Tuesday, March 1, 2011

wisdom and knowledge အသိဥာဏ်ပညာနှင့်အသိအလိမ္မာ

  • Mind moves matter.

    စိတ်သည် အခြေအနေ အကြောင်းကိစ္စအားလုံး ပြီးမြောက်အောင်မြင်စေသည်။
          Our life is what our thoughts make it.
  • ကျွန်ုပ်တို့၏ ဘဝ သည် ကျွန်ုပ်တို့ ထင်မြင်ယူဆချက်များနှင့် တည်ဆောက်ထားသည်။
            Wisdom is acquired by an inquiring mind.
  • အသိဉာဏ်ပညာ ဆိုသည်မှာ အသစ်အသစ်များအတွက် စူးစမ်းလေ့လာခြင်းဖြစ်သည်။
             A man who does not think for himself does not think at all.
  • ကိုယ့်အတွက်ကိုယ်ပင် မစဉ်းစားတတ်သောသူတစ်ဦးအနေနှင့် တပါးသူအတွက် စဉ်းစားပေးလိမ့်မည်မဟုတ်။


  • The beginning of wisdom is to call things by their true names.

    အသိဉာဏ်ပညာ တစ်ခု၏ အစသည် အရာဝတ္ထုများ၏ အမည်နာမ များအား နာမည် အမှန်ကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။


  • In the practical use of our intellect, forgetting is as important as remembering.

    ကျွန်ုပ်တို့၏ ဉာဏ်စွမ်း ကို လက်တွေ့ အသုံးချရာတွင် မေ့ပျောက်ခြင်းက သတိရခြင်း ကဲ့သို့ အရေးကြီး ကြောင်း သိလာမည်။


  • Genius means little more than the faculty of perceiving in an unhabitual way.

    ထူးချွန်သူတို့၏ စိတ်စွမ်းရည် ထူခြားချက်မှာ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် သာလွန်ကောင်းမွန်သော အတွေးများကို တွေးခေါ်နိုင်ခြင်းဖြစ်သည်။


  • All genius is a conquering of chaos and mystery.

    ထူးချွန်သူများသည် ပရမ်းပတာဖြစ်ခြင်း နှင့် နားမလည်နိုင်သော အရာများကို အောင်မြင်ကြသူများဖြစ်သည်။


  • Knowledge is the antidote to fear.

    အသိအလိမ္မာသည် ကြောက်ရွံ့ခြင်း၏ ဖြေဆေးဖြစ်သည်


  • Ignorance is the womb of monsters.

    မသိနားမလည်ခြင်းသည် မကောင်းဆိုးဝါး တစ်ကောင်၏ ဝမ်းဗိုက်တွင်းမှ သန္ဓေသားနှင့်တူသည်။


  • Ignorance is not bliss, it is oblivion.

    မသိနားမလည်ခြင်းသည် ချမ်းမြေ့ပျော်ရွှင်မှုကင်းမဲ့ခြင်း နှင့် သတိလွတ်ခြင်းဖြစ်သည်။


  • Where there is a feast of words there is often a famine of wisdom.

    စကားလုံးများနှင့် ပြည့်လျှံဖောင်းပွနေသောသူသည် အသိဉာဏ်ပညာ ငတ်မွတ် ခေါင်းပါးသူသာဖြစ်သည်။


  • The truth and rapture of man are holy things, not lightly to be scorned. A carelessness of life and beauty mark the glutton, the idler, and the fool in their deadly path across history.

    လူသားတစ်ဦး၏ အမှန်တရားနှင့် ခင်ခင်မွတ်မွတ် နှစ်သက်အားရခြင်း သည် မြင့်မြတ်သော အရာဖြစ်သည်။ ဥပေက္ခာမပြုရန်မဟုတ်။ ဘဝနှင့် အလှအား ဥပေက္ခာပြုသူများအား သူတို့၏ သမိုင်းတစ်လျှောက်တွင် အစားကြူးသူ၊ ပျင်းရိသူ (သို့) လူနုံ တစ်ဦးအဖြစ် သတ်မှတ်ခံရပေမည်။
              Greater understanding increases the capacity for tolerance.
  • ကြီးကျယ်မြင့်မြတ်သည့် စိတ်ထားသည် သည်းခံနိုင်ပမာဏမှုကို မူလ ပမာဏထက် ပိုမိုတိုးပွားစေသည်။ 
  • Wisdom is the supreme part of happiness.
  • အသိဉာဏ်ပညာ သည် ပျော်ရွှင်ကြည်နူးခြင်း၏ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်သည်။

          Have the courage to be wise.
  • ချင့်ချိန်ဆင်ခြင် တတ်သော သတ္တိရှိပါ။
         Kindness is more important than wisdom, and the recognition of this is the beginning of wisdom.
  • ကြင်နာခြင်းသည် အသိဉာဏ်ပညာ ထက် ပိုမိုအရေးကြီးသည်။ ထိုအကြောင်းကို အသိမှတ်ပြုခြင်းသည် အသိဉာဏ်ပညာ တစ်ခု ၏ အစပင်ဖြစ်သည်။
          Wisdom begins with wonder.

0 comments:

Post a Comment