Wednesday, February 8, 2012

နှစ်(၆၀)ကျော်က ပင်လုံစာချုပ်နှင့် အော်ဟစ်နေသော တိုင်းရင်းသားအရေး......









                        ကျွန်တော် အွန်လိုင်းပေါ်မှာ လျှောက်ကြည့်ရင်းနဲ့.... သတင်းလေးတစ်ပုဒ်ဖတ်ရတယ်ဗျာ... စိတ်ဆင်းရဲစရာ သတင်းပါ
ဒီ .... သတင်းလေးကို မတင်ပြခင်မှာ   ဟိုး ယခင် နှစ်ပေါင်း (၆၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊
နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ ဒေသအလိုက် တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုပေါင်းလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်အကြောင်း
ကိုလဲ သတိရမိပါတယ်.....ပင်လုံစာချုပ် ချုပ်ဆိုရတဲ့  ရည်ရွယ်ချက်ကတော့.....   အင်္ဂလိပ်က မြန်မာပြည်ကို  လွတ်လပ်ရေးပေး မယ်လို့
ကြေငြာ တဲ့ အခါမှာ  တောင်တန်းနဲ့ ပြည်မကို  ခွဲခြားချန်လှပ်ထားခဲ့တဲ့ အတွက်  တစ်တိုင်းတစ်ပြည်လုံး  တစ်ချိန်တည်း  တစ်ပြိုင်တည်း
လွတ်လပ်ချင်တဲ့ အတွက် စုပေါင်းလက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးတောင်းဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်......
                           ပင်လုံစာချုပ်အကြောင်း နဲနဲ လေ့လာရအောင်ပါ..............
ပင်လုံစာချုပ် (၁၉၄၇)

မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင် တောင်တန်းဒေသ များနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိ လိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွှတ်တည်း အောက်ပါအတိုင်း သဘောတူ ညီကြသည်။

၁။ တောင်တန်းသားများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီးအဖွဲ့မှ ကိုယ်စားလှယ် များက ထောက်ခံသည့် ကိုယ်စားလှယ် တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်ထားရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနည်းတူ တောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင် ကောင်စီ အောက်၌ ထားရှိရမည်။ ထိုတောင်တန်း ဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။

၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ၎င်းနှင့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှစ်ဦး ရှိရမည်။ ထို အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာ နယ်ပယ်ရေးရာ များကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်း ဒေသ ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း စုပေါင်း တာဝန်ယူ လုပ်ကိုင်ရမည်။
၎။ အတိုင်ပင်ခံ ဝန်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်း ဒေသများ၏ တဦးတည်း သော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသောအခါ တွဲဘက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီ အစည်းအဝေးသို့ တက်ရောက် နိုင်ခွင့်ရှိရမည်။

၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန်ု မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမှုလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မှုအားဖြင့် လက်ခံသည်။

၆။ မြန်မာ ပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံ ကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည် ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ အပိုင်း (၂) ခြွင်းချန်ဒေသများကိုအုပ်ချုပ်သည့်နည်းတူမြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်အတွင်းရှိဒေသများအုပ်ချုပ်ရေးနှင့်ပတ်သက် ၍လည်း တောင် တန်းဒေ သ အတိုင်ပင်ခံ ဝန်ကြီးနှင့် တွဲဘက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေး ရမည်။
၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်။

၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်း မရှိစေရ။
၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်း ဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ၊ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မှုများကဲ့သို့ အလားတူ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင် ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး၊ တွဲဘက် အတိုင်ပင်ခံများနှင့်အတူ စူးစမ်း လေ့လာမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ဒီမိုဝေယံ ၀က်ဆိုဒ်မှ......)

0 comments:

Post a Comment