နာရီလိုလူ
လူမှန်သမျှကြီုးမြင့်လိုကြ၏။ လောကအလယ်တွင် ထင်ပေါ်လိုကြ၏။ အောင်မြင်မှုကို လိုလားကြ၏။ ထို့ကြောင့် လူတိုင်းတွင်အားကျလေးစားအတုယူချင်ကြသော လူစွမ်းကောင်းအသီးသီးရှိလာလေ၏။ ထို့အတူ မိမိလေးစားအားကျမိသော ပုဂ္ဂိုလ်ကဲ့သို့ ဖြစ်လိုကြ၏။ ထိုစိတ်ကြောင့်ပင် ကြိုးစားအားထုတ်ကြသော်လည်း တစ်ချို့ကားအောင်မြင်ကြ၏။ တစ်ချို့မှာ မအောင်မြင်ကြပေ။
လူမှန်သမျှကြီုးမြင့်လိုကြ၏။ လောကအလယ်တွင် ထင်ပေါ်လိုကြ၏။ အောင်မြင်မှုကို လိုလားကြ၏။ ထို့ကြောင့် လူတိုင်းတွင်အားကျလေးစားအတုယူချင်ကြသော လူစွမ်းကောင်းအသီးသီးရှိလာလေ၏။ ထို့အတူ မိမိလေးစားအားကျမိသော ပုဂ္ဂိုလ်ကဲ့သို့ ဖြစ်လိုကြ၏။ ထိုစိတ်ကြောင့်ပင် ကြိုးစားအားထုတ်ကြသော်လည်း တစ်ချို့ကားအောင်မြင်ကြ၏။ တစ်ချို့မှာ မအောင်မြင်ကြပေ။
ထို့ကဲ့သို့ လူ့လောကလယ်တွင် အာဂလူ၊
လူပီသသောလူ၊
ကိုယ့်ရာဇ၀င်ကိုရေးနိုင်သူ၊အများတကာအထက်ကလူတစ်ယောက်ဖြစ်လိုသူတိုင်းသည် နာရီလက်တံ
ကဲ့သို့ကျင့်ရပေမည်။ နာရီလက်တံသည် နောက်ကို ဘယ်တော့မှ မဆုတ်ပေ။ ရှေ့ကိုသာလျှင်
သွားမြဲသွားလေ၏။ သို့ရာတွင် နာရီလက်တံသည် ရွေ့လျားရာ၌အလွန်နှေးသော်လည်း
တစ်နေ့လျှင် ၂၄ခါပါတ်မိအောင် သွားလေသည်။
ထို့ကဲ့သို့ နောက်မဆုတ်ပဲ ရှေ့ကိုသာလျှင်
တိုးမြဲတိုး ၍ သွားသော လူသာလျှင် အောင်မြင်သောလူတစ်ယောက် ဖြစ်နိုင်ပေ၏။ အဆိုပါ
လူပုဂ္ဂိုလ်များကို ‘ဇွဲ’ ရှိသော လူဟုခေါ်လေ၏။ ထိုသူအပေါင်းတို့သည်
အောင်မြင်ခြင်းကို ဆုပ်ကိုင်နိုင်သော အာဂလူများအုပ်စုတွင် ပါဝင်နိုင်သော အချို့
ဖြစ်နိုင်လေ၏။
ထို့ကြောင့်
မအောင်မြင်သောလူအချို့ကား မည်ကဲ့သို့သော အမျိုးအစားများ ဖြစ်သနည်း။ By fits and starts ဟူသောစကားသည်
အလောသုံးဆယ် လုပ်တတ်သောလူမျိုးကိုဆိုလို၏။ ထိုသူများ၏စိတ်သည် အဘယ်မျှပင်
ကြိုးစားအားထုတ်ကြသော်လည်း မဖြစ်မမြောက်ပဲ အခက်အခဲကြုံသည့်အခါ စိတ်အားလျှော့တတ်ကြလေသည်။
မအောင်မြင်လာသောအခါ များစွာစိတ်ပျက်တတ်ကြလေ၏။ စာအုပ်တစ်အုပ်ကို စတင်ဖတ်ရာ၌နာက်ဆုံးစာမျက်နှာကို
လှန်လှော၍ အလောသုံးဆယ် ကြည့်တတ်ကြ၏။ ပညာကို သင်ရာ၌အမြန်ဆုံးတတ်အောင် သင်ယူသောနည်းကို
မေးတတ်ကြ၏။ စင်စစ်အားဖြင့် ထိုသူများသည် ဇွဲမရှိသော လူ့အပျင်းများသာ ဖြစ်ကြလေသည်။ “လူပျင်းလုံလတစ်ခဏ” ဟုဆိုသည့်အတိုင်း ထိုသူတို့၏စိတ်၌ဖြစ်ချင်လိုသောဆန္ဒသည်
