်ဈေးနှုံးများလည်း အဆမတန် တိုးမြင့်လာကြ သည်။ ထိုဈေးနှုံးများကြီးမြင့်လာလေ ပြည်သူ့ ဘ၀သည် ဒုက္ခတွေပိုများလေလေဖြစ်လာခဲ့သည်။ထိုဒုက္ခဆင်းရဲကိုဖြေရှင်းပေးရန် (၈၈) ကျောင်း သားခေါင်းဆောင် များ လမ်းလျှောက် ဆန္ဒပြတောင်း ဆိုလာကြသည်။ ကိုထင်ကျော်ဆိုင်းဘုတ်ကိုင်ကာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြလာသည်။  န အ ဖ စစ်အစိုး ရသည်ဖြေ၇ှင်း မပေး သည့်အပြင်(၈၈)  ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးထောင် ချပစ်သည်။ ပြည် သူပြည်သား များ၏ ဆင်းရဲဒုက္ခ သည် တနေ့တခြားတိုးပွါး လာသည်။ သံဃာတော်များသည် ဆွမ်းကွမ်းကအစ ခက်ခဲလာတော့ သည်။ သံဃာနှင့်ပြည် သူ၊ ပြည် သူနှင့်သံဃာသည် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ အပြန်အလှန်မှီ တွယ်ပြီးရပ်တည် ကာ နေကြရသည်။

          မြန်မာပြည်သူပြည်သားများသည် မိမိတို့ဘ၀ ဆင်းရဲမွန်းကျပ်နေမှုများနှင့်ရင်ဆိုင်တွေ့ကြုံနေသည့်ကြားမှပင် သံဃာတော်အပါး ငါးသိန်း၏ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးတာဝန်ကို ကျေပွန်စွာထမ်းဆောင် နေကြရသည်။ သံဃာတော်များ အပေါ် တာဝန်ကျေကြသောပြည်သူပြည်သားများ၏ဘ၀ကိုမိမိတို့သံဃာတော်များကလည်းတာဝန် ကျေချင်ကြ သည်။ ထိုတာဝန်ကိုကျေပွန်ဖို့ဆိုသည်မှာ ယခုဖြစ်ပေါ်နေသောဆင်းရဲဒုက္ခများကို ဖန်တီးနေသည့် စစ်အာဏာရှင် စနစ်ကြီး တိုင်းပြည်မှာနိဂုဏ်းချုပ် သွားမှသာလျှင်ဖြစ်နိုင်ပေမည်။ ဒါကိုကောင်းစွာသိကြသော သံဃာ့ခေါင်းဆောင် များကသံဃာတော်များ ထံချဉ်းကပ်ကာလျှောက် ထားကြပြောပြကြသည် ။ဥတ္တမဂျာနယ်များထုတ်ဝေ ကာဖြန့်ဝေပေးကြသည်။ လက်ကမ်း စာဆောင်များ ဖြန့်ဝေပေးကြသည် ။မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမ္မဂ္ဂီအသင်း(မန္တလေး)၊ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂအသင်း (ရန်ကုန်)၊သံဃာ့ဒူတ အသင်း၊ သောတုဇနဘိက္ခူအသင်းများဖွဲ့ကာ စည်းဝေးခြင်း၊လက်ကမ်း စာဆောင် များဖြန့်ဝေခြင်း၊ကြေငြာ ချက်ထုတ်ဝေ ဖြန့်ချီခြင်းများကို တက်ညီလက်ညီဖြင့် ပြည်နယ် တိုင်းအသီးသီးချိတ်ဆက်ကာ လှုပ်၇ှားလာကြပါသည်။ ထိုသို့လှုပ် ရှားနေစဉ် ရခိုင်ပြည်နယ်မှ သံဃာတော်အပါး ၅၀၀ ကျော် လမ်းမပေါ်ထွက် မေတ္တာပို့ လမ်းလျှောက် လာကြပါသည်။ ထို့နောက် ပခုက္ခူမြို့ပေါ်ရှိ သံဃာတော် အပါး ၅၀၀ ကျော်သည် ၅.၇.၂၀၀၇ နေ့တွင်လမ်းမပေါ်သို့ မေတ္တာသုတ်များ ၇ွတ်ဆိုကာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာကြပါသည်။ဒါကို စစ်အစိုးရသည် ပြေလည်စွာမဖြေရှင်းပဲ စစ်တပ်၊ရဲ၊ စွမ်းအားရှင်များဖြင့် သံဃာတော်များကို ကြိုးကွင်းနှင့်ပစ်ဖမ်းကာ ဓါတ်တိုင်မှာကြိုးနှင့်တုပ် ရိုက်နက်လိုက်သည့်အတွက် သံဃာတော် နှစ်ပါး ဆေးရုံပို့လိုက်ရပါသည်။
          ထိုသို့သံဃာတော်များကို အကြမ်းဖက်နှိမ်နှင်းလိုက်သော သတင်းသည် မြန်မာနိုင်ငံအနှံအပြားသို့ပြန့်လွင့်လာပါသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ(ရန်ကုန်)ကို ဦးဆောင်လှုပ်ရှားနေသော ဦးဂမ္ဘီရသည် စာရေးသူတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီ(မန္တလေး) အဖွဲ့နှင့်တွေ့ရန်အတွက်မန္တလေးသို့ရောက်ရှိနေချိန်လည်းဖြစ်ပါသည်။ပခုက္ခူမြို့ သံဃာတော်များ ယခုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခံရသည်နှင့်ပတ်သတ်ပြီးဆွေးနွေးရန် အစည်းအဝေး လုပ်ခဲ့ကြပါသည်။ အစည်းအ ဝေး၏ဆုံးဖြတ်ချက်အရ သံဃာတော်များသည် အကြမ်းမဖက်မေတ္တာဖက်ကာ လမ်းလျှောက်ခဲ့ခြင်းအပေါ် တာဝန်ရှိသူ စစ်အစိုးရ မှတာဝန် ယူဖြေရှင်းပေးရန်နှင့်ပြန် လည်တောင်း ပန်ရန်၊ ပြန်လည်ဖြေရှင်းပေးခြင်းတောင်းပန်ခြင်းမ၇ှိပါက န အ ဖ စစ်အစိုးရအား မန္တလေးသံဃာ့သမဂ္ဂီမှ ဦးဆောင်ကာ ဆန္ဒပြ သပိတ်မှောက်မည်ဆိုသည့်အကြောင်းကို စတိတ်မင့် ကြေငြာချက်တစ်ဆောင် ထုတ်ဝေကာ ဘီဘီစီ၊ဗီအိုအေ၊ အာအပ်အေ သတင်းဌာနများသို့ပို့ခဲ့ပါသည်။ထိုစတိမင့်များ ကြေငြာချက်များကို မန္တလေး၊စစ်ကိုင်း၊ ရန်ကုန်စသည့် ပြည်နယ်တိုင်းအသီးသီးသို့ ပို့ဝေပေးခဲ့ပါသည်။
          သံဃာတော်အ၇ှင်မြတ်များသည် န အ ဖ စစ်အစိုးရကို ပြန်လည်ဖြေ၇ှင်းပေးရန် တောင်းဆိုခဲ့သော်လည်း မတောင်းပန် ခဲ့ပါ။စာရေးသူသည် ထိုကြေငြာချက်များရန်ကုန်တွင်ဖြန့်ဝေရန်အတွက် ရန်ကုန်သို့သွားခဲ့ပါသည်။ ရန်ကုန်မှာ ဆက်လက်ဖြန့်ဝေ ပေးပါသည်။စာရေးသူရန်ကုန်ရောက်ပြီး ၉.၉.၂၀၀၇ ရက်နေ့တွင် မန္တလေးသံဃာ့ သမဂ္ဂီအသင်း၊ရဟန်းပျိုသမဂ္ဂအသင်း၊ သံဃာ့ဒူတအသင်း၊ သောာတုဇနဘိက္ခူအသင်း များကို စုစည်းကာ မြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့တပ်ပေါင်းစုအသင်းကြီးကို ဖွဲ့စည်းမည်ဖြစ်ကြောင်းကို စာရေးသူ ထံအကြောင်းကြား လာပါသည်။ စာရေးသူသည်သဘောတူကြောင်းဆန္ဒမဲပေးခဲ့ပါသည်။ သံဃာ တော် များမှ တောင်းဆို ထားသော ၁၇.