၆၄
နှစ်မြောက်လွတ်လပ်ရေးနေ့
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ
ရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ယနေ့ ၄.၁.၂၀၁၂ နေ့မှာ ၆၄ နှစ်ပြည့်မြောက်ခဲ့ပါပြီ။လွတ်လပ်ရေးရခဲ့တာသက်တမ်းအားဖြင့်
၆၄ နှစ်ရှိခဲ့သော်လည်း လွတ်လပ်ရေးအရသာကို ယနေ့ထိ မြန်မာနိုင်ငံသားများ ကောင်းကောင်းမခံစားကြရသေးသည်မှာ
အင်မတန်ဝမ်းနည်းစရာကောင်းလှပါသည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့သည် မြန်မာတစ်နိုင်ငံလုံးအတွက်
မမေ့နိုင်သောနေ့တစ်နေ့ဖြစ်ခဲ့သည်။အားလုံးပြုံး ပျော်ရွှင်ခဲ့ကြသည်။တောရောမြို့ပါမကျန်
တတိုင်းပြည်လုံး လွတ်လပ်ရေးနေ့အခမ်းအနားများ အားကစားပြိုင်ပွဲများကျင်းပကြ သည်။မြန်မာနိုင်ငံသည်လွတ်လပ်ရေးနှင့်အတူပညာရေး၊ကျန်းမာရေး၊စီးပွါးရေး
စသည့်အရာအားလုံးအရှိန်အဟုန်မြင့်လာခဲ့သည်။ ကမ္ဘာ့အလယ်မှာတင့်တယ်လာခဲ့သည်။ကမ္ဘာ့ပညာရှင်အသီးသီးကမြန်မာကိုအာရှမှာကျားတစ်ကောင်ဖြစ်လာလိမ့်မည်ဟုနိမိတ်
ဖတ်လာကြသည်။သူတို့ဖတ်ကြသည့်အတိုင်းအားလုံးဖြစ်လာခဲ့သည်။ ဒါပေမဲ့..ထိုအရာများကား အိမ်မက်ပမာ
ဘာမျှမကြာလိုက် တခဏတာမျှတာဖြစ်ခဲ့သည်။မြန်မာနိုင်ငံကိုဒုက္ခပေးမည့်ဖွတ်တစ်ကောင်ပေါ်လာခဲ့သည်။ထိုနေ့ကား…….
၁၉၆၂ ခုနှစ်၊မတ်လ (၂) ရက်နေ့၊နံနက် (၈) နာရီခွဲအချိန်
မျိုးဖျက်လောက်ကောင် စစ်ဗိုလ်စုတ်ကြီး ဦးနေ၀င်းက မြန်မာ့ အသံမှ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းကြေညာလိုက်သည်။ထိုနေ့ကားမြန်မာတစ်နိုင်ငံလုံးအတွက်ကံဆိုးမိုးမှောင်ကျ
သောနေ့တစ်နေ့ဖြစ်ခဲ့သည်။တိုင်းပြည်ကို ချောက်ထဲကျအောင်တွန်းချလိုက်သော အဓိက တရားခံများမှာ
၁။ဗိုလ်ချုပ်ကြီးနေ၀င်း။၂။
ဒု-ကာကွယ်ရေးဦးစီးချုပ် ကြည်း ဗိုလ်မှူးချုပ် အောင်ကြီး၊။၃၊။ ဒုကာကွယ်ရေးဦးစီးချုပ်
ရေ ဗိုလ်မှူးချုပ် သန်းဖေ။။ ၄။ ဒု-ကာကွယ်ရေးဦးစီးချုပ် လေ ဗိုလ်မှူးချုပ် တိကလစ်။၅။
ဗိုလ်မှူးချုပ် တင်ဖေ။၆။ဗိုလ်မှူးချုပ် စန်းယု။ ၇။ဗိုလ်မှူးချုပ် စိန်ဝင်း။ ၈။ ဗိုလ်မှူးကြီး
သောင်းကြည်။ ၉။ ဗိုလ်မှူးကြီး သောင်းကြည်။ ၁၀။ဗိုလ်မှူးကြီး ကြည်မောင်။ ၁၁။ဗိုလ်မှူးကြီး
