4 comments
ရွှေည၀ါဆရာတော်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံစဉ်...
၁၄ ဇန်န၀ါရီ ၂၀၁၂
ယနေ့ညနေပိုင်းက
နိုင်ငံရေးအကျဉ်းသာဟောင်းများသည် ရွှေည၀ါဆရာတော် ဦးပညာသီဟကို
သွားရောက်တွေ့ဆုံ၍ သံဃမဟာနာယက အဖွဲ့မှ (ရွှေည၀ါဆရာတော်၏ အသနားခံစာကို)
ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးကြသည်ဟု သိရသည်။
ရွှေည၀ါဆရာတော်၏ အသနားခံစာကို
ငြင်းပယ်လိုက်ခြင်းသည် ဆရာတော်အား ကြည့်မြင်တိုင်မြို့နယ်
သာဓုကျောင်းတိုက်မှ ဖယ်ရှားမည့် အကြောင်းကိုသာ (သံဃမဟာနာယက အဖွဲ့မှ) ဆက်လက်
အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ရွှေည၀ါဆရာတော်သည် ၁၅. ၁၂. ၂၀၁၁ နေ့စွဲဖြင့်
အသနားခံစာ ပြန်လည်တင်ပြခဲ့ခြင်းကို သံဃမဟာနာယက အဖွဲ့၏ တတိယအဖွဲ့ခွဲမှ ၂၁.
၁၂. ၂၀၁၁ နေ့တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်
ငြင်းပယ်လိုက်ကြောင်း သိရသည်။
ရွှေည၀ါဆရာတော်သည် ယခုပြသနာကို
တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု နိုင်ငံရေး
အကျဉ်းသားဟောင်းများအား မိန့်ကြားသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းမျာက
ဆရာတော်နှင့် ဆွေးနွေးပြီးနောက် သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်သည်
နိုင်ငံတော်အစိုးရ၏ ယခုဖော်ဆောင်နေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်ငြိမ်းချမ်းရေး လမ်းကြောင်းနှင့်
ဆန့်ကျင်ဘက် ဖြစ်နေသည့်အတွက် အလွန်တရာ အံ့သြမိကြသည်။
ထို့ပြင် နိုင်ငံတော်အစိုးရသည်
စိတ်ကောင်းစေတနာကောင်းဖြင့် နိုင်ငံရေး အကျဉ်းသားများကို
ပြန်လည်လွှတ်ပေးနေချိန်တွင် (ရေစက်ချသြ၀ါဒပေးခြင်းကို ပုံကြီးချဲ့ကာ
အရေးယူအပြစ်ပေးခဲ့သည့်) သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်
အေးချမ်းသာယာရေး၊ ဗုဒ္ဓသာသနာ ထွန်းကားရေးကို အထောက်အကူ မပြုသည့်အပြင်
အစိုးရ၏မူဝါဒ လမ်းကြောင်းနှင့်လည်း ဆန့်ကျင်နေသည်ဟု နိုင်ငံရေး
အကျဉ်းသားဟောင်းများက သုံးသပ်ကြသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများသည်
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် တစ်ပါးချင်းစီအား
လိုက်လံတွေ့ဆုံ၍ လျှောက်ထားမေးမြန်းမည်ဟု သိရသည်။
(ရွှေည၀ါဆရာတော်အပေါ် အရေးယူရခြင်း၏
အဓိက အကြောင်းရင်းမှာ မန္တလေးမြို့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် NLD
ရုံးတွင် ရေစက်ချ သြ၀ါဒတရား ဟောကြားခြင်းကြောင့်ဖြစ်သည်ဟု နိုင်ငံတော်
သံဃမဟာနာယက အဖွဲ့၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်)။
Hawdeka Aethaeအားကျေးဇူးတင်ပါသည်..။
ရွှေညဝါဆရာတော် အသနားခံစာအား တိုင်းသံဃမဟာနာယကမှ ပယ်ချစာ..

ရွှေညဝါဆရာတော် သတင်းများပြန်ဖတ်လိုပါက.. ပိုစ့်အောက်မှ ရွှေညဝါဆရာတော် အား Click လုပ်၍ပြန်လည် ဖတ်ရှုနိုင်ပါသည်..။
0 comments:
Post a Comment