Friday, May 27, 2011

ဒီမိုကရေစီစနှစ်ကိုသွားပါပြီဆိုတဲ့ သိန်းစိန် ၀န်ကြီးချုပ်ဦးနုကဲ့သို့ ဒီလိုမိန့်ခွန်းတွေပြောရဲလား

မပြောရဲရင် သွားလေရာထမိန်ဝတ်သွားပါ။

ဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည်အုပ်ချုပ်စဉ် တိုင်းပြည်တွင်းလှည့်လည်၍မိန့်ခွန်းပြောသည့်အခါ အောက်ပါဒီမိုကရေစီသဘောတရား
(၇)ချက်ကိုအမြဲတိုင်းထည့်ပြောလေ့ရှိပါသည်။
၁။နိုင်ငံတစ်နိုင်ငံဟာ လူတစုသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံးစုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင်ပစ္စည်းဖြစ်တယ်။
၂။ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသား လူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြောက်ခြင်းကို ခံရတဲ့ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။
၃။အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကာက်တင် မြောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြုပြဌာန်းထားတဲ့ ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၎။ပြည်သူလူထုဟာ ဂုဏ်သိက္ခာ ရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွါးရှာဖွေခွင့်၊ မတရားဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၅။အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့်ရှိရမယ်။
၆။ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရအဖအခွဲ့ဟာ အလိုအလျောက် ရာထူးကနှုတ်ထွက် ပေးရမယ်။
၇။အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို အခြေခံထားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီလို့ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွားဖြစ်တာနဲ့အတူတူပါပဲ။ မခြားနားပါဘူး ။ အဲဒါကြောင့် ဒီမိုကရေစီဖျက်ဆီးသူမှန်သမျှကို ခံချရမယ်။တိုက်ထုတ်ရမယ်။

ပြည်သူလူထုကြီးခင်ဗျား အခုတက်လာတဲ့ အစိုးရသစ်ဟာ ခုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီပါသလား။
စဉ်းစားဝေဖန်ဆုံးဖြတ်၍ မညီပါက ဒီမိုကရေစီရရှိရေးအတွက်အားလုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါ။
မှတ်ချက်။      ။ ၀န်ကြီးချုပ်ဟောင်း ဦးနု ရေးတဲ့ တာတေစနေသားစာအုပ်မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment