Tuesday, July 26, 2011

ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ ၏ သြ၀ါဒကထာ

မှားယွင်းမှုဟူသည်
မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောက်အောင် ငါပြင်မည်။
 ငါမှားလျှင်
 သူတစ်ပါး အပြင်ကို ငါခံမည်။
 ငါ့ကို  ပြု ပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်။
 သူတစ်ပါးအကျိုးကို ငါလိုလားမှ
 ငါ့အကျိုးကို သူတစ်ပါး လိုလားမည်။
 ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
 ဆောင်ရွက်မည်။
ငါ့ အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ
 ငါ့မိတ်ဆွေမဟုတ်။
 သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
 ရဲဝံ့စွာ ငါခံယူမည်။
 ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို
 ရဲဝံ့စွာ ငါရှောင်ရှားမည်။
 ငါ့ အလုပ်နှင့် တူသောအကျိုးကို
 မချွတ် ငါရမည်။
ညောင်တုန်းမြို့၊ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ ၏ သြ၀ါဒကထာ

0 comments:

Post a Comment