အလောသုံးဆယ်ဖြစ်ပေါ်၏။ ထို့နောက် အလောသုံးဆယ်ကြိုးစားကြ၏။ ပြီးလျှင်ထိုသူတို့၏
စိတ်၌လျင်မြန်စွာကြိုးစားချင်သောစိတ်သည် အလောသုံးဆယ်ပြန်ထွက်သွားလေတော့၏။ “ကောက်ရိုးမီးပုံမျှ ဟုန်းခနဲ”
တစ်အောင့်မျှသာထ၍ တောက်ခြင်းပင်ဖြစ်လေ၏။
မည်သည့်လုပ်ငန်းတွင်မဆို
အောင်မြင်ချင်လျှင် အောင့်နိုင်စွမ်းရှိရာ၏။ “အောင်ချင်လျှင်အောင့်”ဆိုသည်မှာ
ပင်ပန်းဆင်းရဲမှုဒဏ်ကို အလုပ်မပြီးမြောက်မခြင်းအောင့်၍ ခံခြင်းပင်ဖြစ်လေသည်။ Thomas Edison သည် သူ၏စမ်းသပ်မှုအတွက်
အကြိမ်ပေါင်းမြောက်များစွာ လုပ်ခဲ့ရ၏။ အချိန်ပေါင်းများစွာ အပင်ပန်းဆင်းရဲခံ၍
မဖြစ်မြောက်မှုကိုအောင့်ခဲ့ရ၏။ မအောင်မြင်ခြင်းအတွက် စိတ်မလျှော့ခဲ့ပေ။
စမ်းသပ်မှုပေါင်းများစွာကို ထောင်ချီ၍ နောက်မဆုတ်ပဲရှေ့သို့သာလျှင်
တိုးမြဲတိုး၍သွားခဲ့သောကြောင့် နောက်ဆုံး တွင်အောင်မြင်မှုကို
ဆုတ်ကိုင်နိုင်ခဲ့လေ၏။ အောင်မြင်လိုသူသည် “ကံ”ဆိုသောအရာကို
ကောင်းခြင်း၊ ဆိုးခြင်း ခွဲခြားခြင်းထက် မိမိလုပ်သောအလုပ်ကိုသာလျှင် ကောင်းခြင်း၊
ညံ့ခြင်း၌ဖြစ်မဖြစ်ကိုသာ ခွဲခြားသင့်၏။ လူတိုင်းသည်အောင်မြင်လိုသောစိတ် “အောင်စိတ်” လွန်စွာပြင်းပြမှသာလျှင်
အောင်မြင်နိုင်၏။ အောင်မြင်သောသူမဖြစ်မီက မိမိ၏ဇာတာမှာ သာမန်မျှသာဖြစ်၏။ သို့သော်
အောင်မြင်သောသူတစ်ယောက်ဖြစ်လာသောအခါ
ဇာတာသည်တစ်မျိုးတစ်ဖုံဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ ထိုအခါ
ဗေဒင်ကပါလိုက်၍ပြောင်းလဲရလေတော့၏။ သို့ရာတွင် အခက်အခဲများစွာကို မအောင်မြင်ခြင်း
ရေရှည်အောင့်နိုင်သော သတ္တိမျိုးသာရှိဖို့လိုလေ၏။
“ဇွဲ”ဆိုသည်မှာ
တစ်ခုခုကိုမိမိလိုရာမရောက်မချင်းစွဲစွဲမြဲမြဲ လုပ်ကိုင်နိုင်သောစိတ်ကို ဆိုလို၏။
မအောင်မြင်မီအတွင်းအခက်အခဲပေါင်းစုံသည် အသင့်စောင့်ကြိုလျက်ရှိ၏။ ထိုအခါ
အဘယ်မျှပင် အပင်ပန်းခံသော်လည်း ထိုအခက်အခဲများကိုရေရှည်တွန်းလှန်မည်ဆိုသော
ဇွဲမရှိက မအောင်မြင်နိုင်ပေ။ ဇွဲ၏သဘောကား ဘယ်တော့မျှ စိတ်အားမလျှော့နောက်မဆုတ်ပဲ
ရှေ့သို့သာလျှင်တိုးခြင်းဖြစ်လေ၏။ ချောတိုင်တက်သောသူများသည်
တိုင်ထိပ်တွင်မိမိအလိုရှိရာကို တွေ့သော်လည်း ထိပ်သို့ရောက်အောင် ဇွဲမလျှော့ပဲ
ကြိမ်ဖန်များစွာ တက်နိုင်မှရလေ၏။ဒီမော်စတီနစ်
ခေါ် ဂရိလူမျိုးတရားဟောဆရာကြီးသည် စကားပြောရာ၌ လွန်စွာထစ်၏။ သို့သော်ရာဇ၀င်၌
အပြောအဟောအကောင်းသော ပုဂ္ဂိုလ်အဖြစ်သို့ရောက်အောင်ကြိုးစားအောင်မြင်ခဲ့သည်မှာ
ဇွဲ၏အစွမ်းပင်ဖြစ်လေ၏။ အမေရိကန်၌ မျက်မမြင်ပန်းချီဆရာကြီးတစ်ဦးရှိခဲ့ဖူး၏။
သူ၏မျက်စိမှာ လုံးဝမကွယ်သော်လည်း ဘယ်အရာကိုမျှကောင်းစွာမမြင်ရပေ။ သူ၏မျက်စိတွင်
မှုန်ဝါးဝါးသာမြင်ရသ်ာလည်း ဖြစ်အောင်ရေးမည်ဆိုသောစိတ်ဖြင့်
ရာသီဥတုအလိုက်သဘာဝပန်းချီကားများကို ရေးခြယ်လေတော့၏။ သူ၏ပန်းချီကားများမှာ
မျက်စိအမှုန်ကြီးနှင့်မြင်သည့်အတိုင်းရေးခြယ်ထားသောကားများဖြစ်သောကြောင့်
ကောင်းစွာမထင်ရှားသော်လည်း ရာသီနှင့်အချိန်အငွေ့အသက်မှာ
သိသာထင်ရှားလှအောင်ပီပြင်လှသဖြင့် လူပေါင်းများစွာက
ကြိုက်နှစ်သက်ကာဒေါ်လာပေါင်းများစွာ ပေးဝယ်ကြလေသည်။
ဥာဏ်ပညာ၌
ထူးချွန်ထက်မြက်လှသောသူသည်လည်း ဇွဲသမားကိုမမီနိုင်ပေ။ လောက၌ ဥာဏ်စွမ်းရှိပါလျက်
မကြီးပွား၊ မအောင်မြင်သောသူပေါင်းများစွာ ရှိကြလေသည်။ ထူးချွန်သောဥာဏ်ရှိပါလျက်
ဆင်းရဲနေသောသူများစွာ ရှိကြလေသည်။ ပညာတတ်ပုဂ္ဂိုလ်များသည်လည်းဇွဲသမားကိုမမှီနိုင်။
ပညာတတ်တွေဆင်းရဲ၍ နေကြသည်မှာ လောကအလယ်တွင် မြောက်မြားစွာတွေ့နိုင်လေသည်။
အောင်မြင်ခြင်းသည် ဥာဏ်ပညာခွန်အားဗလ၌ အမှီပြုခြင်းမဟုတ်ပဲ ဇွဲကောင်းခြင်းအပေါ်မှာသာ
အမှီပြုခြင်းဖြစ်ကြောင်း ယုန်နှင့်လိပ်အပြေးပြိုင်သော ပုံပြင်ကိုဖတ်ခြင်းဖြင့်လည်း
သိနိုင်လေသည်။ ဘ၀အောင်မြင်တိုးတက်ရေးအတွက် ဇွဲလောက်အဘယ်အရာမျှ မစွမ်းပေ။
ဇွဲကောင်းခြင်းနှင့် စိတ်ခိုင်ခြင်းသည်သာလျှင် လောက၌အလုံးစုံကို
ပြီးမြောက်အောင်စွမ်းဆောင်နိုင်လေသည်။
ထိုကြောင့် ကြီးမြင့်လိုသောသူ၊
အောင်မြင်လိုသောသူ၊ လူပီသသောလူ၊ အာဂလူတစ်ယောက်ဖြစ်ရေးအတွက် “လူပျင်းလုံ့လတစ်ခဏ” ဆိုသကဲ့သို့ အလောသုံးဆယ်မလုပ်သင့်ပေ။ “ အောင်ချင်လျှင်အောင့်”ဟုဆိုသည့်အတိုင်း
ပင်ပန်းဆင်းရဲမှုဒဏ်ကို သည်းခံ၍ လိုရာပန်းတိုင်သို့မရောက်ရောက်အောင်
စွဲမြဲစွာတစ်ခုတည်း၌ လုပ်ရလေ၏။ ထိုကဲ့သို့ အခက်အခဲကြုံတိုင်း
နောက်သို့မဆုတ်ပဲ ရှေ့ကိုသာလျှင် တိုးမြဲတိုး၍သွားသော နာရီလက်တံကဲ့သို့
ဇွဲသန်သောသူသာလျှင် တကယ့်အောင်မြင်မည့်လူ၊ အာဂအလောင်းအလျာဟုဆိုအပ်သော နာရီလိုလူသာလျှင်
ဖြစ်ချေသည်တကား။
အပ္ပမာဒေါ အမတံ ပဒံ
နေစကြာနိုင်
၂၂.၄.၂၀၁၁
naysatkyarnaing@gmail.com
0 comments:
Post a Comment