Tuesday, July 9, 2013
စည်းလုံးခြင်းသည်အင်အား
စည်းလုံးခြင်းသည်အင်အား
          ငယ်ငယ်ကစာသင်ကျောင်းမှာ သင်ခဲ့ကြရပါတယ်။စည်းရုံးခြင်းသည်အင်အား တစ်ချောင်းတည်းသော်ကျိုး၏ အစည်း လိုက်သော် မကျိုးဆိုပြီး အဖိုးအိုက သားသုံးယောက်အား ထင်းစည်းကိုဖြေပြီး တစ်ချောင်းဆီချိုးခိုင်းသော်ကျိုးပြီး အစည်းလိုက် ချိုးခိုင်းကာ မကျိုးခြင်းကိုဥပမာပေးကာဆုံးမပုံကိုစာသင်ခဲ့ကြရပါတယ်။ဒါပေမဲ့လည်းယနေ့မြန်မာနိုင်ငံသားအများစုသည်ထိုစာကိုသင်ခဲ့ကြပါလျက်အချင်းချင်းလုံးဝမညီညွတ်ကြအချင်းချင်းရန်တွေဖြစ်နေကြသည်။ညီအစ်ကိုမောင်နှမချင်းရန်တွေဖြစ်ကြအမွေတွေလုကြ လို့နောက်ဆုံးရဲတွေရှေ့နေတွေတရားသူကြီးတွေစားသွားကြသည်။အဖွဲ့အစည်းတွေတည်ထောင်ကြသည်နောက်ဆုံးမတည့် ကြကွဲကြပြဲကြ ချကြလို့မြန်မာ ဆိုရင်မညီညွတ်ဘူး ဒီလိုချည်းပဲလို့ပြောဆို လာကြပြီ။မြန်မာနိုင်ငံအတွင်း ပြည်သူပြည်သား အချင်းချင်းမတည့်ကြရန် တွေဖြစ်ကြသည်။ ဘုန်းကြီးအချင်းချင်းမတည့်ကြ ကျောင်းတွေလုကြရန်တွေဖြစ်ကြသည်။ တိုင်းရင်း သားအချင်းချင်းလည်း မတည့်ကြကွဲကြပြဲကြသည်။ စည်းလုံးမှုမရှိကြပါ။စည်းလုံး ခြင်းသည် အင်အားလို့ ပါးစပ်က တဖွဖွ ပြောရင်း ယနေ့ထိ စည်းလုံးညီညွတ်မှု မရနိုင်ပဲကွဲကြပြဲကြရန်တွေဖြစ်ဖြစ်ကြ ဒုက္ခတွေဗလပွ ဖြစ်နေကြရခြင်းသည် အဘယ့် ကြောင့်ပါနည်း။ ၀ိုင်းဝန်း အဖြေရှာ ဆွေးနွေးကြဖို့လိုပါသည်။
          မြန်မာနိုင်ငံတွင်စာသင်နည်းများပြင်ကြဖို့လိုပါသည်။ယနေ့ထိစာသင်နေကြရသည်မှာဒါရေးဒါမှတ်ဒါကျတ် ကြက်တူရွေး စာသင်နည်းစနစ်ဖြင့် သွားနေကြခြင်းမှာ အင်မတန်ဝမ်းနည်းစရာကောင်းလှပါသည်။ဒါကိုပြင်စေချင်လို့ ဆရာကြီးမင်းသုဝန်က ပညာပေးကဗျာ ရေးစပ်သီကုံးကာ ပညာပေးခဲ့ပါတယ်။ဒါပေမဲ့ ရွတ်ဆိုကောင်းလို့ရွတ်ခဲ့ရတာနဲ့ပဲ နိဂုဏ်းတွေချုပ်ခဲ့ကြရပါတယ်။ ဆရာကြီးရေးခဲ့တဲ့ကဗျာလေးကတော့ အားလုံးသင်ခဲ့ကြ ရွတ်ဖတ်ခဲ့ရတဲ့ ကြက်တူရွေးကဗျာလေးပဲဖြစ်ပါတယ်။
          ကြက်တူရွေး ကြက်တူရွေး
          ရွှေခဲကြက်တူရွေး
          ညီပုလေး ကိုစာအံသင်
          ရွှေခဲစာအံသင်
          ညီလေးခင်က စာပြန်တုံး
          ရွှေခဲစာပြန်တုံး
          ရွှေခဲမရေးနိုင်
          ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
          ရွှေခဲကြက်တူရွေး။  
      ။မိမိငယ်ရွယ်စဉ်က ရွတ်ဆိုကောင်းလို့ ရွတ်ဆိုခဲ့ရတယ်။ဘာကိုဆိုလိုမှန်းမသိခဲ့ဘူး။ကဗျာတွေ စာပေတွေဝါသနာပါလို့ ဖတ်ရင်းမှတ်ရင်း လေ့လာရင်း ဆွေးနွေးအဖြောရှာရင်း တွေးခေါ်စဉ်းစားရင်းဖြင့် စာပေတွေရဲ့လေးနက် တဲ့အဓိပ္ပါယ်တွေနားလည်လာခဲ့ပါတယ်။ဆရာကြီးသင်ပြပေးခဲ့တာက လူနဲ့တိရိစ္ဆာန်တို့ရဲ့ မတူကွာဟချက်တွေကို ပညာပေးကာ ရေးပြခဲ့ခြင်းဖြစ်ပါတယ်။ရွှေခဲဆိုတဲ့ကြက်တူရွေးနဲ့ ညီပုလေးနဲ့တူတဲ့အချက် ကွာဟတဲ့အချက်ကို နှိုင်းယှဉ်ပြခဲ့ခြင်းဖြစ်ပါတယ်။ ညီပုလေးနဲ့ ကြက်တူရွေးရွှေခဲတို့ဟာ ရွတ်ဆိုရုံအဆင့်မှာတော့ အတူတူပါပဲ ဘာမှမကွဲပြားသေးပါဘူး။ညီပုလေးရွတ်ဆိုတာမှန် သမျှ ရွှေခဲက နောက်ကနေလိုက်ပြီးရွတ်ဆိုနေနိုင်ပါသေးတယ်။ရွတ်ဆိုရုံအဆင့် သညာမှတ်သားရုံအဆင့်မှာ လူနဲ့တိရိစ္ဆာန်တို့ရဲ့ တူညီနေသေးတဲ့အချက်ကို နှိုင်းယှဉ်ပြထားပါတယ်။ယနေ့မြန်မာနိုင်ငံမှာ စာသင်နည်းစနစ်တွေပြောင်းဖို့လိုနေပါပြီ။ယနေ့ထိ ကြက်တူရွေးစာသင်နည်း ဒါရေးဒါမှတ်ဒါကျတ်စနစ်နဲ့ ဘယ်လိုမှအဆင်မပြေပါဘူး။မလုံလောက်တော့ပါဘူး။ဒီစနစ်နဲ့တာဆက် သွားနေအုံးမယ်ဆိုရင်မြန်မာဟာကမ္ဘာမှာဆက်ပြီးချာတာတာလေးပဲဖြစ်နေအုံးမှာဖြစ်ပါတယ်။ဒါကိုမြင်စေချင်တဲ့အတွက်ဆရာကြီးက အသိပညာပေးရေးစပ်ပြခဲ့ခြင်းဖြစ်ပါတယ်။
          ဆရာကြီးက သိစေချင်လို့ အဆင့်တွေမြင့်စေချင်လို့ စာသင်နည်းစနစ်တွေပြောင်းစေချင်လို့ ပညာပေးရေးစပ်သီးကုံး ခဲ့သော်လည်း မြန်မာ့ပညာရေးဟာ ယနေ့ထိမပြောင်းလဲပဲ ဒါရေးဒါမှတ်ဒါကျတ် ဒါကိုအာဂုံဆောင်ထား ဒီလိုမေးလာရင်ဒီလိုဖြေ ဆိုတာလောက်နဲ့ သွားနေကြတာအင်မတန်ဝမ်းနည်းစရာကောင်းလှပါတယ်။
          စည်းလုံးခြင်းသည် အင်အား တစ်ချောင်းတည်းသော်ကျိုး၏။အစည်းလိုက်သော်မကျိုး ဆိုတဲ့ ကြက်တူရွေးစာသင်နည်း ရွတ်ဆိုနည်း မှတ်သားနည်းမှာပဲနိဂုဏ်းချုပ်သွားပါတယ်။စာပေတွေကညွှန်ပြပေးလိုက်တဲ့ လေးနက်တဲ့ကျယ်ပြန့်တဲ့ ကွယ်ဝှက် နေတဲ့အဓိပ္ပါယ်တွေထိရောက်အောင်မသွားကြတော့ပါဘူး။ဆရာတွေသင်ပြပေးရမှာက သူတို့ကိုယ်တိုင်စဉ်းစားတက်အောင် ကျယ်ပြန့်တဲ့အဓိပ္ပါယ်တွေမြင်လာအောင်သင်ပြပေး၇မှာဖြစ်ပါတယ်။ဒီတော့မှ သူတို့လေးတွေ၇ဲ့ဦးနှောက်တွေ ဟာအကြောင်း အကျိုး အကောင်းအဆိုးတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်စဉ်းစားအဖြေရှာတတ်လာမှာဖြစ်ပါတယ်။ထင်းစည်းတစ်ချောင်းစီဖြစ် သွားကာ အချိုးခံရတာဘာကြောင့်လဲ….