Thursday, March 1, 2012

သင်သည်လည်းလူ ဘယ်လိုလူလဲ

သင်သည်လည်းလူ ဘယ်လိုလူလဲ

မာသာထရီဇာ လူလော့ကလာတော့
လူတွေကိုကူညီသွား မေတ္တာတွေပွါးသမို့
သူ့ကိုချစ်ကြတမ်းတကြ၏။
အာဏာရှင်ဟစ်တလာ လူလောကလာတော့
လူတွေကိုသတ် လွန်နှိပ်စက်လို့
သူ့ကိုမုန်းကြ မတမ်းတကြ။
ဒို့ရဲ့ဖခင် သခင်ဗိုလ်ချုပ်အောင်ဆန်း
ဒို့ပြည်မှာ သူစွမ်းတော့
လူတွေကိုကူညီသွား မေတ္တာပွါးသမို့
သူ့ကိုတမ်းတ လွန်ချစ်ကြ၏။
အာဏာရှင်ယုတ် နေ၀င်းဗိုလ်စုတ်
ဒို့ပြည်မှာသူအုပ်ချုပ်တော့
တိုင်းပြည်လည်းစုတ် လူလည်းစုတ်မို့
သူ့ကိုမုန်းကြ သတ်ချင်ကြ၏။
ဒို့ပြည်ရဲ့မိခင် အောင်ဆန်းစုကြည်သခင်ရဲ့
ကြင်နာ မေတ္တာ ကရုဏာ တရား
ပြည်သူတွေပေါ်ထားသမို့
ပြည်သူလည်းချစ် ကမ္ဘာလည်းချစ်ပေါ့။
အာဏာရှင်ကြီးသန်းရွှေ
ဒို့ပြည်ကို သူမွှေလို့
သခင်ဘ၀မှ ကျွန်ဘ၀တွေဖြစ်ရ
နွံထဲနှစ်ရ လူလုံးမလှသမို့
သူ့ကိုမုန်းကြ ရှင်းချင်ကြ၏။
ဒီမယ်အမောင် သင်….ဤလူ့ဘောင်ကို
ရောက်တုန်းရောက်ခိုက် ရောက်သခိုက်မှာ
သင်သည်လည်းလူ ဘယ်လိုလူလဲ
လူတွေချစ်ရ တန်ဖိုးရသလား
လူတွေမုန်းပွါး အာဃာတထားသလား
သင့်ကိုယ်သင်မေး ပြန်စစ်ဆေးပါ
သင်သည်လည်းလူ ဘယ်လိုလူလဲ…..

                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


0 comments:

Post a Comment