Monday, February 13, 2012

ဓမ္မစကား ခေတ်လူများ၏မှတ်စု ဂျာနယ် အမှတ်စဉ် (၅)မှ


ဓမ္မစကား
          မြတ်စွာဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို စနစ်တကျသေချာ ကျနစွာလေ့လာစေချင်ပါသည်။မိမိလေ့လာမှုအားနည်းလျှင်အားနည်းသလောက် သဘောပေါက်နားလည် မှုလွဲနိုင်ပါသည်။တချို့ကမြတ်စွာ ဘုရားဝါဒကို လောကုတ္တရာသက်သက် နိဗ္ဗာန်လမ်းစဉ်တစ်ခု သာဟောထားသောဝါဒ ဟုထင်မှတ်မှားတတ်ကြပါသည်။လုံးဝမဟုတ်ပါ လောကီ လောကုတ္တရာ နှစ်ဖြာပြည့်စုံသော ၀ါဒဖြစ်ပါသည်။လော ကီမှာကြီးပွါးအောင်မြင်ဖို့ဟော ထားသောတရားများမြောက်များ စွာရှိပါ သည်။အဓိပတိ တရားလေးပါး ကိုဆွေးနွေးပြချင်ပါသည်။ အဓိပတိရဲ့အဓိပ္ပါယ်မှာ အကြီးအမှုးဖြစ်ပါသည်။ လူတစ်ယောက်ကြီးပွါး အောင်မြင်ဖို့ ကိုယ်လိုရာပန်းတိုင်ကိုရောက်နိုင်ဖို့ မရှိမဖြစ်တကယ်လိုအပ်သောတရားလေးပါးဖြစ်ပါသည်။
          ထိုတရားလေးပါးမှာ ၁။ဆန္ဒာဓိပတိ ။ ၂။ဝီရိယာဓိပတိ။ ၃။စိတ္တာဓိပတိ။ ၄။ဝီမံသာဓိပတိ တို့ဖြစ်ပါသည်။တကယ်အောင် မြင်ကြီးပွါးလိုသောသူတိုင်း ထိုတရားလေးပါးကို တနေ့တခြား ပိုမိုကြီးထွားအောင်စနစ် တကျလေ့ကျင့် ပေးဖို့ လိုပါ သည်။မိမိ ရင်ထဲက လိုချင်မှု ဆန္ဒဓါတ်သည် လေ့ကျင့်ပေးမှုမရှိပါက အဓိပတိ ဆိုတဲ့အင်းအားကြီးထွားမှုအဆင့်ကိုရောက်မလာပဲ သာမာန် အဆင့်ဖြင့် နိဂုဏ်းချုပ်သွားပါလိမ့်မည်။သာမာန် သူလိုငါလို လိုချင်ကာမတ္တ ဖြစ်ချင်ကာ မတ္တသာမာန် ဆန္ဒဖြင့်ဘယ်လိုနည်းနှင့်မျှ အောင်မြင် ကြီးပွါးနိုင်မည်မဟုတ်ပါ။လူအများစု ကြီးပွါးအောင်မြင်မှု ပန်းတိုင်နှင့်လွဲချော်နေကြချင်းမှာ ဆန္ဒာဓိပတိကို ကောင်းစွာသဘော မပေါက်မလေ့ကျင့် လို့ပဲဖြစ်ပါသည်။ ကမ္ဘာမှာ အောင်မြင် ကျော်ကြားသူမှန် သမျှကိုကြည့် မည်ဆိုလျှင် ဆန္ဒာ ဓိပတိ  အားကောင်း  သောအချက်ကိုကောင်းစွာတွေ့ရမည်ဖြစ်ပါသည်။

          ဆန္ဒဓါတ်အားအကောင်းဆုံးသူကို ပြပါဆိုလျှင် ပထမဦးဆုံး ဗုဒ္ဓမြတ်စွာဘုရား ကိုညွှန်ပြရမည်ဖြစ်ပါသည်။ဆန္ဒဓါတ်သည် သူ့အလိုလိုဖြစ် လာသောတရားမဟုတ်ပါ။ သူကိုကြီး ထွားအောင်ေ လ့ကျင့်ပေးရသောတရားဖြစ်ပါသည်။ဗုဒ္ဓကိုယ်တော်တိုင်စံပြအနေဖြင့် ဘ၀ပေါင်းမျောက် များ စွာလေ့ကျင့်ခဲ့ပါသည်။သတ္တ၀ါအများကို လမ်းမှန်ညွှန်ပြနိုင်ဖို့ ကယ်တင်နိုင်ဖို့ သဗ္ဗညုတဥာဏ် ကိုရဖို့ သူ့ရဲ့ဆန္ဒာဓိပတိ ဆန္ဒဓါတ်ကို တစ်ဘ၀ထက် တစ်ဘ၀ ပိုမိုအားကောင်းအောင်လေ့ ကျင့်ခဲ့ရပါသည်။သူလိုချင်သော သဗ္ဗ ညုတဥာဏ်အတွက် စည်းစိမ်ဥစ္စာ သားသမီး အသက် သွေး ချွေး ခန္ဒာကိုယ်ကိုပင်စတေးကာစွန့်လွှတ်အနစ်နာခံလေ့ကျင့်ခဲ့ပါ သည်။နောက်ဆုံး ဘုရားဖြစ်မည့်ဘ၀မှာ ထီးနန်းစီးစိမ်နှင့်တကွအရာအားလုံးကိုစွန့်လွှတ်ကာ အပြင်းအထန်နည်းမျိုးဆုံးဖြင့် အပင်ပန်းခံ အဆင်းရဲခံကာ ကျင့်ခဲ့ပါသည်။နောက်ဆုံး သဗ္ဗညုတဥာဏ်မရသမျှ ငါလုံးဝနောက်ပြန်မလှည့် ဘူးဆိုတဲ့ကြီးမားတဲ့ ဆန္ဒဓါတ်ဖြင့်ကြိုးစားမှုကြောင့် မျှော်မှန်းသည့် အမြင့်ဆုံးပန်းတိုင် ဘုရားအဖြစ် သဗ္ဗညုတဥာဏ်ကိုရခဲ့ပါသည်။
          မိမိတို့သည် မြတ်စွာဘုရားရှင်၏တပည့်များဖြစ်ကြပါသည်။တပည့်ဖြစ်သူသည်ဆရာ၏လမ်းစဉ်ကိုလိုက်ရပါမည်။ဆရာ ဖြစ်သူသည် သူ၏လမ်းစဉ်ကိုလိုက်စေချင်သည့်အတွက် အဓိပတိတရားလေးပါးကို  နေရာတော်တော်များများမှာ ဟောကြားခဲ့ပါ သည်။ဆန္ဒာဝတော ကိံနာမ ကမ္မံ နသိဇ္ဈသိ ။ ဆန္ဒဓါတ်ပြင်းထန်သော အားကြီးသောသူသည် မပြီးစီးသောကိစ္စမည် သည်မရှိ ပြီးစီးအောင်မြင်ခြင်းသည်သာလျှင်မုချဖြစ်၏လို့ ဆိုထား သည့်အတွက် အောင်မြင်ချင် လျှင်မိမိရဲ့ရင်ထဲက ဆန္ဒဓါတ်ကိုအားကြီး အောင် အဓိပတိအဆင့် ထိရောက်အောင်လေ့ကျင့်ပါ။မိမိရင်ထဲမှာ ဆန္ဒဓါတ်အားကြီးလာပါက နောက်က အဓိပတိသုံးပါးပူးပေါင်း ပါဝင်လာမှာမုချဖြစ်ပါသည်။ဆန္ဒလိုချင်မှု အားကောင်းလာလျှင် ၀ီရိယာဓိပတိ ကြိုးစားအားထုတ်မှုတွေပြင်းထန်အားကောင်းလာ ပါလိမ့်မည်။ကြိုးစား အားထုတ်မှု ၀ီရိယဓါတ်တွေပြင်းထန်လာပါလျှင် စိတ္တာဓိပတိ မိမိရဲ့စိတ်ဓါတ်စွမ်း အားမြင့်မား လာပါလိမ့်မည်။ စိတ်ဓါတ်တွေထက်သန်လာပါလိမ့်မည်။ စိတ်ဓါတ်တွေမြင့်မားထက်သန် လာပါက ၀ီမံသာဓိပတိ ဆိုတဲ့ ပညာဥာဏ်အတွေးအခေါ် စွမ်းအားတွေအားကောင်းပြင်းထန် လာပါလိမ့်မည်။ ပညာဥာဏ်စွမ်းအားတွေမြင့်မား အားကောင်းပြင်းထန်လာပါက မိမိသည်ကျိန်း သေမုချ မိမိမျှော်မှန်းသည်ပန်းတိုင်သို့ရောက်ရှိကာ ကြီးပွါးအောင်မြင်လာပါလိမ့်မည်။
          မိမိဆရာဖြစ်သူ ဗုဒ္ဓမြတ်စွာဘုရားသည် အခက်ဆုံးလမ်းကို အဓိပတိတရားလေးပါးလက်ကိုင်ထားကျင့်သုံးပြကာ အောင်မြင်အောင်လျှောက်ပြခဲ့ပါလျှက် တပည့်ဟုအမည်ခံထားသူမိမိတို့ကမလိုက်နာကြဘူးဆိုလျှင် မိမိတို့သည် မျောက် အုန်းသီးရ သလိုဖြစ်ပါလိမ့်မည်။မျောက်သည် သူရသောအုန်းသီးကြီးကိုဘာလုပ်ရမှန်းမသိ အခွန်ကို ကိုက်စားကြည့် သည် အခွန်သည် အရသာမရှိ ဖန်တွတ်တွတ်ဖြစ်သည်။အရသာမရှိဘူးဆိုပြီးလွတ်ပစ်လိုက်သည်။ သူလွှတ်ပစ်လိုက် သောအုန်းသီးကို ဥာဏ်ပညာရှိသောလူကအတွင်းအနှစ်ထိရောက်အောင်သွားကာ ချိုမြသောအုန်းရေကိုသောက်လို့ အနှစ် အသား ကိုစားပါ သည်။မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ အများစုကြီးသည် ဗုဒ္ဓဘုရားရှင်၏တရားတော်များကို အတွင်း အနှစ်ရောက်အောင်မသွားပဲ အပေါ် ယံကြော ဘုရားကို သက်စေ့ရေလောင်း ယတြာချေ ဘ၀ဖြင့်ကျေနပ်နေကြသည့်အတွက် အောင်မြင်မှုပန်း တိုင်များနှင့်လွဲချော်နေကြသည်မှာ အင်မတန်ဝမ်း နည်းစရာကောင်း လှပါသည်။ ဗုဒ္ဓဘုရား၇ှင်၏ ဓမ္ဓစကားတော် များကိုနားလည်သော ပညာရှိသူတော်ကောင်းများသည် ဗုဒ္ဓ ဟောကြားသော အဓိပတိတရားလေးပါးကို မြင့်သည်ထက်မြင့်အောင် ကြီးမားသည်ထက်ကြီးမားအောင် လေ့ကျင့်ကြသည့် အတွက် သူတို့မျှော်မှန်းသည့် ကြီးပွါး အောင် မြင်မှု ရည်မှန်း ချက်ပန်း တိုင်ကို ရောက် အောင်လှမ်း နေကြကြောင်းကို ဓမ္မစကား လက် ဆောင်ပါး လိုက်ပါ သည်။ အဓိပတိ တရားလေး ပါးကိုကျင့်ကြံပွါးများခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် လျှောက်လှမ်း နိုင်ကြပါစေဟုဆန္ဒပြုဆွေး နွေးတင်ပြရင်း…………….
                                                                                        မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment