Wednesday, January 5, 2011

ကျောင်းပေါင်းစုံ စကားပြောစွမ်းရည်ပြိုင်ပွဲ

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ စကားပြောစွမ်းရည်ပြိုင်ပွဲ ကို မိတ်ဆွေကောင်းစာကြည့်တိုက်မှ ကြီးမှူးကျင်းပပေး ခဲ့ပါသည်။ကျင်းပပေးရခြင်းရဲ့ ရည်ရွယ်ချက်မှာ ကျောင်းသူကျောင်းသားများ လူအများေ၇ှ့ထွက်ကာ မိမိပြောချင်တာကို မကြောက် မရွံပြောရဲဆိုရဲ ပြောတတ်ဆိုတတ် ရဲစွမ်းသတ္တိများပြည့်ဝလာကာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင်ယူပေးခဲ့သော ဗိုလ်ချုပ်အောင် ဆန်းတို့လို တိုင်းပြည်ခေါင်းဆောင်များပေါ်ထွက်လာအောင် ရည်ရွယ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့ခောတ်မှာ ကျောင်းသားတွေ စကားပြောပြိုင်ပွဲတွေ စကားရည်လုပွဲတွေ စာပေပြိုင်ပွဲတွေ ရှိခဲ့ကြပါတယ်။ဒါကြောင့်လဲ သူတို့ခောတ်ကျောင်းသားတွေကို ကြည့် ၇င်တကယ့်ကိုလူတော် တွေများနေတာကိုတွေ့ရပါတယ်။ဦးနုကိုယ်တိုင် သူရေးတဲ့တာတေ စနေသားစာအုပ်ထဲမှာ သူနဲ့ပြိုင်ဘက် စကားပြောကောင်းတဲ့ကောင်းမလေးကို အားကျကာ ကြိုးစားရင်း စကားပြောစွမ်းရည်တွေတက်လာတာကိုဖတ်ရပါတယ်။ အခုနောက်ပိုင်း ကျောင်းတွေမှာ စကားပြောပြိုင်ပွဲတွေဟာမရှိသလောက်ရှားပါလာပါတယ်။ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။
ဥပမာအားဖြင့် တင်ပြရရင် စာရေးသူတို့ငယ်ငယ်က ခေါင်းရိတ်တဲ့အခါ သင်တုံးဓါးနဲ့ရိတ်ရပါတယ်။ခေါင်းရိတ်ခါနီးတိုင်းသွေးရပါ။ အမြဲသွေးနေသည့်အတွက် အရမ်းပြတ်ပါတယ်။ဂျာမဏီကလာတဲ့ ဓါးမောက်တံဆိပ်ဆိုရင်အရမ်းကိုပြတ်တဲ့အတွက်နာမည်ကြီးပါ တယ်။စာရေးသူမှာ ဓါးမောက်ဓါးတစ်လက်ရှိပါတယ်။ဒီနောက်ပိုင်းမျာ တစ်ခါသုံး ရယ်ဒီမိတ်ဘရိတ်ဓါးတွေကိုသုံးလာပါတယ်။ ရယ်ဒီမိတ်ခောတ်ကိုရောက်လာတော့ ဘရိတ်ဓါးတွေဟာ ကျန်းမာရေးအတွက်လည်း အဆင်ပြေဖြစ်လာတော့ သင်တုံးဓားကို ဘယ်သူမှမသုံးတော့ပါဘူး။ဘယ်သူမှမသုံးတော့ သူကိုဘယ်သူမှအညောင်းခံမသွေးတော့ပါဘူး။အဲဒီတော့အရင်က သူများခေါင်း ပေါ်မှာအသုံးဝင်နေတဲ့ သင်တုံးဓါးဟာ သွေးပေးမဲ့သူမရှိဖြစ်ကာ မြောင်းထဲ အပါယ်ခံဘ၀ရောက်သွားရပါတယ်။ ဒါဟာသူအတွက် chance အခွင့်အရေးမရှိတော့လို့ဘဲဖြစ်ပါတယ်။သက်မဲ့ပစ္စည်းဟာ သူ့အတွက်အခွင့်ရေးမရှိတော့လို့ မြောင်းထဲရောက်သွားတာ ဘာမှမစမ်းပေမဲ့ သက်ရှိဖြစ်တဲ့လူသားတွေ အခွင့်အရေးကို ကိုယ်တိုင်ဖန်းတီးနိုင်စွမ်းရှိတဲ့လူသားတွေဟာ ဘာမှမဖန်တီးဘဲ မြောင်ထဲရောက်သွားတာတော့ အင်မတန်ဝမ်းနည်းစရာကောင်းလှပါတယ်။


အခွင့်အရေး chance မရှိရင်ဘာအရည်အချင်းမှ မထွက်တော့ပါဘူး။ဒါကြောင့် အမေရိကမှာ ဘယ်လောက်ပဲအရည်အချင်းရှိရှိ သမ္မတနှစ်ကြိမ်ထက်ပိုပြီးဖြစ်ခွင့်မရှိပါဘူး။ သူသမ္မတနေ ရာကိုကြာကြာထိုင်ထားရင် နောက်လူတွေအတွက် သမ္မတဖြစ်ခွင့်တွေ ဆုံးရှုံသွားနိုင်ပါတယ်။နောက်လူတွေက သမ္မတဆိုတာငါနဲ့ဘာမှမဆိုင်ဘူးလို့မြင်လာရင် သမ္မတအရည်အချင်းပြည့်မီသူတွေ ထွက်မလာနိုင်တော့ပါဘူး။လူငယ်တွေရဲ့ကြိုးစားချင်စိတ်တွေကို သတ်ပြစ်လိုက်တာဟာ အနာဂါတ်ကိုမြေမြုပ်သဂြိုင်္ဟ်ပြစ်လိုက် ရာရောက်ပါတယ်။
အဲဒီတိုင်းပြည်ဟာဘယ်တော့မှ မကောင်းစားတော့ပါဘူး။မြန်မာနိုင်ငံဟာ ဦးနေ၀င်းလက်ထက်ကနေ စပြီး ယနေ့ထိ အာဏာရှင်တွေသာသူတို့အချင်းချင်းလက်ဆင့်ကမ်းအုပ်ချုပ်ခဲ့တာမို့ တိုင်းပြည်ခေါင်းဆောင်ဆိုတာ ငါတို့မဆိုင်ဘူးလို့ လူငယ်တွေရဲ့စိတ်ထဲမှာ မြင်ယောင်လာပါတယ်။ဒါဟာလူငယ်တွေ အားလုံးမျိုးဆက်သစ်တွေအားလုံးကိုသတ်ပြစ်လိုက်တာပါဘဲ။ ဒါကြောင့်မျိုးဆက်သစ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ဆုံးရှုံးလာပါတယ်။မျိုးဆက်သစ်တွေရဲ့ယုံကြည်မှုတွေ ပျောက်ပျက် မသွားဖို့အင်မတန်မှ အရေးကြီးပါတယ်။ဒါကြောင့်စာရေးသူနှင့်တကွ သူငယ်ချင်းတွေဟာ မြန်မာပြည်မှာနေစဉ်ကတည်းက စာပေ၀ိုင်း တွေ စာကြည့်တိုက်တွေ အခမဲ့ဘာသာဗေဒ သင်တန်းတွေ ကွန်ပျူတာသင်တန်းတွေ ဖွင့်ကာပညာဒါနပေးဝေခဲ့ပါတယ်။ ၁၅ ရက်တစ်ကြိမ် စကားပြောပြိုင်ပွဲတွေ ကျပန်းစကားပြောပြိုင်ပွဲတွေ ကဗျာ ဆောင်းပါးပြိုင်ပွဲ တွေကို အခက်အခဲတွေ ကြားထဲကနေ မရရအောင်ကျင်းပပေးခဲ့ပါတယ်။န အ ဖ စစ်အုပ်စုရဲ့ အမျိုးမျိုးဒုက္ခပေးမှုကိုရင်ဆိုင်ခဲ့ရ ပါတယ်။ဒါပေမဲ့အကျိုးအများကြီးရှိပါတယ်။ ပြောရဲဆိုရဲ ပြောတတ်ဆိုတတ် ရဲစွမ်းသတ္တိနှင့်ပြည့်စုံတဲ့မျိုးဆက်သစ်လူငယ်တွေ အများ ကြီးမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။လူငယ်တွေဟာ သူတို့အတွက် အခွင့်အရေးရှိရင်တကယ်ကြိုးစားကြတယ်ဆိုတာကို ကိုယ်တိုင်တွေ့ခဲ့ရသည့်အတွက် ရောက်လေရမှာ စာကြည့်တိုက်တွေထောင်ပါတယ်။ပညာရေးနှင့်ပတ်သတ်တဲ့သင်တန်းတွေဖွင့်ပါတယ်။ခက်တာက လူကြီးတွေဟာ သူတို့အတွက်သာ စာပေဟောပြောပွဲတွေဖန်တီးပြီးကျင်းပကြပေမဲ့ ကလေးတွေအတွက် ဟောပြောပွဲတွေကျင်းပပေးရမယ်ဆိုတာကို မေ့နေကြတာများ ပါတယ်။မျိုးဆက်သစ်လူငယ်တွေရဲ့ ဘ၀တွေကိုမေ့ထားတဲ့ဘယ်နိုင်ငံမဆိုဘယ်တော့မှ မကောင်းပါဘူး။ဒါကြောင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း မိမိတို့ဟာ လူငယ်ဘ၀က လာခဲ့ကြတယ်ဆိုတာကို မမေ့ ကြဘဲ မျိုးဆက်သစ်တွေအတွက် စကားပြောခွင့် ပညာနှင့်ပတ်သတ်ပြီး ယှဉ်ပြိုင်ခွင့် အခွင့်အရေးများဖန်တီးပေးကာ တိုင်းပြည် အတွက်အာဇာနည် မျိုးဆက်သစ်လူငယ်လေးများ မွေးထုတ်ပေးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းရင်း...... မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment