မေး- ဆရာက ထိုင်းတက္ကသိုလ်က
ပါမောက္ခတွေအကြောင်းပြောလို့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့
တက္ကသိုလ်တွေအပေါ် ဆရာ့အမြင် သိပါရစေ။
ဖြေ- ကျွန်တော်က ထိုင်းကို
ဥပမာပေး ဖြေမိတော့၊ ထိုင်းတက္ကသိုလ်တွေက ပညာတတ် လေ့ကျင့်ပျိုးထောင်ပုံကို
ပြောပြချင်ပါတယ်။ ဇင်းမယ်တက္ကသိုလ်နဲ့ ချူလာလွန်ကွန် တက္ကသိုလ်တွေမှာ
စာတမ်းတွေ သွားဖတ်ဖူးပါတယ်။ ဆရာတို့ ရန်ကုန်တက္ကသိုလ်
လျှမ်းလျှမ်းတောက်နေချိန်တုန်းက ဇင်းမယ်တက္ကသိုလ် ရှိတောင် မရှိသေးပါဘူး။
ဇင်းမယ်တက္ကသိုလ်ကို ၁၉၆၄ ဇန်နဝါရီမှာ စတည်ခဲ့ တာပါ။ ချူလာကတော့
ရန်ကုန်တက္ကသိုလ်ထက် စောတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ချူလာလည်း
ခေတ်မီတက္ကသိုလ်ကြီး မဖြစ်သေးဘူး။ အခုတော့ ချူလာရော ဇင်းမယ်ပါ တကယ့်
တက္ကသိုလ်ကြီးတွေ ဖြစ်သွားပြီ။
Monday, July 30, 2012
ဆရာကြီးဒေါက်တာ ဦးသော်ကောင်းနှင့်တွေ့ဆုံခြင်း
သုံးဘက်မြင်ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း။
Monday, July 23, 2012
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉)
ပြောသလိုလုပ်၍ လုပ်သလိုပြောသော ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ဥတ္တမကျော်
။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
*****************************************************************************
ရဲဘော်တို့----
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။
ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေး ဘူး။
Saturday, July 21, 2012
မိတ်ဆွေကောင်းစာကြည့်တိုက်ဆရာတော် ဟောကြားတော်မူသော "ဓမ္မပန်းကုံး ပန်ဆင်သုံးလူတိုင်းပြုံးရမည်
မိတ်ဆွေကောင်းစာကြည့်တိုက်ဆရာတော် ဟောကြားတော်မူသော "ဓမ္မပန်းကုံး ပန်ဆင်သုံးလူတိုင်းပြုံးရမည်
http://www.mediafire.com/?ry31u7d2p25ar7n
Thursday, July 19, 2012
ယနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန်မှ မြင်ကွင်းများ..
ယနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန်မှ မြင်ကွင်းများ..
Monday, July 16, 2012
တရားဥပဒေအထက်မည်သူမှမရှိရ
ခလရ (၂၀)တပ်ရင်းမှ ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ပလက်ဝမြို့နယ်မှ မုဒိန်းမှုဖြင့် တရားစွဲ | ||||
|
မြန်မာကျောင်းဆရာလစာ တိုးမြှင့်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ၇ ဆ ခန့် ကွာဟနေဆဲ
လူမှုစီးပွား အကျပ်အတည်းများကြောင့် မြန်မာကျောင်းဆရာဆရာမ အများစုကြီးမှာ စား၊ ၀တ်၊ နေရေး အခက်အခဲ များစွာကို ရင်ဆိုင် နေကြရဆဲ ဖြစ်သည်။ ထို့အပြင် အခြားသော အပြင်အလုပ်များ လုပ်ကိုင်၍ လည်းကောင်း၊ ကျူရှင်ဖွင့်၍လည်းကောင်း ဘ၀အကျပ်အတည်းကို ပင်ပန်းကြီးစွာ ဖြေရှင်းနေရဆဲလည်းဖြစ်၏။
