Thursday, October 15, 2009

'မိမိကိုယ်ကိုယ်အားကိုးပါ' က ဘုရားစကားတော်လား

အမေး။ ။ အရှင်ဘုရား……တပည့်တော် တခါတရံ တရားအားထုတ်ဖြစ်ပါတယ်ဘုရား။ ဘုရားရှင်က မိမိကိုယ်ကို အားကိုးပါ ဆိုတာ
ကို တပည့်တော် မယုံဘူးဆိုတာ တပည့်တော်သိနေတယ်။ မိမိကိုယ်ကို အားကိုးပါ ဆိုတာ ဘုရားပြောတဲ့စကား ဟုတ်မဟုတ် ဆို တပည့်တော် အမြင် မရှင်းဘူးပါ။ ဒီအတွက် အဖြေပေးတော်မူပါ အရှင်ဘုရား…..။
ကိုမျိုး
(Dhammaransi.net) Australia

အဖြေ။ ။ အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ၊အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။
ဘုရားရှင်က ကုမာရကဿပမထေရ်ရဲ့ မယ်တော် ဘိက္ခုနီမကို အကြောင်းပြုပြီးတော့ အထက်ပါတရားတော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။
(ဓမ္မပဒအဋ္ဌကထာ၊ အတ္တ၀ဂ်၊ ကုမာရကဿပမာတုထေရီဝတ္တု) အဓိပ္ပါယ်က..

မိမိကိုယ်ကိုသာ မိမိုအားကိုးရာ ဖြစ်ပါတယ်။ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ ဘယ်မှာဖြစ်နိုင်တော့မှာလဲ။ ကိုယ်ကိုယ်တိုင် ကောင်း
စွာ ယဉ်ကျေးပြီး အလွန်ရခဲလှတဲ့ အားကိုးရာအစစ် (အရဟတ္တဖိုလ်)ကို ရနိုင်ပါတယ်။
ရှင်းအောင်ပြောရရင် လူတစ်ယောက်ဟာ သူ့ရဲ့စား ၀တ် နေရေး အတွက် သူကိုယ်တိုင် ရှာဖွေစားသောက်ရမှာ ဖြစ်သလို တစ်နေရာ
ကို ကိုယ်တိုင် ရောက်ချင်တယ်ဆိုရင်လည်း ကိုယ့်ကိုယ်တိုင်က မသွားဘဲနဲ့ ဘယ်လိုမှ မရောက်နိုင်ပါဘူး။ ဒါက လောကသဘာဝ ထင်ရှားတဲ့ အကြောင်းအရာတွေပါ။ ဓမ္မရှုထောင့်က ပြောရင်တော့ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့အရေး ကိုယ့်ကိုယ်တိုင်သာ အားထုတ်မှ ရမှာပါ။ ကိုယ် နိဗ္ဗာန်ရဖို့အတွက် သူတစ်ပါး အားထုတ်ပေးလို့ ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ဒါကို ဆိုလိုတာပါ။

တဖန်……တုမှေဟိ ကိစ္စမာတဗ္ဗံ၊ အက္ခာတာရေ တထာဂတာ၊
ပဋိပန္နာ ပမောက္ခ န္တိ ၊ ဈာယိနော မာရ ဗန္ဓနာ။
သင်ချစ်သားတို့ တရားအလုပ်ကို အားထုတ်ကြပါကုန်လော့၊ အားထုတ်ဖို့အချိန်တန်နေပါပြီ၊ ငါဘုရားတို့ကတော့ နည်းပေးညွန်ပြ
ရုံသာညွန်ပြနိုင်ပါတယ်။ဒို့များနည်းပေးညွန်ပြတဲ့အတိုင်းသင်တို့ကအားထုတ်ကျမယ်ဆိုပါရင် ကိလေသာနှောင်အဖွဲ့မှာလွတ်မြောက်
ကြမှာပါ။ဆိုတဲ့စကားတော်အတိုင်းဘုရားရှင်အလိုတော်က ကိုယ့်ကိုယ်တိုင်သာအားကိုးပြီး ကြိုးစားအားထုတ်ကြဖို့လိုလားတော်မ
ူတယ်ဆိုတာကို သတိပြုမိဖို့ပါပဲ။

စာရေးသူ- ဦးကောဝိဒ(မြိတ်)
http://www.venkawwida.net/

0 comments:

Post a Comment