မောင်ရွှေ။ ၁၂။ဗိုလ်မှူးကြီး သန်းစိန်။ ၁၃။ ဗိုလ်မှူးကြီး ကျော်စိုး။၁၅။ ဗိုလ်မှူးကြီး
စောမြင့်။ ၁၆။ဗိုလ်မှူးကြီးချစ်မြိုင်။ ၁၇။ ဗိုလ်မှူးကြီး ခင်ညို။ ၁၈။ ဗိုလ်မှူးကြီး
လှဟန်။၁၉။ ဗိုလ်မှူးကြီးတန်ယုဆိုင်တို့ဖြစ်ကြသည်။
ထိုစစ်အုပ်စုကြီးသည်ကြာလေကြီးထွားလေဖြစ်လာကာ
သူ့ကိုတော်လှန်သူ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ မည်သူကိုမဆို အပြတ်၇ှင်းခဲ့သည်။ ထောင်သွင်း
အကျဉ်းချကာ နည်းမျိုးစုံဖြင့်နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့ကြသည်မှာ ယနေ့စစ်အုပ်စုများအထိ
ဖြစ်သည်။လွတ်လပ်ရေးကာလကား ဘာမှမကြာလိုက်သော်လည်း လွတ်လပ်ရေးဆုံး၇ှုံးသွားသော ကာလကား
ယနေ့ထိဆိုလျှင် နှစ် ၅၀ တိုင်ခဲ့ပြီမို့အတော်ကြာခဲ့ပြီ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုယ်ကျိုးစွန့်အနစ်နာခံကာ
အသက်၊သွေး၊ချွေး၊ဘ၀ ကို စတေးပြီးလွတ်လပ်ရေးယူပေးခဲ့သည်မှာ
မြန်မာပြည်သူပြည်သားအများ ကမ္ဘာ့အလယ်မျက်နှာမငယ်ပဲ လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင်
မော်မော်ကြွားကြွားတင့်တင့်တယ်တယ်နဲ့အေးချမ်းသာယာစွာနေနိုင်ဖို့ဖြစ်ပါသည်။အခုတော့အားလုံး
တက်တက်စင် အောင်လွဲသွားခဲ့ပြီ။သူတို့ရယူပေးခဲ့တဲ့လွတ်လပ်ရေးပြန်လည်ဆုံး၇ှုံးသွားခဲ့ရပြီ။ဒါကိုဒူးထောက်
အညံ့မခံ ဆက်လက်တိုက်ပွဲ ၀င်သောအာဇာနည်သူရဲကောင်းများ များစွာပေါ်ပေါက်ခဲ့သည်။တချို့တော်လှန်ရင်းအသက်တွေပေးဆပ်သွား
ခဲ့ကြသည်။ယနေ့ထိ စစ်အုပ်စု ရဲ့အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံအနှိပ်စက်ခံကာ ဆက်လက်တိုက်ပွဲဝင်နေကြဆဲပင်
ဖြစ်သည်။မြန်မာပြည်သားများ ဆုံး၇ှုံးသွားသောလွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ဖို့ အသက်သွေး
ချွေး ဘ၀တွေစတေး တိုက်ပွဲ ၀င်သွားကြသော အာဇာနည်သူရဲကောင်းများနှင့် အကျဉ်းထောင်တွေထဲမှာဆက်လက်တိုက်ပွဲဝင်နေကြသော
အာဇာနည်သူရဲကောင်းများရဲ့ ရည်၇ွယ်ချက်လမ်းစဉ်တွေကို လုံးဝမေ့မထားသင့်ကြပါ။သူတို့ရဲ့ဘ၀တွေ
အသက်တွေကို ပေးဆပ်နေကြခြင်းမှာ မြန်မာပြည်သူပြည်သားများ လွတ်လပ်ရေးရပြီး ငြိမ်းချမ်းပျော်ရွှင်
တရားမျှတစွာ နေထိုင်နိုင်ဖို့ ကမ္ဘာ့အလယ် မျက်နှာမငယ်ဘဲ တင့်တင့်တယ်တယ် ၇ပ်တည်နိုင်ဖို့ဖြစ်ပါသည်။
