ဖောင်စီးလူခုနှစ်မျိုး
လူသားသည် ဘဝကို ကျင်လည်ရခြင်းမှာ အဆုံးအစမရှိသော သမုဒ္ဒရာပြင်ကျယ်တွင် မျောနေသည့် ဖောင်ပေါ်၌ လိုက်ပါနေခြင်းနှင့် တူသည်ဟူသော ဒဿနအမြင်တစ်မျိုးရှိသည်။
ကွဲပြားခြားနားသော လူတို့၏ စရိုက်များသည် ဖောင်ပေါ်၌ ပါရှိသော လူခုနစ်မျိုးနှင့်တူသည်။
ဘဝ၏ ကောင်းရာမှန်သမျှသည် ဒုက္ခကို မြှူဆွယ်ခြင်းသာဖြစ်သည်ဟု
တွေးနေသော အဆိုးမြင်ဝါဒီလည်း တစ် ယောက်။ ယနေ့ကို ပျော်ပျော်ခံစားပါဟု ဆိုသော အတ္တဗဟိုပြုဝါဒီလည်း တစ်ယောက်။ (သူသည် ဖောင်ပေါ်တွင် ဇိမ်အကျဆုံး နေရာကို ရရှိရန် တတ်နိုင်သရွေ့အစွမ်းကုန်
ကြိုးစားသည်။)
ရှေ့မှာ ရွှေကမ္ဘာကြီးရှိသည်။ မိုးကုတ်စက်ဝိုင်းထဲမှာ
ရွှေကမ္ဘာကြီးကို တွေ့တော့မည်ဟု အမြဲတမ်း လှမ်း ကြည့်နေသော အကောင်းမြင်ဝါဒီလည်းတစ်ယောက်။
ခရီးစဉ်မှတ်တမ်းကို ရေးသားရန် အချိန်ရနေသော အကဲခတ်သမားလည်းတစ်ယောက်။(သူသည် ပင်လယ်လှိုင်း၊ ဖောင်နှင့်
ခရီးသွားဖော်တို့၏ အခြေအနေတို့ကို မှတ်တမ်းတင်ပြီး အကဲခတ်နေတတ်သည်။
မိမိကိုယ်ကျိုးကိုမငဲ့ဘဲ
ဖောင်ပေါ်ရှိ အခြားသူတို့အား ကူညီရန် စိတ်ထားရှိသူ ပရဟိတဝါဒီလည်း တစ်ယောက်။ ဘာကိုမှ လိုချင်ခြင်းလည်း မရှိ၊ ခရီးဆုံးလျှင် ဖောင်ပေါ်မှ ခုချရန်ကိုလည်း ငြင်းဆိုကာ ဇွဲနပဲနှင့် ပေတေခံနေသူ(နကမ္ပတိဝါဒီလည်းတစ်ယေက်။)
နောက်ဆုံးလူမှာ ကလေးငယ်တစ်ယောက်။ ဘာကိုဘာမျှ မသိ။ အားကုန် ရုန်းကန်တွန်းထိုးနေသည်။
သူအသံကို ဖောင်တစ်ခုလုံးကြားနေရသည်။
နောက်ဆုံးတွင် အားလုံးဖြေရှင်းပြီးသွားလိမ့်မည်။
အိမ်မက်ဆိုးတွေ ပြယ်သွားလိမ့်မည်။ စိမ်းလမ်းနေသော ကုန်းမြေသည် ပေါ်လာလိမ့်မည်ဟု ကလေးကယုံကြည်သည်။
ဖောင်ပေါ်ရှိ လူခုနစ်မျိုးစလုံးအတွက
သေချာသော ပန်းတိုင်မှာ တစ်ခုတည်းရှိသည်။ သေခြင်းတရား ဖြစ်သည်။ သေခြင်းတစ်ရား၏ ဟိုဘက်၌ ဘာရှိသည်ကို မည်သူမျှမသိ။ လတ်တလော အနေအထားတွင် အသက်ကယ် အင်္ကျီဖြင့် ရေကူးသင်ရခြင်းနှင့် အသက်ကယ်အင်္ကျီမပါဘဲ ရေကူးသင်ရခြင်းကွာခြားသကဲ့သို့
လူဘဝ၏ လိုအပ်ချက်များ ပြည့်စုံမှုရှိခြင်း၊ မရှိခြင်းတို့က သာယာပျော်ရွှင်ခြင်း နှင့် ကြောင့်ကြတောင့်တရခြင်းတို့
ကို ပြဌာန်းလေသည်။ အသက်ကယ်အင်္ကျီ မပါဘဲ ရေကန်ထဲတွန်းချခံရသူသည်
လက်တန်ရှိရာဘက်သို့ ကြေက်အားလန့်အားနှင့်
ကူးခတ်ပြီး လက်တန်းကို မလွှတ်ဘဲ ဆုတ်ကိုင်ထားလိမ့်မည်
ဖြစ်သည်။ ဤကား သဘာဝကျသော လူ့ဗီဇပင်ဖြစ်သည်။
သေခြင်းတရားသည် သူရောက်ချိန်တွင် ရောက်ချင်ရောက်လာပါစေ။
သို့ရာတွင် လူသည် အသက် ကယ်အင်္ကျီမပါဘဲ ရေကူးမသင်ချက်သကဲ့သို့ပင်
တရားဆီသို့ လက်ချည်းသက်သက် မသွားလိုကြချေ။ ပြင်ဆင်မှုများနှင့် ပြည့်စုံပြီးချိန်တွင်
လူသည် အရာရာကို ရင်ဆိုင်ဝံ့မည်သာ ဖြစ်ပေသည်။(စာစဉ်-၁၆၁၊ ၂၀၀၃ မတ်လ)
0 comments:
Post a Comment