သို့ဖြစ်ပါ၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး၏ ပထမဆုံးနေ့တွင် ပညာရေး ဒု-၀န်ကြီး ဦးအေးကြူက အခြေခံပညာ ၀န်ထမ်းများ၏ လစာ တိုးမြှင့်မည့်ကိစ္စရပ်ကို တင်သွင်းဆွေးခြင်းကို မြန်မာ ကျောင်းဆရာထုက ကြိုဆိုလိုက်ကြောင်း သတင်းရရှိပါသည်။ပထမဆုံးအကြိမ် ကျောင်းဆရာများ၏ လူမှု ဘ၀အရည်အသွေးအတွက် စဉ်းစားတင်သွင်းသည့် အဆိုပါ ပြောကြားချက်တွင် ကျောင်းအုပ်များ၏ လစာနှုန်းထားများကို တိုးမြှင့်သွားမည်ဟု ဆိုပါသည်။ အလယ်တန်းကျောင်းအုပ် ၂၂၃၁ ဦးကို လက်ရှိလစာနှုန်း (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) မှ (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀) သို့ လည်းကောင်း၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးကို လက်ရှိ လစာနှုန်း (၅၃၀၀၀-၁၀၀၀-၅၈၀၀၀) မှ (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) နှုန်းသို့ လည်းကောင်း တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ မူလတန်းပြဆရာ၊ ဆရာမဦးရေ ၆၀၀၀၀ ကိုလည်း အလယ်တန်းပြ ရာထူးသို့လည်းကောင်း စိစစ် တိုးမြှင့် ခန့်ထားမည်ဖြစ်ကြောင်းဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့သည်။
Sunday, July 15, 2012
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုး
လမြတ်ဝါဆို
လူယုတ်မာ ဗိုလ်စုတ်နေ၀င်း မြန်မာ့သမိုင်းစာများကိုဖျက်ဆီးခဲ့ပေမဲ့
မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ
ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူးတင်ရပါလိမ့်မယ်။
ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့ အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။
သမိုင်းတကွေ့မှ ဂျီစီဘီအေခေါင်းဆောင်ကြီး ဦးချစ်လှိုင်
Thursday, July 12, 2012
ထာဝရ သူငယ်ချင်းများဆိုက်မှ ကူးယူဖေါ်ပြပါသည်။
ကျွန်တော် သိလို့တတ်လို့တော့ မဟုတ်ဘူးခင်ဗျ။
ဖတ်မိသလောက်လေး ပြန်မျှပါတယ်ဗျာ။
(၁) လူခိုးမှုရာဇသတ်ကြီးပုဒ်မ ၃၆၃ - ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ် ၇ နှစ်ထိ
လူငယ်ချင်းဘယ်လောက်ပဲချစ်ချစ် အသက်၁၆နှစ်အောက်မိန်းကလေးက ခိုးရာလိုက်ပြေးလို့
မိဘသဘောမတူရင် လူခိုးမှုမြောက်ရောဗျ ။
(၂) ပုဒ်မ ၃၆၆
မိန်းကလေးက သဘောမတူပဲ အခြားတစ်ယောက်နဲ့ပေးစားဖို့ခိုးတာ ၊ သွေးဆောင်ခေါ်ယူတာ
(ဥပမာ-သူငယ်ချင်းကြိုက်နေတဲ့ ကောင်မလေးကို မိန်းကလေးအလိုမပါပဲ ၀ိုင်းခိုးပေးတာမျိုး။
မိန်းကလေးက သဘောမတူရင် ၊ အသက်မပြည့်ရင် အမှုဖြစ်သတဲ့ဗျ။)
ပိုဆိုးသွားတာက မိန်းကလေးတစ်ယောက်ကို သဘောမတူပဲ အခြားတစ်ယောက်နဲ့မတရားသဖြင့်
ကာမစပ်ယှက်ဖို့ ကြံစည်လုပ်ဆောင်တယ်ဆိုရင် ပုဒ်မ ၃၆၆-က နဲ့အရေးယူနိုင်ပြီး ထောင်ဒဏ်
၁၀နှစ်ထိ ချနိုင်ပါတယ်တဲ့။
Wednesday, July 11, 2012
ထိုင်းနိုင်ငံချင်းမိုင်မြို့မှ ကိုယ့်မြန်ပိုင်ကျောင်းကို ထိုင်းနိုင်ငံမှမတရားသိမ်းယူတာကို လက်ပိုက်ကြည့်ကာ ကိုယ့်သာသနာ ကိုယ့်နိုင်ငံအတွက် ဘာမှမကူညီတဲ့မဟန နှင့် န အ ဖ သူခိုးအစိုးရ
Monday, July 9, 2012
ရင်နာစရာကောင်းတဲ့ မြန်မာစစ်သားတွေရဲ့ဘဝ
ခက်ခဲ ကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်းဘ၀ကို ဖြတ်ကျော်ရတာဟာ ဘယ်လောက် ခက်ခဲ တယ်ဆိုတာ ပြောပြရင် မယုံနိုင်စရာပါပဲ။ DSA ကိုစတက်တဲ့ ပထမနှစ် ဗိုလ်လောင်းဘ၀ဟာ အရပ်သား ဘ၀ကနေ စစ်သားဘ၀ကို စတင်ကူးပြောင်းရတဲ့ ကာလဖြစ်လို့ အဲဒီ အချိန်မှာ ဗိုလ်လောင်း ဘ၀ကို အရှုံးပေးပြီး ဘ၀ ပျက်သွားရတဲ့ လူတွေ မနည်းပါဘူး။ တကယ်တော့ ဗိုလ်လောင်း ဘ၀ဆိုတာ တကယ့် အဖြူထည်လေး တွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့လက်ရှိ အခြေအနေ တွေကိုလဲ ဘာမှ ဂဃဏန နားမလည် ကြသေး ပါဘူး။
၁၀၀ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး ၀င်လာတဲ့ သူတွေပါ။ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့ ပုံသွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း စစ်တက္ကသိုလ်ရဲ့ အရိပ်အောက်မှာ အဆင့် အတန်းမရွေး အားလုံး တန်းတူဆိုပြီး မှတ်ထင် ခံယူခဲ့ကြတာပါ။ ဒါပေမဲ့ … အဲဒီခံယူချက်တွေဟာ စစ်တက္ကသိုလ် ရောက်ပြီး ….. ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်း ဘ၀ရောက်လို့ တစ်ပတ်လောက် အကြာမှာဘဲ အဲဒီ ခံယူချက်တွေအားလုံး မြောင်းထဲရောက် ကုန်ပါတော့တယ်။ “မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို အုန်းခနဲ လက်သီးနဲ့ ထိုးထည့် လိုက်တာက “ငါက တိုင်းမှူးသားကွ” ဆိုတဲ့ အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်း ကျောင်းသား တိုးနိုင်မန်းပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူး သားမှန်းသိလို့ အပြစ်မရှိ အပြစ်ရှာထိုး တာပါ။ နောက်ပိုင်း သိလာရတာက တိုးနိုင်မန်းဟာ ပထမနှစ် ဗိုလ်လောင်း ဘ၀ကိုလည်း အိပ်ရင်း စားရင်း ကျော်ဖြတ်လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်းဘ၀မှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ အူတုန် သည်းတုန် ကြောက်ရတဲ့ စီနီယာဖြစ်လာ ခဲ့ပါတယ်။
Friday, July 6, 2012
မမေ့သင့်တဲ့ ၇ ဇူလိုင် မှတ်တမ်း သမိုင်းဆိုတာ မေ့သင့်တဲ့အရာမဟုတ် သမိုင်းသေရင် ဘ၀တွေသေမယ် အမျိုးဘာသာ သာသနာ ကွယ်မယ် နိုင်ငံ ကွယ်ပျောက်မယ် အားလုံးတာဝန်သိသိ သစ္စာရှိရှိဖြင့် ၀ိုင်းဝန်းတွန်းလှန်ကာကွယ်ကြပါ။
မမေ့သင့်တဲ့ ၇ ဇူလိုင် မှတ်တမ်း သမိုင်းဆိုတာ မေ့သင့်တဲ့အရာမဟုတ် သမိုင်းသေရင် ဘ၀တွေသေမယ် အမျိုးဘာသာ သာသနာ ကွယ်မယ် နိုင်ငံ ကွယ်ပျောက်မယ် အားလုံးတာဝန်သိသိ သစ္စာရှိရှိဖြင့် ၀ိုင်းဝန်းတွန်းလှန်ကာကွယ်ကြပါ။
Tuesday, July 3, 2012
နှလုံးသမားများအကြွမစောကြစေဖို့...
ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ
ကိုယ့်မြေသံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံသတင်းကို မဖတ်တဲ့နေ့ဆိုတာ
မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့
ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့
မယုံနိုင်အောင်ကိုဖြစ်မိတယ်။
၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်မန္တလေးပြည်သူ့ဆေးရြုံ
တာဝန်ကျနေတုန်းက ဒေါက်တာနေ၀င်းမောင်ကို ဆုံခဲ့ဖူးပါတယ်။ သူ့ရဲ့ညီဖြစ်သူ
ဒေါက်တာနေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။