ဇူလိုင် ၁၄၊ ၂၀၁၂
၁၉၂၀
ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက် မှ ၃၁ ရက်အထိ ပြည်တွင်ကျင်းပခဲ့သော
ဝိုင်အမ်ဘီအေအသင်းကြီး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ
အဌမအကြိမ်မြောက်ညီလာခံတွင် လူမျိုးစုံ၊ ဘာသာပေါင်းစုံ
နယ်ချဲ့ဆန့်ကျင်ရေးကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ေ စရန်အတွက်
ဝိုင်အမ်ဘီ အေကို မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီးဟု
ပြောင်းလည်းခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအသင်းချုပ်ကြီးကို အင်္ဂ
လိပ်ဘာသာဖြင့် General Council of Burmese Association ဟု ခေါ်သောကြောင့်
အင်္ဂလိပ်စကားလုံးလေးလုံးမှ ထိပ်ဆုံးအက္ခရာများ ကိုယူ၍ အတိုကောက် ဂျီစီဘီအေ
(G.C.B.A) ဟု အတိုကောက်ခေါ်တွင်ခဲ့ကြသည်။
ယင်းသို့ ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေဟုပြောင်းလဲဖွဲ့စည်းလိုက်သောအခါ ဂျီစီဘီအေ၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးလုပ် ငန်းများမှာ ပို၍ တက်ကြွလာပြီး ပြင်းထန်လာသည့်လုပ်သားပြည်သူတို့ ၏ ပါဝင်အားပေးမှု၊ စည်းလုံးမှုကြီးထွားလာခဲ့မှုတို့ေ ကြာင့် ဂျီစီဘီအေသည် မြန်မာ့ လွတ်လပ်ရေးကြိုပမ်းမှုသမိုင်း၌ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစြု ကီးသဖွယ် ဖြစ်လာခဲ့လေသည်။ ဂျီစီဘီအေကို ဝံသာနုအဖွဲ့ချုပ်ကြီး ဟု လည်း အချို့ကခေါ်ဝေါ်ခဲ့ကြသည်။
ဂျီစီဘီအေ၏ရည်ရွယ်ချက်မှာ
ကိုယ်ပိုင်အုပ်ချုပ်ရေးခေါ် တာဝန်ခံအုပ်ချုပ်ရေးရရှိရေး၊
အစိုးရထူးကြီးများတွင် မြန်မာတိုင်းရင်းသားများ ခန့် တားရေးနှင့်
စီးပွားရေးလုပ်ငန်းများကို မြန်မာတိုင်းရင်းသားလုပ်ခွင့်အေ ရးတို့ဖြစ်သည်။ ဂျီစီဘီအေ၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး နည်းဗျူ ဟာမှာ အကြမ်းမဖက် အနုနည်းဖြင့် အာဏာဖီဆန်ရေး နည်းဗျူဟာပင်ဖြစ်သည်။
သို့ကတိုင် အမျိုးသားညီညွတ်ရးတပ်ပေါင်းစြု ကီးသဖွယ်ဖြစ်ခဲ့သော
ဂျီစီဘီအေ၏ပထမဆုံးဥက္ကဌမှာ ဦးချစ်လှိုင်ဖြစ်သည်။ ပထမတွင် ဂျီစီဘီ အေ၏ဥက္ကဌကို
သမ္မတဟုသုံးနှုန်းခဲ့ကြသည်။ နောက်မှာ ဥက္ကဌဟုခေါ်ဝေါ်ကြသည်။ ဂျီစီဘီအေကို
