မပုကြွယ်နှင့်ခရုငယ်ဆိုတာ မြန်မာပြည်သားတိုင်း
နားရည်ဝနေတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဆရာဆရာမတွေရဲ့ပါးစပ်ဖျားမှာတစ်တွတ်တွတ်
ရွတ်ဆိုပြနေတဲ့ပုံပြင်ပါ။ကျတိုင်းကျတိုင်း ပြန်တက်ပြီး
နောက်ဆုံးတိုင်ထိပ်ပေါ်ကိုရောက်ရှိသွားတဲ့ခရုငယ်ကိုအတုယူပြီး
းအတန်းထဲမှာ အညံ့ဆုံးဖြစ်တဲ့ မပုကြွယ်ဟာမရဘူးလို့ဆုံးဖြတ်ထားတဲ့စာကို အခေါက်ခေါက်ပြန်ပြီးကျက်လိုက်တာ အတန်းထဲမှာ အတော်ဆုံးလူဖြစ်သွားတယ်ခင်ဗျ။
အဓိကကတော့ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ ရိုးရိုးသားသားနဲ့
ကြိုးစားဖို့လိုတယ်။
အောင်မြင်ဖို့ကိုရှေ့မှာပြောခဲ့တဲ့မပုကြွယ်တို့၊ခရုငယ်တို့လိုကြိုးစားဖို့လိုပါတယ်။
ဖြတ်လမ်းကလိုက်ပြီး ကြိုးစားတာဟာ အောင်မြင်ဖို့ မသေချာဘူးပါဘူး။
တကယ်လို့အဲဒီဖြတ်လမ်းက ဖေါက်ပြီး
ကြိုးစားလို့ရတဲ့အောင်မြင်မှုဟာအရည်အချင်းရှိတဲ့အောင်မြင်မှုဖြစ်မှာမဟုတ်ပါဘူး။အထပ်ထပ်ဆုံးရှုံးခဲ့ရတဲ့
ဆုံးရှုံးမှုတွေ
၊အထပ်ထပ်ကြုံတွေရတဲ့ အခက်အခဲတွေမရှိဘဲ
ရလာတဲ့အောင်မြင်မှုဟာ အောင်မြင်မှုမစစ်ဘူး။ အောင်မြင်မှုကို ငွေတို့
ပကာသနတို့နဲ့တိုင်းတဲ့ လူတွေဟာ အဲဒီငွေ၊ အဲဒီပကာသနတွေနဲ့အပ်နှင်းပြီး အောင်မြင်မှုကိုယူကြတယ်။အဲဒီသူတို့ရလာတဲ့အောင်မြင်မှု တွေဟာ
ကြာကြာခံလေ့မရှိဘူး။
စာသင်ကျောင်းတွေမှာ စာမေးပွဲတွေဖြေကြတာရှိတယ်။ အဲဒီစာမေးပွဲတွေမှာ
ကိုယ်တိုင်ကြိုးစားလို့ အောင်တဲ့သူတွေလဲရှိတယ်။ ခိုးချလို့အောင်သွားတဲ့လူတွေလဲရှိတယ်။ ဆရာ ဆရာမတွေကို
ပုဆိုး၊ထဘီတွေ လာဘ်ထိုးပြီး အောင်တာလဲရှိတယ်။ မခိုးချ၊ လာဘ်မထိုးဘဲ ရိုးရိုးသားသားကြိုးစားပြီး
အောင်သွားတဲ့သူတွေဟာ အဲဒီအချိန်မှာ ကိုယ်တိုင်ကြိုးစားထားတဲ့ အရည်အချင်းတွေ ရှိတယ်။ အရည်အချင်းရှိတော့
လူကြားထဲမှာ အောင်မြင်သူရယ်လို့ ရဲရဲဝံ့ဝံ့ခေါင်းမော့နိုင်တယ်။ မသာမာမှုနဲ့အောင်မြင်သူတွေ၊ လာဘ်ထိုးပြီးအောင်မြင်သူတွေ က
အောင်သာအောင်တယ် လူတောထဲမှာ အောင်မြင်သူရဲလို့ ခေါင်းမော့ပြီးနေဖို့ရာ
မဝံ့ရဲကြပါဘူး။ ဒါအမှန်ပါပဲ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ စာမေးပွဲရဲ့အခက်အခဲတွေကို မသမာမှုတွေနဲ့
အလွယ်တကူအောင်မြင်ခဲ့တယ်။ အခက်အခဲရှိမှ အောင်မြင်မှုဆိုတာရှိမှာဆိုတော့ သူတို့အောင်တဲ့ အောင်မြင်မှုဟာ
အစစ်မဟုတ်ဘူး။ ဒါ့ကြောင့်
အောင်မြင်သူတွေမှာရှိတဲ့ အရည်အချင်း သူတို့ဆီမှမရှိဘူး။
“အောင်မြင်မှုဆိုသည်မှာ စောင့်ဆိုင်းရမည့်အရာမဟုတ်၊ ဆောင်ရွက်ရမည့်အရာ” ဟူ၍ စာအုပ်တစ် အုပ်ထဲက စာသားလေးက မှတ်သားစရာကောင်းပါတယ်။ ငါဟာ တစ်နေ့တော့
အောင်မြင်မှာပဲလို့ စိတ်ထဲမှာ ပဲမှတ်ယူထားပြီး လက်တွေ့ကိုယ်က ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေရင်၊
ပျင်းတွဲနေမယ်ဆိုရင် တစ်နေ့အောင်မြင်မယ် ဆိုတာဟာ သေတာတောင် အောင်မြင်မှာ မဟုတ်ပါဘူး။
အောင်မြင်မှုဆိုတာ သူများက လာပေးတဲ့အရာမဟုတ် ဘူး။ ကိုယ်ကိုယ်တိုင်က လုပ်ယူရမယ့်အရာပါ။ ဘဝမှာ ဘယ်အရာမှ
အလကားမရပါဘူး။ အလကားရရင်လဲ အဲဒီအရာဟာ အပေါးစားအရာပဲဖြစ်မှာ ပါ။ အကောင်းစားတွေက
ကြကြာခံတယ်။ အပေါးစားတွေက ကြာကြာမခံပါဘူး။ပျက်စီးလွယ်တယ်။ အများကြီးပေးဆပ်ပြီး
ရရှိလာတဲ့ အောင်မြင်မှုကို စားသုံးခံစားရတာလောက် အရသာရှိတာမရှိပါဘူး။
လောကရဲ့ ဂုဏ်တကာ့ဂုဏ်ထဲတွင် ရိုးဂုဏ်ဟာ
အမြင့်မြတ်ဆုံးဖြတ်ပါတယ်။ ရွှေဂုဏ်ငွေဂုဏ်၊ ဓနဂုဏ်၊ အာဏာဂုဏ်စတဲ့ဂုဏ်ပုဒ်တွေဟာ
အပေါ်ယံဂုဏ်ပုဒ်တွေသာဖြစ်ပါတယ်။ရိုးသားမှုဂုဏ်သာ တကယ့်ကို စစ်မှန်တဲ့
ဂုဏ်ပုဒ်ဖြစ်ပါတယ်။ ငါဟာ ဟောဒီအောင်မြင်မှုပန်းတိုင်းကြီးဆီကို ရိုးရိုးသား သားနဲ့
ကြိုးစားပြီးရောက်လာတာလား၊ ဒါမှမဟုတ် မသာမာတဲ့နည်းနဲ့အောင်မြင်လာတာလားဆိုတာ
မိမိကိုယ်ကိုယ် သိမှာသာဖြစ်ပါတယ်။ရိုးသားစွာကြိုးစားခြင်းဖြင့်
ရောက်လာတဲ့သူတွေကတော့ အောင်နိုင်သူလို့ သူတို့ကိုယ်သူတို့ ယုံကြည်ကြည်နဲ့
ကြွေးကြော်နိုင်မှာသေချာပါတယ်ခင်ဗျား…။
မောင်ပြည်ချစ်
0 comments:
Post a Comment