Sunday, February 19, 2012

အချင်းချင်းသစ္စာဖေါက်ခဲ့ပြီ


အချင်းချင်းသစ္စာဖေါက်တဲ့ မ ဟ န
ဗုဒ္ဓဘုရားရှင်လက်ထက် ဒေ၀ဒတ်ရှိစဉ်ကပေါ့
ဗုဒ္ဓမြတ်စွာဘုရား တပည့်တော်အား
ငဲ့ညှာသနား အာဏာလွှဲပြောင်းပေးပါဘုရား
လျှောက်ထားတဲ့စကား ဗုဒ္ဓဘုရားကြားတော့
ဒီမယ်ဒေ၀ဒတ် ငါဘုရားမြတ်ကိုယ်တော်တိုင် အာဏာမပိုင်ပါ…
သံဃာ့ထံမှာ ဓမ္မ၀ိနယ ရှိနေကြ၍
ထိုလမ်းအညီနေနိုင်ပြီ။
အခုတော့ ခေတ်သစ် ဒေ၀ဒတ် ခေတ်ပျက် မဟန
မိမိအာဏာရဖို့အရေး ကိုယ့်သံဃာသွေး ကိုယ်ပြန်သောက်
အချင်းချင်းသစ္စာဖောက်ခဲ့ပြီ။
ဓမ္မနှင့်အညီတရားဟောပြ ဦးပညာသီဟကို
ကျောင်းကနှင်ထုတ် သူတို့အဟုတ်ယုတ်ကြပြီ။
မိမိသံဃာတော်များ အပြစ်မရှိငြားပဲထောင်နန်းစံရ
 နှိပ်စက်ကျလို့ ကျောင်းတွေပိတ်ချိန်
ညိမ်စိမ်နေကြ ဘာမှမဖွင့်ဟ မ ဟ န က
ကိုယ့်ကျောင်းကိုယ်ပြန်နေ သံဃာတော်တွေကို
သခင့်အလိုကျ အမိန့်ထုတ်ပြကာ
မိမိအာဏာရဖို့အရေး ကိုယ့်သံဃာသွေး ကိုယ်ပြန်သောက်
အချင်းချင်းသစ္စာဖောက်ခဲ့ပြီ။
ဘောလောင်း ချဲထိုး မိန်းမပိုးပြီး
ပျက်ဆီးကာနေ ကျောင်းတိုက်တွေကို
ဘာမှမဖွင့်ဟ ခွင့်ပြုနေကြ မ ဟ န က
သာသနာ့ အရေး အသက်ပေးဆောင်ရွက်
ထမ်းရွက်ကြပေသံဃာတော်တွေကို
မိမိစော်ကား ပြုပေငြားဟု
အမိန့်ထုတ်ကာ ယုတ်မာလာကြ မ ဟ န သည်
 မိမိအာဏာရဖို့အရေး ကိုယ့်သံဃာသွေး ကိုယ်ပြန်သောက်
အချင်းချင်းသစ္စာဖောက်ခဲ့ပြီ။
မှတ်ချက်။        ။ဓမ္မစစ်ဓမ္မမှန်သံဃာတော်များဘက်မှာ မရပ်တည်ပဲ မိမိအာဏာစည်းစိမ်တည်မြဲရေးအတွက် ခိုင်းတာမှန်သမျှ
လိုက်လုပ်အမိန့်ထုတ်ကာ သံဃာတော်များအချင်းချင်းအား သစ္စာဖေါက်နေသော မ ဟ န ဆရာတော်များအား            ပစ္စည်းလေးပါး လှူဒါန်းရန်သင့်မသင့်စဉ်းစားကြစေလိုပါသည်။သတိ အဆိပ်ပင်ရေလောင်း မဖြစ်ဖို့အရေးကြီးပါသည်။

                                                           မင်းသုည(ဗုဒ္ဓတက္ကသိုလ်)










0 comments:

Post a Comment