အခုသူတို့မျှော်မှန်းတဲ့အတိုင်းရကြပြီလား
တကယ်လွတ်လပ်ပြီလား သေသေချာချာမေး၍အဖြေထုတ်ကြပါ။မရသေးရင် ရသည်အထိသွားရမည် တိုက်ပွဲဝင်၇မည်ဖြစ်ပါသည်။လွတ်လပ်ရေးအတွက်
တိုက်ပွဲဝင်နေဆဲကာလမှာ တိုက်ပွဲဝင်သူအချင်းချင်း ဟိုလူ့ကြောင့် ဒီလူ့ကြောင့် ၊ဟိုအဖွဲ့ကြောင့်
ဒီအဖွဲ့ကြောင့်၊ ဟိုလူမျိုးကြောင့် ဒီလူမျိုးကြောင့် ၊ဟိုလမ်းစဉ်ကြောင့် ဒီလမ်းစဉ်ကြောင့်ဟု
အငြင်းမပွါးစေလိုပါ။ရန်မဖြစ်စေလိုပါ။ဒီအချိန်ဟာ အရေးအကြီးဆုံးအချိန်ဖြစ်ပါသည်။အားလုံးတက်ညီလက်
ညီဖြင့် ကိုယ်ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည့်အချိန်ဖြစ်ပါသည်။ဒီလိုမဟုတ်ပဲ အချင်းချင်းအငြင်းပွါး
ရန်ဖြစ်နေကြမည်ဆိုလျှင် ရန်သူအကြိုက်ဖြစ်သွားပေမည်။ဒါကိုသတိထားကာရှောင်ရှားကြဖို့လိုပါသည်။
အာဏာရှင်ဆိုသည်မှာအာဏာရှင်ရဲ့အလုပ်ကိုလုပ်ပါမည်။ညီညွတ်နေရင်မညီညွတ်အောင်သွေးခွဲမည်၊
ရန်တိုက်ပေးမည်၊အချင်းချင်းမယုံကြည်အောင် သံသယတွေဖြစ်အောင်လုပ်မည်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း
မိမိတို့ဘက်ကလိုက်ဖြစ်နေမည်ဆိုလျှင်မိမိတို့မျှော်မှန်းသည့်လွတ်လပ်ရေး ဝေးသည်ထက်ဝေးသွားပေလိမ့်မည်။
ဒါကိုသမိုင်းကိုပြန်ကြည့်ရင် ကောင်းစွာသိနိုင်ပါသည်။အင်္ဂလိပ်အစိုးရသည် အတိုက်အခံမြန်မာ့တော်လှန်ရေးသမားများကို
နည်းမျိုးစုံဖြင့်သွေးခွဲအုပ်ချုပ်ခဲ့သည်။အချင်းချင်းရန်တိုက်ပေးခဲ့သည်။ပြိုကွဲအောင်လုပ်ခဲ့သည်။
နောက်ဆုံးဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်တွေက ညီညွတ်အောင်လုပ်နိုင်ခဲ့လို့
လွတ်လပ်ရေးမပေးမဖြစ်ပေးရတော့မည့်အချိန်ထိ လွတ်လပ်ရေးကို တိုင်းရင်းသားများနှင့်အတူတကွလက်တွဲမယူနိုင်အောင်သွေးထိုးလှုံ့ဆော်ခဲ့သည်။နောက်ဆုံးစည်းရုံးညီညွတ်
သွားလို့မဖြစ်မနေလွတ်လပ်ရေးပေးရတော့မည်ဆိုတာကိုသိသွားတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်
တကွ အာဇာနည်ခေါင်းဆောင် ကြီးတွေကိုလုပ်ကြံသတ်ဖြတ်ခိုင်းခဲ့သည်။အာဏာရှင်တို့သည် နောက်ဆုံးထွက်သက်ထိဒုက္ခတွေပေးသွားခဲ့သည်။ဒါကိုသမိုင်း
သင်္ခန်းစာအနေဖြင့်ကောင်းစွာလေ့လာသုံးသပ်ကြည့်ဖို့လိုပါသည်။
ယခုလည်း အာဏာရှင်အုပ်စုသည် နည်းမျိုးစုံဖြင့်သွေးခွဲနေသည်။ရန်တိုက်ပေးနေသည်။
သူတို့အာဏာတည်တံ့ ခိုင်မြဲရေးအတွက် အာဏာရှင်တို့သည်ဘာမဆိုသူတို့ကြံမည်၊ကလိမ်ကကျစ်ကြမည်။သူတို့အာဏာတည်မြဲရေးအတွက်
မိမိကိုး ကွယ်သော သံဃာတော်များကိုပင် ညှင်းဆဲသတ်ဖြတ်ခဲ့သည်။ထောင်သွင်းအကျဉ်းချနှိပ်စက်ခဲ့ကြသည်။
ယနေ့ထိစစ်အုပ်စုအကျဉ်းထောင်ထဲတွင်သာသနာ့အာဇာနည်များကို အကျဉ်းချနှိပ်စက်ထားဆဲပင်ရှိသေးသည်။ရန်ကုန်ဗုဒ္ဓတက္က
သိုလ် သာဓုပရိယတ္တိစာသင်တိုက်ကြီး၏ပဓာန နာယကဆရာတော် ရွှေည၀ါဆရာတော်ကို တရားဟောခွင့်ပိတ်ထားခဲ့သည်။
သူတို့ခိုင်းတာအမြဲလုပ်ပေးလေ့ရှိသော သူတို့လက်ကိုင်ဒုတ်သံဃာ့မဟာနာယက ကိုခုတုံးလုပ်အမိန့်ထုတ်ခိုင်းကာ
လူဝတ်လဲဖမ်းဆီးဖို့ထိကြိုးစားခဲ့သည်။သံဃာတော်အပါး ၁၀၀၀ ကျော်ပညာသင်ကြားရာဗုဒ္ဓတက္ကသိုလ်
ဌာနကြီးကို ပညာမသင်ကြားရဟုအမိန့်ထုတ်ခဲ့သည်။ ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၊မေတ္တာရှင်
ဇ၀န ၊ အရှင်အရိယာဝံသာဘိ ၀ံသ (မန္တလေး)စသည့်ထင်ရှားကျော်ကြားသော ဆရာတော်ကြီးများကို တရားဟောခွင့်ပိတ်ထားခဲ့သည်။အခြား
ဆရာတော်များ တရားဟောခွင့်ရဖို့ယနေ့ထိ လျှောက်လွှာတင်ပါမစ်ယူနေရဆဲဖြစ်သည်။သံဃာတော်များကို
နည်းမျိုးစုံဖြင့်ထိန်းချုပ်ထားဆဲဖြစ် သည်။အာဏာရှင်တို့သည်သူတို့ရဲ့လမ်းစဉ်ကိုသူတို့တစိုက်မက်မက်လျှောက်နေကြသည်။
မိမိတို့တော်လှန်ရေးသမားများဘက်ကလည်း မိမိတို့ရဲ့လမ်းစဉ်ကို
တစိုက်မက်မက်မျက်ခြေမပျက် ညီညီညွတ်ညွတ်လက်တွဲကာ လျှောက်ကြဖို့လိုပါသည်။မိမိတို့ဘက်ကလည်း
တာဝန်သိသိသစ္စာရှိရှိဖြင့် ကျရာတာဝန်ကို မခိုမကပ်ပဲ တတိုင်းပြည်လုံး မြေပေါ်မြေအောက်အဖွဲ့အစည်းများ
နည်းမျိုးစုံဖြင့် ဖွဲ့စည်းကာ စည်းရုံးကြမည် အတူလက်တွဲတိုက်ပွဲဝင်ကြမည် ဆိုလျှင် မိမိမျှော်မှန်းသည့်
တကယ့်လွတ်လပ်ရေးသည် မဝေးတော့ပါ လက်တစ်ကမ်းအလိုမှာ ရှိနေပါသည်ဟု ၆၄ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ
သတင်းကောင်းပါးရင်း ……
တကယ့်လွတ်လပ်ရေးအတွက် ပြည်သူပြည်သားအားလုံး
တိုက်ပွဲဝင်ပါဝင်ဆင်နွှဲနိုင်ကြပါစေ…
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
0 comments:
Post a Comment