ခေါင်းဆောင်သူများမှာ ခေတ်ပညာတတ် လူများဖြစ်ကြသည်။
ဂျီစီဘီအေ၏ပထမဆုံးဥက္ကဌဖြစ်သည့်
ဦးချစ်လှိုင်ကို ၁၈၇၉ ခုနှစ် ဇွန်လ ၉ ရက် တနင်္ဂလာနေ့တွင် မော်လမြိုင်မြို့
မုပွန်ရပ်၌ အဖသစ်ကုန်သည် သူဌေးဦးသာညှင်း၊ အမိဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။
မွေးချင်း ၆ ယောက်တွင် ဒုတိယမြောက်သားဖြစ်သည်။ ဖခင်ဦးသာညှင်းမှာ
မွန်မြန်မာသူဌေးဦးပျော့၏သားဖြစ် ၍ မော်လမြိုင်မြို့ သာသနဓရအသင်း (၁၈၉၉)
ကို ငွေအင်အားဖြင့် အဓိကပံ့ပိုးသူတဦးဖြစ်သည်။ မိခင်ဒေါ်ရင်မှာ
မြို့ဝန်မောင်စပ်ခေါ် သမိန်ဘရူး၏မြေးဖြစ်သည်။ ဦးချစ်လှိုင်၏ နှမဒေါ်နှင်းမြမှာ
ဒိုင်ဟာခီအုပ်ချုပ်ရေး တွဲရေးအမတ်အဖြစ် မော်လမြိုင်မြို့မှ အရွေးခံ၍
ထင်ရှားသောအမျိုးသား ဝံသာနုခေါင်းဆောင်ဖြစ်သည်။
၇
နှစ်အရွယ်တွင် မြန်မာစာသင်တန်းကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ထို့နောက်
မော်လမြိုင် အစိုးရအထက်တန်းကျောင်း၌ ဆက် လက်ပညာသင်ကြားခဲ့ပြီး ၁၈၉၄ တွင်
ကာလကတ္တားဝင်ခွင့်စာမေးပွဲအောင်ြ မင်ခဲ့သည်။ ယင်းနှစ်၌ပင်
ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာ သင်ကြား၍ အက်ဖ်အေခေါ် ဥပစာတန်း အောင်၍
ဝိဇ္ဇာတန်းစာမေးပွဲဖြေဆိုနေစဉ် အသက် ၂၀ အရွယ်တွင် ၂၈၉၈ တွင်
အင်္ဂလန်ပြည်သို့သွား၍ ဝတ်လုံ ပညာသင်ယူခဲ့သည်။ အင်္ဂလန်မှ ဝတ်လုံဘွဲ့ရပြီးနောက်
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) သို့ဝင်ရောက်၍ အမျိုး ဘာသာ
သာသနာရေးတို့ကို ဝင်ရောက်ဆောင်ရွက်ခဲ့သည်။
၁၉၁၄
မေလ ၁၀ တွင် ရန်ကုန်မြို့၌ကျင်းပသော ဝိုင်အမ်ဘီအေအသင်းချုပ်၏
နိုင်ငံလုံးဆိုင်ရာဒုတိယ နှစ်ပတ်လည်ညီလာခံသို့ မော်လမြိုင်
ကိုယ်စားလှယ်အဖြစ် စတင်တက်ရောက်ခဲ့သည်။ ယင်းနောက် ၁၉၁၈ အောက်တိုဘာလ ၂၂ မှ
၂၄ ရက်အထိ မော်လမြိုင်မြို့တွင်ကျင်းပခဲ့ေ သာ
ဝိုင်အမ်ဘီအေအသင်းချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ဆဌမအကြိမ်မြောက်ညီလာခံတွင်
အသသင်းချုပ်ဥက္ကဌအဖြစ် ဦးချစ်လှိုင်အား ရွေးကောက်တင်မြောက်ခံသည်။
ထို့နောက်
၁၉၂၀ အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ထိ ပြည်မြို့တွင်ကျင်းပခဲ့သော