ဆိုတာကို မေးခွန်းမေးရမယ်။တစ်ချောင်းစီဖြစ်မသွားဖို့ အချိုးမခံ၇ဖို့ ထင်းစည်းကြီး အတိုင်းညီညွတ်နေအောင် စည်းလုံးနေအောင် အဓိကလုပ်ဆောင်ထားသောအ၇ာက ဘယ်အ၇ာဖြစ်သလဲဆိုတာကို မေးခွန်းမေး ကာ အဖြေ၇ှာခိုင်း၇မှာဖြစ်ပါတယ်။အခုတော့ အဲဒီလိုဆွေးနွေးပြခြင်းမ၇ှိပဲ ကြက်တူရွေးစာသင်နည်းနဲ့ သင်လိုက်၇တော့ တစ်ချောင်း တည်းသော်ကျိုး၏ အစည်းလိုက်သော်မကျိုး ဒီလောက်အသိကတော့ စာသင်စရာမလိုပါဘူး။လူတိုင်းသိပါတယ်။ စာသင်တယ်ဆိုတာ ဦးဏှောက်တွေ ရင့်ကျတ်လာအောင် တွေးခေါ်စဉ်းစားတက်လာအောင်သင်ခြင်းဖြစ်ပါတယ်။စာတွေသင်ပြီး အတွေးအခေါ်၇င့်ကျတ်မလာရင် အလကားပါပဲ။ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါတယ်။ထင်းစည်းကြီးကို တစ်ချောင်းဆီ ဖြစ်မသွားအောင် ချိုးလို့မရအောင် အဓိကလုပ်ဆောင်ပေးထားတဲ့အရာက ထင်းတွေအစည်းပြေမသွားအောင် ချည်နှောင်ထားတဲ့ ကြိုးဖြစ်ပါတယ်။ကြိုးက အဓိကဖြစ်ပါတယ်။ကြိုးခိုင်နေသမျှ ထင်းချောင်းတွေ စည်းစည်းလုံးလုံးဖြစ်နေမှာ ပါပဲ။ချည်နှောင်ထားတဲ့ ကြိုးတွေမခိုင်ရင် ကြိုးတွေပြတ်သွားရင် အစည်းပြေကာ တစ်ချောင်းဆီဖြစ်ပြီး အလွယ်တကူချိုးလို့ရမှာ ကျိန်းသေမုချပါပဲ။ထိုနည်းတူစွာပဲ မိသားစုတစ်စုမှာ အဓိကအရေးကြီးဆုံးမရှိမဖြစ်ခိုင်ခံနေရမည့်အရာက မေတ္တာကြိုးပဲဖြစ်ပါ တယ်။ မိသားစုတစ်စုမှာ ညီအစ်ကို မောင်နှမချင်း မေတ္တာကြိုးမခိုင်မာဘူးဆိုရင် မေတ္တာကြိုးပြတ်ရင် ထင်းအစည်းပြေသလိုပြေ ကာ အချိုးခံကြရတော့မှာဖြစ်ပါတယ်။ဒါကြောင့် တကဲ့ချစ်ခင်ကြင်နာကြရမဲ့ မေတ္တာကြိုးမခိုင်မာကြတော့ အမွေတွေလုကြ ရန်တွေဖြစ်ကြ ထိုးကြကျိတ်ကြတော့ ရုံးရောက် ရဲစခန်းရောက်ဖြစ်ကာ ရဲတွေ တရားသူကြီးတွေရဲ့ အစာဖြစ်သွားပါတော့ တယ်။ အော်ငါညီလေးပို၇တာပဲ ငါအကိုကြီးပိုရတာပဲ ငါ့ညီမလေးပိုရတာပဲ ရပါစေ ငါကတောင်သူတို့ကို ပေးရအုံးမှာ ထောက်ပံ့ပေးရ အုံးမှာ အခုသူတို့ပိုရသွားတော့ ၀မ်းသာလိုက်တာလို့ကျေနပ်နေ၇မှာဖြစ်ပါတယ်။မေတ္တာတရားက အနစ်နာခံ တဲ့ဘက် မှာနေပါတယ်။ အသာစံတဲ့ဘက်မှာမနေပါဘူး။အသာစံတာ မေတ္တာမရှိသူတွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အနာခံတာဟာ မေတ္တာ၇ှိသူတွေရဲ့လုပ်၇ပ် ဖြစ်ပါတယ်။အနာခံတဲ့ မေတ္တာသမားတွေကို လူတိုင်းချစ်ကြပါတယ်။မေတ္တာကြိုးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားကြမည်ဆို လျင်အမြဲတမ်းစည်းရုံးနေတဲ့အတွက်ကြောင့် မည်သူကမှ အလွယ်ချိုးလို့မ၇ပါဘူး။
