Monday, February 6, 2012

Saffron Monks evicted – ဖေဖော်ဝါရီ ၄ မှာ မဂ္ဂင်ကျောင်းမှ အကျဉ်းလွတ်သံဃာများ ပြန်လည်ထွက်ခွာပေးရ

ဗိုလ်ချုပ်ကြီးများခိုင်းတာမှန်သမျှလိုက်လုပ်နေသော သံဃာ့မဟာနာယကများအား ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းနေကြခြင်းသည်အဆိပ်ပင်ရေးလောင်းဖြစ်သည်။သာသနာတော်ကိုဖျက် ဆီးနေခြင်းဖြစ်သည်။အားလုံးဝိုင်းဝန်းကန့်ကွက် ဆန့်ကျင်ကြပါ။

ဓာတ်ပုံသတင်း၊ ဘားမားဗီဂျေသတင်း၊ ဖေဖော်ဂါရီ ၅၊ ၂၀၁၂
အစိုးရ၏ အကျဉ်းချထားမှုမှ လွတ်မြောက်လာသော ရွှေဝါရောင်သံဃာတော်များသည် ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံကာလအတွင်း အာဏာပိုင်းတို့ သိမ်းပိုက်ထားသော မူလမဂ္ဂင်ကျောင်းတိုက်တွင် ဇန်န၀ါရီ ၁၃ ရက်နောက်ပိုင်းမှ ယမန်နေ့အထိ ၀င်ရောက် သီတင်းသုံးနေခြဲ့ကရာမှ ယခုအခါတွင် သာသနာရေးဝန်ကြီးဌာနနှင့် သံဃာမဟနအဖွဲ့၏ ထုတ်ပြန်ချက်များအရ မဂ္ဂင်ကျောင်းမှ ပြန်လည် ထွက်ခွာပေးရကြောင်း သိရှိရသည်။


စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခံရမှ လွတ်မြောက်လာသော သံဃာတော်များကို မဟနအဖွဲ့ကြီးက အပြစ်ရှိသူများအဖြစ် သဘောထားသည်ဟု ထုတ်ပြန်စာတွင် ရေးသားထားသည်။ 


0 comments:

Post a Comment