ဝိုင်အမ်ဘီအေအသင်းကြီး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အဌမမြောက်ညီလာခံတွင်
ဝိုင်အမ်ဘီအေအသင်းကို ဂျီစီဘီအေသို့ ပြောင်း လဲခဲ့ပြီး အသင်းချုပ်ကြီး၏
ပထမဆုံးဥက္ကဌအဖြစ် ဦးချစ်လှိုင်ကိုပင် ရွေးချယ်ခဲ့ကြသည်။ အသင်းချုပ်ကြီး၏
ဒုတိယဥက္ကဌအဖြစ် ဦးချစ်လှိုင်ကိုပင် ရွေးချယ်ခဲ့ကြသည်။
အသင်းချုပ်ကြီး၏ဒုတိယဥက္ကအဖြစ် ဦးဘစီနှင့် ရခိုင်အမျိုးသား ဦးစိန်လှအောင်၊
အတွင်းရေးမှူးအဖြစ် ဝတ်လုံဦးသင်းမောင်တို့ကို ရွေးချယ်ခဲ့ကြသည်။
၁၉၂၁
အောက်တိုဘာ ၂၁ မှ ၂၄ ထိ ဂျီစီဘီအေအသင်းကြီးချုပ်ကြီး၏
နဝမအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး
ဥက္ကအဖြစ်ဦးချစ်လှိုင်ကိုပင် ဆက်လက်ရွေးချယ်ခဲ့ကြသည်။ မန္တလေးညီလာခံတွင်
ဦးချစ်လှိုင်က ရွှေတိဂုံစေတီကုန်းတော်ပေါ်မှ အင်္ဂလိပ်ခံ တပ်ရွှေ့ပြောင်းပေးရန်၊
ဝှိုက်ကော်မတီနှင့် ဝေလမင်းသားအား သပိတ်မှောက်ရန်
အမျိုးသားနေ့သတ်မှတ်ရေးနှင့် “ဟုမ္မရူး”ခေါ် အုပ်ချုပ်ရေး ကိုတောင်းဆိုရန်
အဆိုတင်သွင်းရာ အသင်းကြီးကအတည်ပြုပေးခဲ့သည်။ သို့သော်
ဂျီစီဘီအေအသင်းကြီး၏ဥက္ကဌကို အလှည့်ကျတာဝန် ပေးအပ်လိုရာမှ ဦးဘဘေနှင့်
ဦးချစ်လှိုင်တို့ သဘောကွဲလွဲခဲ့ရသည်။
၁၉၂၂
ဇန်နဝါရီလ ၂ တွင် ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသား တိုင်းခန်းလှည့်လည်ရာမှ
မြန်မာပြည်သို့ ရောက်ရှိလာခဲ့သည်။ ဝေလမင်းသားမ လာမီကပင်
ဂျီစီဘီအေအသင်းချုပ်ကြီးက ဗြိတိသျှအိမ်ရှေ့မင်းသားအားမကြိုဆိုဘဲ သပိတ်မှောက်မည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရာ
ဥက္ကဌဦး ချစ်လှိုင်နှင့် ဂျီစီဘီအေခေါင်းဆောင် (၉) ဦး အပြစ်ပေးခံခဲ့ရသည်။
ဦးချစ်လှိုင်အား ၁၉၂၁ ခု ဒီဇင်ဘာလတွင် တောင်ကြီးမြို့သို့ နယ်နှင်
ဒဏ်အပြစ်ပေးခဲ့သည်။
၁၉၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဗြိတိသျှအစိုးရက မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေးပေးခဲ့သည် ။
၁၉၂၂ ဇူလှိုင်လ ၁၅ မှ ၁၆ ထိ ဂျီစီဘီအေ ဗဟိုအသင်းချုပ်အစည်းအဝေးကျင်းပ၍
ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံသင့်၊ လက်မခံသင့် အငြင်းပွားခဲ့ကြသည်။
ယင်းနောက်
၁၉၂၂ သြဂုတ် ၂၆ မှ ၂၇ ထိ ရန်ကုန်မြို့ ဂျူဗလီဟောတွင် ဦးချစ်လှိုင်၊
သာယာဝတီဦးပု၊ ဦးထွန်းအောင်ကျော်တို့ကြီးမှူး၍ ဂျီစီ ဘီအေ
အစည်းအဝေးကျင်းပပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံသည့်
ဦးဘဘေခေါင်းဆောင်သည့် ၂၁ ဦး (ဦးဘဘေ၊ ဦးမောင်ကြီး (အမ် အေ)၊ ဦးသိမ်းမောင်၊
ဦးပု၊ ဦးကွန်း၊ ဦးသိန်းမောင်၊ ဦးကိုကို၊ ဦးဘဦး၊ ဦးမောင်ကြီး၊ ဦးငယ်၊
ဦးစိမ်း(မြန်မာ့အလင်း)၊ ဦးမောင်မောင်ကြီး၊ ဦးဘ ရင်၊ ဦးဘလှိုင်
(လွယ်အိတ်ကြီး)၊ ဦးထွန်းဝေ၊ ဦးသင်းမောင်၊ ဦးထွန်းလှိုင်၊ ဦးသာလင်း၊ ဦးဘစိန်၊
ဦးလွန်းမောင်၊ ဦးမောင်မောင်အုန်းခိုင်)အဖွဲ့ကို ဆုံးဖြတ်ချက် (၃) အရ
ဂျီစီဘီအေအသင်းချုပ်ကြီးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ချက် ပြဌာန်းခဲ့သည်။
ဤအချိန်မှစ၍ ဦးချစ်လှိုင်၊ သာ ယာဝတီဦးပု၊ ဦးထွန်းအောင်ကျော်တို့
ကြီးမှူးသည့် ဂျီစီဘီအေကို လှိုင်၊ ပု၊ ကျော် ဂျီစီဘီအေ (ဝံသာနု
ဂျီစီဘီအေဟုလည်းခေါ်) ဟု အမည် တွင်ခဲ့လေသည်။
၁၉၂၂
နိုင်ဝင်ဘာ ၉ မှ ၁၀ ထိ လှိုင်ပုကျော် ဂျီစီဘီအေ (ဝံသာနု ဂျီစီဘီအေ) က
နိုင်ငံလုံးဆိုင်ရာ ဒသမအကြိမ်ညီလာခံကို သရက်မြို့တွင်ကျင်း ပခဲ့ရာ ညီလာခံ၌
ဆရာတော်ဦးဥတ္တမက ဒိုင်အာခီအုပ်ချုပ်ရေးအရ ကျင်းပမည့်ရွေးကောက်ပွဲကို
သပိတ်မှောက်ရန် မိန့်ခွန်းပြောကြား၍ ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule)
ကို တောင်းဆိုသည့်အဆိုတင်ကို တင်သွင်းခဲ့သည်။ ထိုအချိန်မှစ၍
ဦးချစ်လှိုင်ဦးဆောင်သော လှိုင်ပု ကျော် ဂျီစီဘီအေသည်
အစိုးရနှင့်မဆက်ဆံသောနည်းဖြစ် သည့် ဘူးအသင်းများ
(ဒိုင်အာခီအုပ်ချုပ်ရေးကို အသိအမှတ်မပြုဘူး၊ အခွန်မ ပေးဘူး၊ အစိုးရနှင့်
မဆက်ဆံဘူး) ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။ “ဘူး” အသင်းများသည် ဟင်္သတနယ်မှစ၍
ပေါ်ပေါက်ခဲ့သည်။
၁၉၂၄
ခုနှစ်တွင် ပုသိမ် ငဝန်ရေကာတာကျိုး၍ ရေးဘေးဒုက္ခအတွက် ဂျီစီဘီအေက
အလှူငွေများထောက်ပံ့ခဲ့သည်။ အလှူငွေများစာ ရင်းရှင်းရာ
ငွေကြေးအရှုပ်အထွေးများပေါ်ပေါက် ခဲ့ရာ သံဃာအချို့နှင့် လူကြီးများက
ဘဏ္ဍာငွေများကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် ဦးချစ်လှိုင် အား
အပြစ်တင်ခဲ့ကြသည်။ တဖန် ဦးချစ်လှိုင်နှင့် သာယာဝတီဦးပုတို့သည်
သံဃာ့သြဝါဒကိုဆန့်ကျင်ကြသောကြော င့် ၁၉၂၅ တွင် ဂျီစီ ဘီအေဥက္ကဌအဖြစ်
ရေနံချောင်းမြို့ တွင်းစားမျိုးရိုး ဦးစိုးသိမ်းကို သံဃာများက
ရွေးချယ်ခဲ့သည်။ ဦးချစ်လှိုင်ကလည်း “အညမည သမ္ဗန္ဓအဖွဲ့” ခေါ်
စင်ပြိုင်ဂျီစီဘီအေအဖွဲ့ကို တည်ထောင်ခဲ့သည်။ ဦးချစ်လှိုင်၏အဖွဲ့ကို
သာယာဝတီဦးညေးယျ ဦးဆောင်သော သံဃသာမဂ္ဂီအဖွဲ့က အားပေးခဲ့ရာ (၁၁) ကြိမ်မြောက်
ဂျီစီဘီအေနှစ်ပတ်လည်ညီလာခံကို ၁၉၂၄ မေ ၁၀ မှ ၁၃ ထိ ပေါင်းတည်မြို့၌ကျင်းပရာ
ညီလာခံတွင် ဦးချစ်လှိုင်အား “သမ္မတ” ဘွဲ့ဖြင့် ဂျီစီဘီအေအသင်းချုပ်ကြီး၏
ဥက္ကဌတင်မြောက်ခဲ့ကြသည်။ တဖန် ၁၉၂၅ ဇွန် ၂၄ မှ ၂၆ ထိ မကွေးမြို့တွင်
ဂျီစီဘီအေ၏ နိုင်ငံလုံးဆိုင်ရာ ၁၂ ကြိမ်မြောက်နှစ်ပတ်လည်ညီလာခံ၌
ဦးချစ်လှိုင်အား အမြဲတမ်းဂျီစီဘီအေဥက္ကဌအဖြစ် ရွေးချယ်ခဲ့သည်။
ဘဏ္ဍာငွေများကိုလည်း ဦးချစ်လှိုင်ဆန္ဒအတိုင်း အသုံးပြုနိုင်သော
အခွင့်အာဏာများအပ်နှင်းခဲ့သည်။ ဦးချစ်လှိုင်သည် မြန်မာတဝှမ်းဝံသာနု
တရားပွဲများ လှည့်လည်ဟောပြောစဉ် ရောက်ရာအရပ်၌ အမျိုးသားများက ရွှေထီးများ၊
ထီးဖြူများမိုးပေးခြင်း၊ အမျိုးသမီး များက ဆံပင်များ ကိုဖြန့်၍
လမ်းခင်းပေးခြင်း၊ ကရဝိတ် ဖောင်များဖြင့် ကြိုဆိုကြခြင်းများကို
ပြုလုပ်သည်အထိ လေးစားကြည်ညိုခဲ့ကြသည်။ ထို့ကြောင့် မြန်မာပြည်၏
သရဖူမဆောင်းသောဘုရင်ဟု သတ်မှတ်ခံရသည်။ ဦးချစ်လှိုင်သည် ၁၉၂၈ နိုင်ဝင်ဘာလ ၂
တွင်ကျင်းပခဲ့သော ဒိုင်အာခီ ဘုရင်အုပ်ချုပ်ရေးစနအရ ကျင်းပခဲ့သော တတိယအကြိမ်
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွ င် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
၁၉၂၉
ဇန်နဝါရီလ ၂၉ တွင် မြန်မာပြည်သို့ရောက်ရှိလာသည့် ဆိုင်မွန်ကော်မရှင်အား
ဦးချစ်လှိုင် ဂျီစီဘီအေသည် ဦးစိုးသိမ်း ဂျီစီဘီအေနှင့် အတူ
သပိတ်မှောက်ခဲ့သည်။
တွဲရေးခွဲရေးစတင်စဉ်က
ဦးချစ်လှိုင်သည် ပွဲစားကြီးဦးမြတ်သာထွန်း၊ ဝတ်လုံဦးပေါ်ထွန်းတို့နှင့်တွဲ၍
(လှိုင်မြတ်ပေါ်အဖွဲ့) တွဲရေးဘက်ပါ ဝင်လှုပ်ရှားခဲ့သည်။ ထို့ကြောင့်
ဦးချစ်လှိုင် ဂျီစီဘီအေမှာနာမည်ရင်းပျောက်ပြီး လှိုင်မြတ်ကျော်အဖွဲ့ဟု
ခေါ်ဝေါ်ကြသည်။ ၁၉၃၁ နိုင်ဝင် ဘာလမှ ၁၉၃၂ ဇန်နဝါရီလ ၁၂ ရက်အထိ ဗြိတိန်နိုင်ငံ
လန်ဒန်မြို့၌ အထက်လွှတ်တော်၌ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယ
မျက်နှာစုံညီ အစည်းအဝေးသို့ ဦးချစ်လှိုင်သည် မြန်မာကိုယ်စားလှယ် ၂၄
ဦးနှင့်အတူ တတ်ရောက်ခဲ့သည်။
၁၉၃၂
နိုင်ဝင်ဘာ ၉ တွင် ကျင်းပသည့် တွဲရေးခွဲရေးရွေးကောက်ပွဲတွင် တွဲဘက်မှ
ဦးချစ်လှိုင် ဂျီစီဘီအေသည် ၂၀ ဦး အနိုင်ရ၍ ဦးချစ်လှိုင် သည် လွှတ်တော်ဥက္ကဌ
ဖြစ်လာသည်။ ၁၉၃၂ ဒီဇင်ဘာ ၁၂ တွင် မြန်မာနိုင်ငံသည် ဥပဒေပြုလွှတ်တော်
အစည်းအဝေးကျင်းပသည်။ ထိုအ စည်းအဝေးတွင် တွဲရေးခွဲရေးနှင့် စပ်လျဉ်း၍
ခွဲရေးအဆိုတစ်ခုနှင့် တွဲရေးအဆိုတစ်ခု တင်သွင်းသည်။ ခွဲရေးအဆိုတရပ်မှာ
ယူနီဗာစီတီအမတ် ဦးထွန်းဖေတင်သွင်းသည့် မြန်မာပြည်ကို
အိန္ဒိယပြည်မှအမြန်ခွဲခွာပေးရန် လိုလားကြ၍ ဗြိတိသျှအစိုးရစီမံပေး
သောအုပ်ချုပ်ရေးကို လက်ခံ လိုသည်ဟူ၍ ဖြစ်သည်။ တွဲရေးအဆို ၅ ရပ်အနက်
အဆိုတစ်ရပ်မှာ တွဲရေးအမတ် ရမ်းဗြဲဦးမောင်မောင်တင်သွင်းသည့်
အိန္ဒိယပြည်မှ မြန် မာပြည်ကို ခွဲရန်စီမံခြင်းကို ဤလွှတ်တော်က ကန့်ကွက်သည်။
ထို့အပြင် အန္ဒိယနှင့် အမြဲတွဲဖက်ထားခြင်းကိုလည်း ဤလွှတ်တော်က အလို မရှိ
မြန်မာပြည်သည် ခွဲထွက်လိုသောအခါ ခွဲထွက်ခွင့်ရှိရမည်ဟူ၍ ဖြစ်သည်။
လွှတ်တော်ဥက္ကဌ
ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုကိုလက်ခံပြီး တွဲရေးအဆို ၅ ရပ်ကို
ပယ်လိုက်သည်။ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုနိုင်လျှင်
ခွဲရေးနိုင်မည်။ ခွဲရေးအဆိုရှုံလျှင် တွဲရေးနိုင်မည်။ ဥပဒေပြုလွှတ်တော်တွင်
တွဲရေးအမတ်များက ခွဲရေးအဆိုကို ကန့် ကွက်ပယ်ချလိုက်လျှင် တွဲရေးအလိုအလျောက်
နိုင်ပြီဖြစ်သည်ဟု ယူဆခဲ့သည်။
ယင်းနောက် ၁၉၃၂ ဒီဇင်ဘာ ၁၃ တွင်ကျင်းပသော မြန်မာနိုင်ငံဥပဒေပြုလွှတ်တော် အစည်းအဝေးတွင်
ဆာဂျေအေမောင်ကြီးက လွှတ်တော် ဥက္ကဌ ဦးချစ်လှိုင်အား အယုံအကြည်မရှိ
