Tuesday, January 12, 2010

ဘိုးဘိုးအောင် ကိုယ်မဖြစ်လို့ စိတ်ညစ်ရတယ

ဆေးရုံက ပြန်ဆင်းလာစ တစ်ရက်မှာ မန္တလေးက စာဖတ် ပရိသတ်
လူငယ်တစ်ဦးဖုန်းဆက်လာပါတယ်။သူ့ဘ၀နဲ့ပတ်သက်ပြီးအရေးကြီး
တဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ ဝေခွဲမရ ဖြစ်နေတာကြောင့် အကြံတောင်းပါ
ရစေလို့ မေတ္တာရပ်ခံ စကားဆိုပါတယ်။သူဟာကျောင်း ပြီးစဆရာဝန်ငယ်
လေးတစ်ဦး ဖြစ်ပြီး ပို့စ်တင်လျှောက်ထားတာစောင့်နေရင်း ဆေးကုမ္ပဏီ
တစ်ခုမှာလုပ်နေတယ်လို့ ရှင်းပြပါတယ်။မကြာခင်ရက်ပိုင်းအတွင်းလောက်
မှာ ဆေးကုမ္ပဏီ ရုံးခွဲ တစ်ခုရှိရာ အာဆီယံနိုင်ငံတစ်ခုကိုသွားပြီး ၂လကြာ
သင်တန်းတစ်ခုတက်ဖို့ ရွေးချယ် ခံထားရပါတယ်တဲ့။

ဆရာဝန်လုပ်မှာလား
သူဆုံးဖြတ်ရခက်နေတာက သင်တန်းသွားတက်မယ်ဆိုရင် ကုမ္ပဏီက ၃နှစ်အတွင်း အလုပ်မထွက်ဘူး
ဆိုတဲ့ အာမခံချက် လက်မှတ်ရေးထိုးရမယ်ဆိုတဲ့ကိစ္စ ဖြစ်တယ်။ဒါ့အပြင် ပို့စ်တင်လျှောက်ထားတာက
လည်း မကြာမီမှာကျဖို့ ရှိကြောင်း ကြားရလို့ ဘာဆက်လုပ် ရမှန်းမသိဖြစ်နေပါတယ်။
ဒါ့ကြောင့် အကြံဉာဏ်တောင်းရတာပါလို့လည်း ဆက်ပြောပါတယ်။ သူ့စကားဆုံးဆုံးချင်း အရင်ဆုံး
မေးလိုက်တဲ့ မေးခွန်းကတော့ ဆရာဝန်လုပ်ဖို့ စိတ်ကူးရှိ သလား ဆိုတာပဲဖြစ်တယ်။ ဘာကြောင့်လဲ
ဆိုတော့ ဆရာဝန်အလုပ်ကို လုံးလုံးဝါသနာမပါဘဲခေတ်ရေစီးကြောင်းက ဆေးကျောင်းတက်မှဂုဏ်
ရှိတာလို့ ဖြစ်နေတာကြောင့် ဆေးကျောင်း တက်ပြီးသွားတော့ ဆရာဝန်မလုပ်ဘဲ တခြားစီး ပွားရေး
လုပ်ငန်းတွေထဲရောက်သွားကြသူမျိုးတွေအများကြီးတွေ့ခဲ့ဖူးလို့ဖြစ်တယ်။ဒီလူငယ်လေးကတော့
''ဆရာဝန်လုပ်ချင်ပါတယ်''လို့ဖြေပါတယ်။
ဒီတော့ ထွေထွေထူးထူး စဉ်းစားနေစရာမလို့တော့ဘဲ စာချုပ်ကို လက်မှတ် မထိုးဘဲ ပို့စ်တင်ဝင်ဖို့သာ
စောင့်ပါလို့ အကြံပြုလိုက်ရပါတယ်။

ဘိုးဘိုးအောင်မဟုတ်ဘူး
''ဆေးကုမ္ပဏီမှာလုပ်တယ်ဆိုတာကဈေးရောင်းတဲ့အလုပ်ပဲကွဲ့။ဆရာဝန်တွေရဲ့အလုပ်မဟုတ်ဘူး။
နှုတ်စလျှာစကောင်းသူ မှန်သမျှ ဘယ်သူမဆို လုပ်လို့ရတယ်။လူတွေကို ဆေးကုတဲ့အလုပ်က လူတိုင်း
လုပ်လို့ရတာ မဟုတ်ဘူး။ဒါကြောင့် ဆရာဝန်အလုပ်ပဲ လုပ်သင့် တယ်။ နိုင်ငံခြားသွားတယ် ဆိုတာက
ဆရာဝန်လုပ်ရင်းကနေပြီး ပညာသင်တွေ ၊ ဘာတွေ သွားလို့ အချိန် မရွေးဖြစ်တာပဲ။ လတ်တလောရတဲ့
မဖြစ်စလောက် ဒေါ်လာမျက်နှာတစ်ခုထဲ မကြည့်ဘဲရေရှည်ကိုကြည့်ပါ'' လို့လည်းရှင်းပြလိုက်ရတယ် ။
လူငယ်တွေရဲ့ အားမာန်ကို ဖော်ကျူးတဲ့ စာတွေကို ဂျာနယ်တွေမှာ ရေးနေတာကြောင့် လူငယ် တွေဆီက
ခုလိုပဲ အကြံ တောင်းတဲ့ ၊ ရင်ဖွင့်တဲ့ စာတွေ၊ဖုန်းတွေအမြဲလိုလိုရနေတာကြောင့်မဆိုင်းမတွပြန်ဖြေလိုက်
နိုင်တာဖြစ်တယ်။
တစ်ခါတလေမှာ မိဘတွေဆီက အကြံတောင်းတာ ၊ ရင်ဖွင့် တာတွေလဲ ရှိတတ်လေတော့ ဒီခေတ်ကြီး
အကြောင်းနဲ့လူငယ်တွေအကြောင်းကောင်း ကောင်း သိနေရတော့တယ်။ တကယ်တော့ မိဘတွေရော
လူငယ်တွေပါ သနားစရာပါ။ ဂျာနယ်တွေမှာ စာရေးတဲ့ စာရေးဆရာ တစ်ယောက်ကိုပဲ အားကိုတကြီး
မှတ်ယူပြီး အကြံတောင်းတာ ၊ ရင်ဖွင့်တာတွေ လုပ်နေကြရရှာတာ။ တကယ်တော့ စာရေးဆရာဆိုတာ
ဘာလုပ်ပေးနိုင် တာ မှတ်လို့ အကြံပေးတယ်ဆိုတာလဲ အမြဲတစေ အကြံကောင်း ဉာဏ်ကောင်းတွေ
ဘယ်ပေးနိုင် မှာလဲ။ စာရေးဆရာဆိုတာ ဘာသာရပ်ဆိုင်ရာ ပညာရှင်မဟုတ်သလို ''ဘိုးဘိုးအောင်''
လည်း မဟုတ်ဘူးလေ။

ရှင်ပြုတုန်းက ရွှေထီးဆောင်တာ မဟုတ်
လူမျိုးက ခပ်ထုံထုံထိုင်းထိုင်း ၊ ခပ်နုံနုံအအမို့လို့ ဘိုးဘိုးအောင် ရှာနေတာဆိုရင်တော့ဝမ်းနည်းစရာ
မရှိပါဘူး။ မြန်မာဆိုတာကသူ့ကျွန်ဘ၀မှာ တောင်နေမ၀င်အင်ပါရာထဲမှာ အချမ်း သာဆုံးနိုင်ငံဖြစ်ခဲ့ပြီး
ကမ္ဘာမှာ စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးနိုင်ငံလေ။ အင်ပါယာရှင်ဗြိတိန်နိုင်ငံကြီးမှာတောင်အမျိုးသမီး
တွေကျောင်းနေပညာသင်ယူခွင့်မရှိကြသေးချိန်မှာ မြန်မာ အမျိုး သမီးငယ်တွေကဘုန်းတော်ကြီးကျောင်း
တွေမှာပရိတ်ကြီး၁၁-သုတ်လောက်တော့'' တဂျောင်းဂျောင်း''နဲ့ရွတ်ဆိုနေနိုင်ကြပြီလေ။ဥရောပတိုက်သား
မျက်နှာဖြူတွေပင်လယ်ဓါးပြ လုပ်စား နေကြချိန်တွေမှာ မြန်မာတွေက '' လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရား
ပေါင်း '' လို့ စာချိုးရှိတဲ့ အထိတောင် ယဉ်ကျေးမှုအဆင့် မြင့်မားနေပြီပဲ။ ''ရှင်ပြုတုန်းက ရွှေထီးဆောင်းတာ''
ကိုသာ ပြောနေတာမဟုတ်ဘူး။ ဒီခေတ်မှာလည်းအာရှတခွင်လုံးမှာ အိန္ဒယကလွဲရင် နိုင်ငံခြားသားများအ
တွက်အဆင်ပြေဆုံး ( tourist friendly ) နိုင်ငံဟာမြန်မာနိုင်ငံပဲမဟုတ်လား။ နိုင်ငံခြားသား တစ်ယောက်
ဂျပန်ရောက်ရောက် ၊ကိုးရီးယား ရောက်ရောက် ၊ ယိုးဒယား ရောက်ရောက်သူတို့ ဘာသာစကားမတတ်ရင်
သွားရေးလာရေး ၊ စာရေးသောက်ရေးတောင် တော်တော် အဆင်မပြေဖြစ်ကြရတာ။ မြန်မာနိုင်ငံမှာတော့
ဘယ်ဆိုက်ကား၊ မြင်းလှည်း တက်စီးစီး ၊ ဘယ်ထမင်းဆိုင်ဝင်စားစား ၊ အဆင်ပြေအောင်တော့ အင်္ဂလိပ
်စကားနဲ့ ပြောလို့ဖြစ်နေတာပဲ ။

စင်းဂလစ် မဟုတ်ဘူး
မြန်မာတွေ ပြောတဲ့ အင်္ဂလိပ်စကားက '' ပစ်ဂျင်း အင်္ဂလိပ် '' (pidggin English ) မဟုတ်ဘူး။
စင်းဂလစ် ( Singlish ) မဟုတ်ဘူး ။ ''ယိုင်နိုး ယဲဗရီးသင်း ''မဟုတ်ဘူး။''ဆိုင်းကျူးနဲ့ ဆာတီး ''မဟုတ်ဘူး ။
သဒ္ဒါမှားချင်မှားမယ်။ လေယူလေသိမ်းချင်း ၊ကွာချင်ကွာမယ်၊ အသံထွက်နဲ့စကားလုံးအသုံးအနှုန်းကတော့
တကယ့်စံတော်ဝင်ဗြိတိသျှ အင်္ဂလိပ် ၊ မြန်မာပြည်က ဆိုက်ကားသမား တောင် နိုင်ငံခြားသားတွေနဲ့အလုပ်
ဖြစ်ရုံလောက်တော့ အင်္ဂလိပ်စကားပြောနိုင်တယ် ။ '' ၀ါးလုံးခေါင်းထဲ လသာနေတာ '' မဟုတ်ဘူး ၊ တကယ့်
ကို ဉာဏ်ရည်ဉာဏ်သွေး ၊ သတ္တိသွေး ၊ ဗျတ္တိသွေး မခေတဲ့လူမျိုးပါ။


ကြောက်မိတယ်
စာဖတ်သူတွေက အဲဒီလို '' ယုံကြည်မှု '' ကြီးမားလေလေ ကြောက်လေလေပဲ ။ သူတို့ ယုံကြည်သလို
ကိုယ့်ဘက်က တာဝန်ကျေအောင် မဆောင်ရွက်နိုင်မှာကို တွေးပြီး ကြောက်မိ တာဖြစ်တယ်။
'' ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန်'' ဆိုတဲ့စကား အရှိသားမဟုတ်လား။
ဒါပေမဲ့ တစ်ဖက်ကစဉ်းစား တော့လည်း စာဖတ်ပရိတ်သတ် ပြည်သူ လူအများက ယုံကြည်အားထားတဲ့
သတင်းစာ ၊ ဂျာနယ်တစ်စောင်ဖြစ်လာဖို့ ၊သတင်းစာဂျာနယ်သမားတစ်ယောက်ဖြစ်လာဖို့ဆိုတာလွယ်တာ
မဟုတ်ပေဘူး။
ပြည်သူလူထုက တော် တော်ကြီးကိုမေတ္တာထားလို့သာဖြစ်ကြရတာ။ကိုယ်ကကိုယ်လုပ်သင့်လုပ်ထိုက်တာကို
မလုပ်ဘူး ဆိုခြင်းဟာတာဝန်ပျက်ကွက်ရုံမျှသာမဟုတ်ဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့မေတ္တာ ၊ စေတနာ
ကို အသိအမှတ်မပြုရာရောက်တယ်။ ကျေးဇူး တရားကို အသိအမှတ်မပြုတာဟာ မေတ္တာ၊စေတနာထားသူများ
ကို စော်ကားရာတောင်ကျတယ်။ အဲဒါကြောင့် ခါးမသန်ပေမယ့် လည်း အားမာန်ကို တင်းပြီး ရေဆန်ခရီးကို
တက်စုန် ရွက်ကုန်လွှင့် လှော်ကြဦးစို့ဗျာ။

စာ‌ရေးသူ-လူထုစိန်ဝင်း

0 comments:

Post a Comment