          ထိုနည်းတူစွာပဲ ကျေးရွာတစ်ရွာ၊ မြို့တစ်မြို့၊တိုင်းတစ်တိုင်း၊ နိုင်ငံတစ်နိုင်ငံ အားလုံးစည်းလုံးညီညွတ်နေဖို့ မေတ္တာကြိုး ခိုင်ခိုင်မာမာရှိကြဖို့လိုပါတယ်။ကျေး၇ွာသူကျေးရွာသားအချင်းချင်း မေတ္တာတရားတွေခေါင်းပါးကာ မေတ္တာကြိုးတွေပြတ်ကြ မည်ဆိုလျှင် အဲဒီရွာကြီး ထင်းအစည်းပြေသလိုပြေကာ သူများတွေအလွယ်ချိုးသွားကြမှာဖြစ်ပါတယ်။သူ့ရဲ့အရေးကိစ္စတွေဟာ ငါ့အရေးကိစ္စဖြစ်သလို ငါ့ရဲ့အရေးကိစ္စတွေဟာ သူ့အရေးကိစ္စဖြစ်တယ်။သူ့တာဝန်ကိုယ်တာဝန် လစ်လျူမ၇ှုပဲ ကြုံလာတဲ့ အရေးတွေမှန်သမျှကို မေတ္တာစိတ်အပြည့်နဲ့တက်ညီလက်ညီကြိုးစားဆောင်ရွက်ကြမည်ဆိုလျင် အဲဒီ၇ွာကြီးကို မည်သူက မှ စော်ကားရဲမည်မဟုတ်ပါ။ထိုနည်းတူစွာနိုင်ငံသူနိုင်ငံသား အချင်းချင်း မေတ္တာကြိုးတွေဖြင့်ချည်နှောင်ထားကာ လစ်လျူမ၇ှုကြပဲ သူ့အကျိုးကိုယ်ဆောင်၇ွက် ကိုယ့်အကျိုးသူဆောင်ရွက် အပြန်အလှန်တက်ညီလက်ညီဖြင့်ေ၇ှ့တန်းက မားမားမက်မက် ရက်တည်ကာ အနာခံလျက်အားသွန်ခွန်စိုက် ကြိုးစားဆောင်၇ွက်ကြမည်ဆိုလျင် မည်သူကမှလာရောက်ချိုးနိုင်ကြမည်မဟုတ်ပါ။ အခုတော့ ညီအစ်ကို မောင်နှချင်း ၊ရွာသူ၇ွာသားချင်း၊ နိုင်ငံသူနိုင်ငံသားချင်း မေတ္တာတရားတွေခေါင်းပါး သစ္စာတရားတွေခေါင်းပါး မာန်မာန အမုန်းတရားတွေပွားများ မေတ္တာကြိုးတွေပြတ်ကြလို့ အချင်းချင်းပြန်ချ စည်းလုံးမှုပြိုကွဲကာ သူများတွေလာပြီးအနိုင်ယူ နေနိုင်ကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်ယနေ့ကစကာ ညီအစ်ကိုမောင်နှအချင်းချင်း ပြည်သူသားအချင်းချင်း နိုင်ငံသူနိုင်ငံသားအချင်းချင်း မေတ္တာကြိုးများ သစ္စာကြိုးများ တရားဥပဒေ စည်းကမ်းကြိုးများ ကိုခိုင်ခိုင်မာမာတည်ဆောက်ကာ ကိုယ့်အမျိုးကိုယ့်ဘာသာ ကိုယ့်နိုင်ငံတော်ကြီးကို သွေးစည်းညီညွတ်သောအားဖြင့် ခိုင်မာအောင်ဝိုင်းဝန်းတည် ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း………………
                                                                             မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
တက္ကသိုလ် ရဟန်းပျိုဓမ္မစာဆောင်မှ……..
0 comments:
Post a Comment