အဆိုတင်သွင်းခဲ့ရာ ထောက်ခံမဲ ၇၀၊ ကန့်ကွက်မဲ ၂၅ ဖြင့် အဆိုအနိုင်ရရှိသဖြင့်
ဦးချစ်လှိုင်သည် လွှတ်တော်ဥက္ကဌအဖြစ်မှ ပြုတ်ကျ ခဲ့ရသည်။
၁၉၃၆
နိုင်ဝင်ဘာ ၁၀ မှ ၁၄ ထိ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁
ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအောက်လွှတ်တော်အမတ် ရွေးကောက်ပွဲကျင်းပခဲ့ရာ
ရွေးကောက်ပွဲ၌ ဝတ်လုံဦးပေါ်ထွန်းနှင့်တွဲ၍ယှဉ်ြ ပိုင်ခဲ့ရာ ဦးချစ်လှိုင်
ဂျီစီဘီအေမှ ၁၂ ဦး အနိုင်ရရှိခဲ့သည်။ ယင်း နောက် ဒေါက်တာဘမော်ဦးဆောင်သော
ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဦးချစ်လှိုင်သည် အောက်လွှတ်တော်ဥက္ကဌအဖြစ်
ရွေးချယ်ခံရသည်။
ဦးချစ်လှိုင်သည်
လွှတ်တော်ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ၁၉၃၇ မတ်လ ၁၅ တွင် ငါးပွင့်ဆိုင်
အဖွဲ့က ဒေါက်တာဘမော်ကြီးမှူးသော အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ
အဆိုတင်သွင်းရာ ကန့်ကွက်မဲ ၅၆ မဲ၊ ထောက်ခံမဲ ၅၆ မဲ ရသဖြင့်
မဲအရေအတွက်တူနေရာ လွှတ်တော် ဥက္ကဌ ဦးချစ်လှိုင်က မိမိမဲကို
အစိုးရဘက်သို့ပေးလိုက်သဖြင့် အဆိုရှုံးနိမ့်ကာ ဒေါက်တာဘမော်အစိုးရလည်း
မြဲခဲ့လေသည်။
ဦးချစ်လှိုင်သည်
၁၉၃၇ မေလ ၁၂ ရက်နေ့တွင် လန်ဒန်မြို့ ဘက်ကင်ဟမ်နန်းတော်၌ ကျင်းပခဲ့သော
ဆဌမမြောက် ဂျော့ဘုရင်၏ ရာဇဘိ သိက်ခံယူပွဲသို့ တက်ရောက်ခဲ့သည်။
ဦးချစ်လှိုင်သည် ၁၉၄၂ ခုနှစ်တိုင် လွှတ်တော်အတွင်း၌ ဆောင်ရွက်ခဲ့သည်။
ဂျပန်ခေတ်တွင်
ဒေါက်တာဘမော် ဥက္ကဌအဖြစ်ဆောင်ရွက်သော ဗမာ့လွတ်လပ်ရေးစီစဉ်မှုကော်မရှင်
အဖွဲ့တွင် အဖွဲ့ဝင်နှင့် ၁၉၄၃ သြဂုတ် ၅ ရက်နေ့တွင် အဓိပတိ ဒေါက်တာဘမော်၏
အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံရသည်။
ဒုတိယကမ္ဘာစစ်အပြီး
မဟာမိတ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဘုရင်ခံ ဒေါ်မန်စမစ်၏
အတိုင်ပင်ခံ ဥပဒေပြုကောင်စီအဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခံရသည်။
မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက်တွင်
နိုင်ငံရေးဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၉၅၁ ဇွန် ၁၂ တွင် လွတ်လပ်ရေးရပြီးနောက်
ပထမဆုံးအကြိမ်ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် မော်လမြိုင်မဲဆန္ဒနယ်မှ
ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ အတိုက်အခံအမတ်အဖြစ်
ဆောင်ရွက်နေစဉ် မွန်အမျိုးသားခေါင်းဆောင် မွန်ဦးဖိုးချို ဦးဆောင်သော
မွန်တိုင်းရင်းသားများက ဖဆပလအစိုးရအား သီးခြားမွန်ပြည်နယ်တောင်းဆိုခဲ့ ရာ
ဦးချစ်လှိုင်သည် ဆာဂျေအေမောင်ကြီး ဓါတုပေဒဝန် (အငြိမ်းစား)
ဦးချစ်သောင်တို့နှင့်အတူ ကန့်ကွက်ခဲ့သည်။ မွန်စာ ပေ၊ မွန်ယဉ်ကျေးမှု
မပျောက်ပျက်ရေးအတွက်သာ ဖဆပလအစိုးရက ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ၁၉၅၁
ခုနှစ် တွင် ဦးဘဘေ (ဘကြီးဘဘေ)၊ ဦးပု (နန်းရင်းဝန်ဟောင်း)
တို့နှင့်ပူးပေါင်း၍ ပြည် ထောင်စုမြန်မာနိုင်ငံအဖွဲ့ (The Union Of Burma
League) ကို တည်ထောင်ခဲ့သည်။ ၁၉၅၂ ခုနှစ် မတ် ၁၂ တွင် နိုင်ငံတော်သမ္မတရွေး
ကောက်ပွဲ၌ အတိုက်အခံအမတ်များက ဦးချစ်လှိုင်အား သမ္မတလောင်းအဖြစ်
အဆိုပြုခဲ့သော်လည်း ဖဆပလအစိုးရကပယ်ချ၍ တရားလွှတ် တော်ဝန်ကြီးချုပ်
ဆာဘဦးအားရွေးချယ်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ် သြဂုတ်လတွင်ကျင်းပခဲ့သော
ပါလီမန်ဘတ်ဂျက်အစည်း အဝေးသည် ဦးချစ်လှိုင် နောက်ဆုံးတက်ရောက်ခဲ့သော
ပါလီမန်အစည်းအဝေးဖြစ်သည်။
ထို့နောက်
ဦးချစ်လှိုင်သည် ၁၉၅၂ အောက်တိုဘာလ ၃၁ နံနက် ၆ နာရီ ၃၀ မိနစ်တွင်
ရန်ကုန်မြို့ ဓမ္မစေတီလမ်း အမှတ် ၁၈၅ နေအိမ်၌ ရုတ်တရက်ကွယ်လွန်ခဲ့သည်။
ကွယ်လွန်ချိန်၌ ဇနီး ဒေါ်အိနှင့် သမီးနှစ်ဦး ဒေါ်မြင့်မြင့် (ဦးဖေသန်း)၊
ဒေါ်လှလှ (ဦးခင်မောင်မောင်)တို့ ကျန် ရစ်ခဲ့သည်။ ဦးချစ်လှိုင်၏ ပထမဇနီးမှာ
၁၉၂၀ ပြည့်နှစ်ကပင် ကွယ်လွန်သွားခဲ့လေသည်။
ကိုးကား
(၁) မြန်မာ့ ရက်စဉ်သမိုင်း (ပတွဲ၊ဒုတွဲ) သမိုင်းသုတေသနဦးစီးဌာန၊ ပကြိမ် ၂၀၀၉။
(၂) မြန်မာ့စွယ်စုံကျမ်းတွဲ (၂) စာပေဗိမာန်၊ ၁၉၇၇။
(၃) မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၊ Unity စာပေ ၂၀၁၀။
(၄) သန်းဝင်းလှိုင်၊ အနှစ်ချုပ် မြန်မာ့သမိုင်းအဘိဓါန် (ပထမတွဲ) ပကြိမ် ပညာရွှေတောင်၂၀၁၀။
0 comments:
Post a Comment