Thursday, May 12, 2011

ဘယ်ကရဲဘော်လဲ.

ဘယ်ကရဲဘော်လဲ


သူ့မယုံရ ကိုယ့်မယုံရ

သံသယတွေပိုက်

ဟိုတစ သည်တစပြိုကွဲ

ဘယ်ကရဲဘော်ဖြစ်မ

ှာလဲ။



တီးတိုးတီးတိုး

သဖန်းပိုး

ကွယ်ရာတမျိုး ရှေ့တမျိုး

ခြေထိုးမတော် ချော်လို့လဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။



နေရာပိုင်မှု အပြိုင်လု

လူထုအတွက် ပြည်သူ့အတွက်တဲ့

အရှက်ကနည်း၊ သွေးကခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။



ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်

မျက်နှာနှစ်ဖက် လျှာနှစ်ခွ

နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

ဘယ်ကရဲဘော်လဲ..........



တင်မိုး

၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

0 comments:

Post a Comment