၉.၂၀၀၇ ကိုနောက်ဆုံး ထား၍ ပြန်လည်ဖြေရှင်းပေး ရန်တောင်းဆို ထားသော် လည်း ပြန် လည်ဖြေရှင်း ပေးခြင်းမ၇ှိသည့်အတွက် ၁၈.၉.၂၀၀၇ နေ့တွင် သံဃာတော်များသည် မိမိတို့ကျောင်း တိုက် အ သီးသီးတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာများရွတ်ဆိုခဲ့ကြပါသည်။ ထိုနေ့မှာပင် သံဃာတော်များ လမ်းမပေါ် အသီးသီး မေတ္တာ သုတ်များရွတ်ဆိုကာ ချီတက် လမ်း လျှောက် ထွက်ခဲ့ကြပါသည်။ သံဃာတော် များ၏စုပေါင်း ပူးပေါင်းပါဝင်မှု အင်အားသည် တနေ့တခြား များပြား လာပါ သည်။ ပြည်နယ်တိုင်း အသီးသီးသံဃာတော်များ လမ်းမပေါ်ထွက် လာကြပါသည်။ သံဃာတော် များနှင့် အတူတကွ ကျောင်းသား များပြည်သူပြည်သားများ ပူးပေါင်းပါဝင် လာကြပါသည်။ပြည်နယ် တိုင်းအသီး သီးပူးပေါင်းပါဝင်မှု များပြားလာသည့် အင်းအား ကိုကြည့်ရင်း န အ ဖ စစ်အစိုးရသည် အာဏာ ပယ်စွန့်ရမည် အရေးကိုမြင်ယောင်ကာ အလွန်ကြောက်ဒူး တုန်လာပါသည်။
              ထိုအခြေအနေများကို အမြန်ဆုံးဖြေရှင်းနိုင်ရန် နည်းလမ်းရှာခဲ့ကြပါသည်။ထိုနည်းလမ်းအစရသွားပုံမှာ ပဲခူးမြို့ တွင်ဆန္ဒပြသော လူအုပ်ကြီးထဲမှ ရေသန့်ဗူးနှင့်ပစ်ပေါက်ရာ ကြခတ်ဝိုင်းကျောင်း တိုက်ရှိ ကျောင်း တစ်ကျောင်း၏ မှန်ကွဲသွား၍ ဆရာတော်မှ တိုင်းမှုးဆီ တိုင်ကြားပါ သည်ဆိုသော သတင်းကို သတင်းစာကြီးများ တွင် နေ့စဉ်စာ လုံးအကြီးကြီးများဖြင့် ဖေါ်ပြ လာပါသည်။ ထိုဆရာတော် ကိုခုတုံးလုပ်ကာ စစ်တပ်ထဲကို ၀ါဒဖြန့်လာပါသည်။ သံဃာတော် များ၏ငြိမ်းချမ်းစွာ လမ်းလျှောက် နေမှုကို အကြမ်းဖက်သည့် အတွင်သဏ္ဌာန်ပေါ်အောင် လုပ်ကြံဖန်တီး လာပါသည်။ ထိုဆ၇ာ တော်ကို စစ်တပ်ထဲကိုပါ သြ၀ါ ဒတွေ ပေးခိုင်းကာ ၀ါဒမှိုင်းတိုက်လာပါသည်။ ထိုအချက်ကိုယူကာ မဟန ဆရာတော်ကြီးများကို ပါအကြပ် ကိုင်ကာအမိန့် ထုတ်ခိုင်း လာပါသည်။ထိုအမိန့်ကို သတင်းစာ တီဗွီ ရေဒီယို များတွင်ဖြန့်ဝေကာ အတင်းအကြပ်ကိုင်တွယ်လာပါသည်။    
         နအဖ စစ်အစိုးရသည်၂၆.၉.၂၀၀၇ နေ့တွင်စတင်ကာ သံဃာတော်များကို ၀ါးရင်းထုတ်နဲ့ရိုက် အတင်းအဓမ္မဖမ်းဆီကာ ထောင်ထဲပို့တာ တွေလုပ်လာပါသည်။ညစဉ်သံဃာတော်များကျောင်းတိုက်ကို သူပုန်စခန်း များဝင်ဆီးသလို ကျောင်းတံခါးများကို ကားနဲ့တိုက်ဖွင့် သေနတ်နှင့်ပစ် ၀ါးရင်းဒုတ်နှင့်ရိုက် ကာအတင်း အဓမ္မဖမ်းဆီးကာ ထောင်ထဲပို့ပါတော့သည်။ ကျောင်းထိုင် ဆရာ တော်ကြီးများကိုလည်း သံဃာငယ် များကို မိမိကျေးရွာအသီးသီးပြန်ပို့ရန်နင့် ပြန်မပို့ပါက ကျောင်းတိုက်များကို ချိတ်ပိတ်၍ ဆရာတော်များ ကိုပါထောင်ထဲပို့မည်ဟု ချိမ်းခြောက်သည့်အတွက် သံဃာငယ်များကို ကျေးရွာ အသီးသီးပြန်ပို့ ခဲ့ကြရပါသည်။ ပြန်မပို့သည့် ကျောင်းတိုက်များကို ၀င်ရောက် ဖမ်းဆီးထောင် ချချိတ်ပိတ်ခဲ့ကြပါသည်။ ထိုအချိန်က ပြည်နယ်တိုင်းအသီးသီး ချိတ်ပိတ်ခံခဲ့ရသော ကျောင်းတိုက်ပေါင်းမှာ ၆၁ ကျောင်းနှင့် သံဃာတော် အပါး တစ်ထောင်ကျော်ထိ အဖမ်းခံခဲ့ရပါသည်။
          ထိုကဲ့သို့အကြမ်းဖက် နှိမ်နှင်းဖြိုးခွင်း ခံခဲ့ရသော ရွှေဝါရောင်သံဃာ့တော်လှန်ရေး ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကြီးသည် ယခု ၁၈.၉.၂၀၁၃တွင် (၆) နှစ်တင်း တင်းပြည့်ခဲ့ပါသည်။ သံဃာတော် များ မျှော် မှန်းခဲ့ကြသောပြည် သူပြည်သား များ၏ ဆင်း ရဲမွေတေ မှုမှများ ပပျောက်ရေးလမ်းစဉ် သည်လည်း ယနေ့ထိ အရိပ် အယောင်တောင် မတွေ့ရသေးပါ ။ပြည်တွင်း စစ်များ လည်းမငြိမ်းသေးပါ။ ယနေ့ထိ ဆန္ဒပြနေကြ သူ များကို အကြမ်းဖက် ဖမ်းဆီးနေကြ ဆဲပင်ရှိနေ ပါသေး သည်။ယနေ့ထိ လယ်ယာ အသိမ်းခံရမှု များ၊ လာဘ် စားနေမှုများ၊ အနိုင် ကျင့်ဗိုလ် ကျနေမှု များ ရှိနေပါသေး သည်။ ထိုပြဿနာအ၀၀ကို မည်သူတွေက တာဝန်ယူဖြေရှင်းပေး မည်ဆို တာကို သိရှိလိုပါသည်။ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေပါသည်ဟု အပြောဖြင့်လျှောက် နေ၍မ၇ပါ။ တာဝန်ယူ မှုတာဝန်ခံမှု အပြည့်အ၀ရှိဖို့လိုပါသည်။ တာဝန်ရှိသူများက တာဝန်ကိုယူ ကာ ဖြေရှင်းပေး မှုများမ၇ှိ လျှင် ပြည်သူပြည် သားများသည် အရင်ကအတိုင်းဆက်လက် ဒုက္ခေ၇ာက်နေကြမြဲ ပင်ဖြစ်ပါ လိမ့်မည်။ ပြည်သူပြည်သားများ၏ ဆင်းရဲဒုက္ခ ရောက်နေမှုများကို သံဃာတော် များကလည်း လစ်လျူရှု့နေကြမည် မဟုတ်ပါပေ။ပြည်သူပြည်သားများ၏ဆင်းရဲ ဒုက္ခများဒီထက် ပိုမိုဆိုးဝါလာ မည်ဆိုလျှင် ဒုတိယ အကြိမ် ရွှေဝါရောင်တော်လှန်ရေးသည် သည့်ထက်ပိုမိုပြင်းထန် သွားနိုင်ပါကြောင်း ကို အသိပေးပြောကြားလိုက်ပါသည်…………
                                                                                                        မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment