သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။
သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။
Tuesday, May 31, 2011
ဘ၀မှာ မရှိမဖြစ်တဲ့သူငယ်ချင်းများ
ကယ်တင်ရှင်အမေ
ကယ်တင်ရှင်
အမေ......
ရေနစ်နေတဲ့မြန်မာပြည်ကြီးကို
လှေတစီးနဲ့
အမေတယောက်ထဲ
ကယ်ဆယ်နေတဲ့အချိန်မှာ
မလိုစိတ်ထား
အမုန်းပွားနေသူတွေက
ငဲညှာထောက်ထားမှုမရှိပဲ
လှိုင်းကြာမှာမျောစေခဲ့တယ်၊
အမေ.........
အသိဥာဏ်မရှိတဲ့လူတစုရဲ့
ရက်စက်မှုတွေကြောင့်
ကျွန်တော်တို့လူထုလည်း
တစတစနဲ့
မလှပတဲ့ဘ၀ကိုရောက်ခဲ့ရပြီ
ဒီလူတွေဟာ
လူထွားပေမဲ့ပညာမရှိတဲ့သူတွေပါ
ဒီတော့
ကျွန်တော်တို့လူသားတွေဟာ
အရူးစကားနားထောင်နေရင်း
မထူးခြာတဲ့ဘ၀မှာပဲ
အချိန်ကုန်ခဲ့ရတယ်။
အမေ.........
အမေ့တာဝန်ကျေပါပြီ
မြန်မာပြည်အတွက်
ပေးဆပ်ခဲ့တာကဘ၀နဲ့ခန္ဒာသာမက
ဆင်းရဲချမ်းသာမရွေး
လူသားတွေနဲ့အတူ
နေပေးခဲ့တဲ့သူပါ
အမေ.......
အမေဟာမေတ္တာရှေ့ထားလို့
သစ္စာစကားတွေပြောခဲ့တယ်
မှားနေတဲ့မြန်မာပြည်
ဒီမိုကရေစီရနိုင်ဖို့
ကိုယ်ကျိုးမဖက်
အများအတွက်သာ
ရှေ့ဆောင်ကာလမ်းပြရင်း
မှန်းမရတဲ့လွတ်လပ်ရေးကို
အမေတွေးလို့ဝမ်းသာနေ
ဒုက္ခတွေကြားမှာ
ခံစားနေရတဲ့လူသားတွေကို
နေရာမရွေးကယ်တင်တတ်တဲ့
အမေ့အတွက်
အမှတ်တရအနေနဲ့
ကဗျာတပုဒ်ရေးလို့
လေးစားစွာဂုဏ်ပြုလိုက်တယ်အမေ။
မိုးလူး(မန္တလေး)
အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြ
စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်ရှည်
ကျခံနေရသော၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့ လှုပ် ရှားမှု ဦးဆောင် ဆရာတော်
တပါးဖြစ်သည့် အရှင်ဂမ္ဘီရ
အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့သည် အကျဉ်းသား အခွင့် အရေးများအတွက် မေလ
၂၇ ရက်နေ့မှ စတင်ပြီးအစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ဇေယျာသော်၏ သူရဲကောင်း
စနေနေ့၊ မေလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၅ မိနစ်
ဟစ်ပ်ဟော့ပ် အဆိုတော် တူပက်ရှာကူး Tupac Shakur သည် ၁၉၉၆ ခုနှစ်၌ အမေရိကန်တွင်
လူဆိုးဂိုဏ်းအချင်းချင်း ပစ်ခတ်ရာမှ သေနတ်ထိမှန်သေဆုံးခဲ့သည်။ ယင်းသည်
မျှော်လင့်ချက်ကင်းမဲ့နေသည့် လူမည်းလမ်းသူရဲဂိုဏ်းများ၏ တကယ့်သရုပ်မှန်နှင့်
သူလို ငွေကြယ်ပွင့်တို့အကြား ပဋိပက္ခ တနည်းအားဖြင့် အာဖရိကန်နွယ်ဖွား
အမေရိကန်လူမျိုး အဆိုတော် ကျင်လည်ရာ ငရဲဘုံ၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်သည်။
Monday, May 30, 2011
၁၉၆၇ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် (ရုပ်သံဖိုင်)
ဥပဓိရုပ်၊ အရည်အချင်း၊ နိုင်ငံတကာရဲ့လေးစားမှုဂုဏ်ပါရရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?vcovldaaj9ky8tv ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ ကျွန်တော်တို့ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် .... ရဲ့ ရုပ်သံမြင်ကွင်းတွေပါ...။ ပထမပိုင်းမှာတော့ ၁၉၆၇ခုနှစ်က ဖေဖော်ဝါရီလက ရန်ကုန်မြိုသို့ ခေတ္တအားလပ်ရက်အတွင်း ပြန်လည်ရောက်ရှိလာပြီး မိခင်ကြီး ဒေါ်နန်းသောင်အပါအဝင် မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံပါ...။ ဒုတိယပိုင်းမှာတော့ ၁၉၆၇ခုနှစ် ဇွန်လက အီဂျစ်၊ အစ္စရေး ကိစ္စကိုဝင်ရောက် ဖြေရှင်းပေးခဲ့ရစဉ်က ရုပ်သံပါ...။ ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကလေးစားရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ဟာ ၁၉၆၁ခုနှစ်မှာ နိုဝင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခံရပြီး ၁၉၇၁ခုနှစ် ဒီဇင်ဘာလအ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခေတ်တခါက ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့သလို... ယနေ့အချိန်မှာတော့ နှစ်စဉ်ကမ္ဘာ့ လူဆိုးစာရင်း အာဏာရှင်စာရင်းမှာ အမြဲ ပထမ၊ ဒုတိယ၊ တတိယ လူဆိုး စာရင်းဝင်တွေလည်း ထိပ်ကနေရှိပါတယ်...။ ယနေ့အချိန်ခါမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်ရ၊ အနှိမ်ခံနေရတာတွေဟာ ဘာကြောင့်ဆိုတာ အားလုံးသိပြီးတဲ့ အတိုင်း အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ယနေ့ခေတ် လူငယ်လူရွယ်တွေ သိရှိနိုင်ဖို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ရှားပါး ဗီဒီယိုဖိုင်ကို ရှာဖွေတင်ပြလိုက်ပါတယ်...။ ဒီမိုဝေယံ
မြန်မာ့လွတ်လပ်ရေးအတွက် အပြီးသတ်ကြိုးပမ်းခဲ့ရသော သမိုင်းဝင်နေ့ရက်များ

မြန်မာ့လွတ်လပ်ရေးကို အရယူလိုက်နိုင်သည့် သမိုင်းစာမျက်နှာ များစွာအနက်မှအချို့ကို (၆၂)မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ ထုတ်နှုတ် ဖော်ပြလိုက်ရပါသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအား ဗြိတိသျှတို့က သိမ်းပိုက်ခဲ့ပြီးနောက် နည်းမျိုးစုံဖြင့် လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းရှည်ကြာစွာ လက်ရုံးရည်၊ နှလုံးရည်ကြိုးပမ်းမှုများဖြင့် စွမ်းဆောင်ခဲ့ကြရာ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့၏ အကူအညီဖြင့် ဗြိတိသျတို့ကို မြန်မာ့မြေမှ တိုက်ထုတ်နိုင်ခဲ့ကြပေသည်။
ဆွန်ယက်ဆင် (၁၈၆၆-၁၉၁၂)
မူရင်းဆောင်းပါးရှင် ကျန်းလန်ရှင်းသည်
တရုတ် နိုင်ငံသားဖြစ်ပြီး၊ ဗဟိုပညာရေးသိပ္ပံ အင်စတီကျု ၏
အယ်ဒီတာဘုတ်အဖွဲ့ဝင်၊ ပညာရေးသမိုင်း လေ့လာမှု တွဲဖက်ဒါရိုက်တာ၊ အကြီးတန်း
သုတေသန ပညာရှင် ဖြစ်သည်။ ဆွန်ယက်ဆင်၏ ပညာရေး အမြင်များကို
ပြုစုရေးသားရာတွင် ထွန်းတောက်ခဲ့သော တော်လှန်ရေးခေါင်းဆောင်ဘ၀၊
ဒီမိုကရေစီနှင့် သိပ္ပံနည်းကျ ပညာရေး၊ ဆွန်ယက်ဆင်၏ ပညာရေးဆိုင်ရာ
တော်လှန်သော အယူအဆများ၊ ပြည်ပမှ ကျောင်းသားများကို ညီညွတ်စေခြင်း၊ ပညာရေး
တန်းတူညီမျှမှု၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး၊ ဆွန်ယက်ဆင်၏ ပညာရေးရှုထောင့်စုံ
ဟူ၍ ခေါင်းစဉ်ငယ်များဖြင့် တင်ပြခဲ့ပါသည်။ ဘာသာပြန်သူအနေဖြင့်
အပိုင်းလေးပိုင်း ခွဲတင်ပြမည်ဖြစ်ရာ အပိုင်း ၁ အဖြစ် ဆွန်ယက်ဆင်၏
ထွန်းတောက်ခဲ့သော တော်လှန်ရေး ခေါင်းဆောင်ဘ၀ အပိုင်းကို ဦးစွာ
ဖော်ပြလိုက်ရပါသည်။ ဘာသာပြန်ဆိုသူ)
မြန်မာနိုင်ငံ ပညာရေးနိမ့်ကျသွားရခြင်းအကြောင်းနှင့် သမိုင်းတရားခံများ
ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည်
လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။
Sunday, May 29, 2011
၁၉၈၈ အရေးအခင်းကာလ အတွင်းက ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံမြင်ကွင်းများ
http://www.demowaiyan.co.cc/ ထိုစဉ်က လူထုဆန္ဒပြပွဲများ၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် ကြေငြာချက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ အာဏာသိမ်း ကြေငြာချက် စသည်တို့ ပါဝင်တဲ့ ရှားပါး ရုပ်သံဖိုင်တွေပါ.... ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မမှီ၊မသိရှိလိုက်တဲ့ ယနေ့ခေတ် လူငယ်များ လေ့လာသိရှိနိုင်ဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်... ဒီမိုဝေယံ
ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်
ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
Saturday, May 28, 2011
၁၉၆၀ခုနှစ်က ဝန်ကြီးချုပ်ဦးနုရဲ့ ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ မြင်ကွင်း (ရုပ်သံ)
၁၉၆၀ခုနှစ် ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ ရုပ်သံ... ဒေါင်းလုပ် လုပ်ချင်ရင်.. http://www.mediafire.com/?d9wvwba354a1faq ၁၉၅၈ခုနှစ် ကသမိုင်းတရားခံ ဦးနေဝင်းရဲ့ အိမ်စောင့် အစိုးရမှအာဏာ လွှဲပြောင်းရရယူပြီး ၂နှစ်အကြာ ၁၉၆၀ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ဦးနုရဲ့ သန့်ရှင်း ဖဆပလ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနဲ့ ၁၉၆၀ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ရုပ်သံပါ...။ သမ္မတက မန်းဝင်းမောင်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး စော(၀်)ခွန်ချို၊ ဘဏ္ဍာရေးဝန်ကြီးဦးတင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဦးရာရှစ် စတဲ့ လူမှန်နေရာမှန် ဝန်ကြီးအဖွဲ့မှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်...။ ပြည်တွင်း သတင်းထောက်များလည်း လွတ်လွတ်လပ်လပ်လပ် ဓာတ်ပုံ ရိုက်ယူ မှတ်တမ်းတင်ခွင့်ကို ရရှိခဲ့တာပါ..။ (ကြည့်ချင်ရင် Click) ပါလီမာန် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ၂၀၁၁အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ဘာတွေကွာနေသလဲ နှိုင်းယှဉ်ကြည့်ကြပါ..။ ယနေ့ခေတ်တံခါးပိတ် လွှတ်တော်နဲ့ တကယ့်ပြည်သူတွေ ရွေးကောက်တင်မြောက်ခဲ့တဲ့ လွှတ်တော် ဘာတွေကွာပါလဲ။ ရိုးရိုးလေးပါ ဘာအဆောင်အယောင်မှ မပါပါဘူး...။ ဘယ်သူမှလည်း ကျောက်ရုပ်တွေလို အသက်မရှိတဲ့လူတွေလို တစုံတရာကို ကြောက်ရွံနေရသလို လှုပ်ရှားသွားလာခြင်း မရှိကြပါဘူး။ ရုပ်သံထဲက ဝန်ကြီးချုပ်ဦးနု အိန္ဒိယကို ချစ်ကြည်ရေး မထွက်ခင်မှာ ရန်ကုန်လေဆိပ်ကို လိုက်ပါပို့ဆောင်ကြတဲ့ ဝန်ကြီးဦးဝင်း (ကွယ်လွန်သူ ခေတ်ပြိုင် အယ်ဒီတာ ဦးတင်မောင်ဝင်း ဖခင်) အပါအဝင် သံတမာန်များလိုက်ပါ ပို့ဆောင်ကြပါတယ်...။ ရုပ်သံ အဆုံးပိုင်းမှာ စစ်ယူနီဖောင်းနဲ့ သမိုင်းတရားခံ ဦးနေဝင်းကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ငါတို့တိုင်းပြည်တော့ မကြာခင်မှာ ရေတိမ်နစ် ရတော့မှာပါလားဆိုတာ တွေးမိရင်း စိတ်မသက်မသာ ဖြစ်ရပါတယ်...။ အရင်ခေတ်နဲ့ ပါလီမာန် ဒီမိုကရေစီခေတ်နဲ့ အာဏာရှင်ဒီမိုကရေစီခေတ် အခြေအနေတွေနဲ့ ကွာခြားချက်လေးတွေကို နှိုင်းယှဉ်ပြတာပါ...။ အမှန်အကန်နဲ့ အကြံအဖန် ပါလီမာန်နှစ်ခု မြင်ကွင်းပါ...။ ပြန်တမ်းတတယ် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်း ကိုယ်စီကိုယ်ငှ တန်းတူညီမျှ လူတန်းစေ့ နေထိုင် စားသောက်နိုင်ဖို့ ကောင်းမွန်တဲ့ စံနစ်တစ်ခုအတွက် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်..။ အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကိုဒီမိုဝေယံ ဆိုက်မှကူးယူဖေါ်ပြပါသည်။
ဗုဒ္ဓ၀ါဒီအကြောင်းတစေ့တစောင်း
ဗုဒ္ဓ၀ါဒီဖိုးကျော်
အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ
Friday, May 27, 2011
ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများ
(၁) သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည်
ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။
(မာဇင်နီ )
(၂) လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။ ( ဆာဗန်တီ )
(၃) တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )
(၄) ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို
ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန်
ဖြစ်တယ်။ ( အရစ်စတိုတယ် )
(၅) မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။ ( နီကီတာခရုရှက် )
ဒီမိုကရေစီစနှစ်ကိုသွားပါပြီဆိုတဲ့ သိန်းစိန် ၀န်ကြီးချုပ်ဦးနုကဲ့သို့ ဒီလိုမိန့်ခွန်းတွေပြောရဲလား
မပြောရဲရင် သွားလေရာထမိန်ဝတ်သွားပါ။
Thursday, May 26, 2011
သုံးနားမညီတဲ့ ပညာရေး
http://www.maukkha.org/index.php?option=com_content&view=article&id=1638:2011-05-26-00-17-11&catid=131:essay&Itemid=384
ဇွန် ၁ ရက် နေ့ ဆိုရင် ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ စာသင်ခန်းထဲ
ဝင်ရမှာကို ကျမ ရင်လေးနေတယ်။ ဆရာမ တစ်ယောက်ဘ၀ကို ခုံခုံမင်မင်
လုပ်ခဲ့ပြီးကာမှ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။
အသက် ၄၀ ကျော် လာလို့လား။ ဆရာ ဆရာမ တစ်ယောက်မှာ ရှိရမယ့်
ကျွမ်းကျင်မှုတွေ မရှိလို့ပဲလား။ ပညာသင်ကြားရေး အပေါ်မှာ စိတ်ဓာတ်တွေ
ဘာကြောင့် ကျနေမိတာလဲ။
Wednesday, May 25, 2011
Hip Hop အဆိုတော် ဇေယျာသော် ဘာကြောင့် နိုင်ငံရေးလုပ်သလဲ
သတိရကြပါ ရွှေမြန်မာတို့....
Tuesday, May 24, 2011
အပြောကောင်းတာလား အကောင်းပြောတာလား
သုဘာသိတာစ ယာ ၀ါစာ၊
ဧတံ မင်္ဂလမုတ္တမံ။
ကောင်းသောစကားကို ပြောဆိုခြင်းသည်
မြတ်သောမင်္ဂလာ ဖြစ်၏။
လူသားတို့ နေ့စဉ်နေထိုင်လုပ်ကိုင် ကူးလူးဆက်ဆံနေကြရာ၌ တစ်ဦးနှင့်တစ်ဦး
နားလည်သဘောပေါက်မှုသည် ပဓာနကျ၏။ ထိုနားလည်သဘောပေါက်မှုကို စကားလုံးများက
ကိုယ်စားပြုပေးကြ၏။ ပြောဆိုဆက်ဆံ ဆိုသည့်အတိုင်း ဘာသာစကား တစ်ခုခုကို
ပြောဆို၍ ဆက်ဆံကြရ၏။ ထိုပြောဆိုသော စကားသည် မှားသည်လည်း ရှိ၏။ မှန်သည်လည်း
ရှိ၏။ ကောင်းသည်လည်း ရှိ၏။ မကောင်းသည်လည်း ရှိ၏။ ဘုရားရှင်ကတော့
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း
မင်္ဂလာသုံးဆယ့်ရှစ်ပါးတွင် ထည့်သွင်း၍ မိန့်တော်မူခဲ့သည်။
ကောင်းသောစကား ဟူသည် အဘယ်နည်း၊ ကောင်းသောစကား ဟူသည်မှာ
ဝစီသုစရိုက်လေးပါး ပင်တည်း၊ လိမ်ညာလှည့်ဖြားသော စကားမျိုးသည် မုသာဝါဒ-
မကောင်းသောစကားမျိုး ဖြစ်၏၊ ထိုစကားမျိုးကို ရှောင်ကြဉ်၍
သစ္စ၀ါစာ-မှန်မှန်ကန်ကန် ပြောဆိုခြင်းသည် ကောင်းသောစကား ဖြစ်၏၊ အချင်းချင်း
အထင်လွဲအောင်၊ သွေးကွဲအောင်၊ အချစ်ပြယ်အောင်၊ စည်းလုံးမှု ပျက်ပြားအောင်
ကုန်းချောခြင်း၊ ခြေထိုးခြင်း၊ သွေးထိုးခြင်း၊ သွေးခွဲခြင်း၊
သပ်လျှိုခြင်း၊ တို့မီးရှို့မီးလုပ်ခြင်း စသော စကားမျိုးသည်
ပိသုဏ၀ါစာ-မကောင်းသော စကားမျိုး ဖြစ်၏။
မောက္ခ ပညာရေး
သူပုန်ထဖို့ စတဲ့ နေရာတွေပေါ့။
သို့သော် အမေရိကန် တက္ကသိုလ်တွေက အချို့သော ကျောင်းသားများကျတော့ ရည်းစားနဲ့ အချိန်ဖြုန်း မနေအားဘဲ သူတို့ တက္ကသိုလ် အဆောင်မှာ နေကြစဉ်မှာပဲ မီလျံနာတွေ ဖြစ်အောင် စလုပ်ခဲ့ပါတယ်။

မခ် ဇာခါဘဂ် ဆိုရင် ဟားဗတ်တက္ကသိုလ် တက်နေတုန်း facebook အတွက် အိုင်ဒီယာ ရပြီး နေ့မအား ညမအား အခန်းအောင်း ကြိုးကုတ်ခဲ့သူပါ။ အခု သူ့ရဲ့ လူမှုကွန်ယက် ၀ဘ်ဆိုဒ်ကို နေ့စဉ် လူသန်း ၄၀ ကျော် ကြည့်နေပြီး၊ ဒေါ်လာ ၅ ဘီလျံနီးပါး ချမ်းသာတဲ့ ဇောတိကလေး ဖြစ်နေပါပြီ။
အညတရ သူရဲကောင်းဆုရရှိသူ အညတရသူရဲကောင်း ဆရာတော် ဦးဣန္ဒက
ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတရသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတရသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတရသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတရသူရဲကောင်း (၃) ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ဆရာတော် ဦးဣန္ဒက။
ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော်ဖြစ်ပြီး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် (၂၆) နှစ်နဲ့ လာရှိုးထောင်မှာ အကျဉ်းကျခံနေရပါတယ်။
ဆရာတော် ဦးဣန္ဒကသည် အမည်နာမ မထင်မရှားဖြစ်နေသည့် အညတရသူရဲကောင်းစစ်စစ် ဖြစ်ပါသည်။
(သတင်းပေးပို့ လာသော ကိုမင်းထက်ဇော်နှင့် ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)
၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ဘိက္ခူမာတာအမည်ရှင် ဒေါ်ရှု ရွေးချယ်ခံရ
၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ဘိက္ခူမာတာအမည်ရှင် ဒေါ်ရှု ရွေးချယ်ခံရ
အဆိုပါ ဆုကို မြန်မာနိုင်ငံအတွင်း လူထုအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်း များအား ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်ပြီး ယခုနှစ်အတွက် ဒေါ်ရှုနှင့်အတူ အလုပ်သမား၊ လယ်သမား အရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဖိုးဖြူ အပါဝင် ၅ ဦးကို ဆန်ခါတင် ရွေးချယ်ထားရာ ဒေါ်ရှုက ထောက်ခံ မဲ ၄၃. ၉၁ ရာခိုင်နှုန်းဖြင့် ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ဆုပေးအပ်ပွဲကျင်းပ ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မဲပေးကြသည့် နိုင်ငံငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။
ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -
၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %
ဆုအဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၁ သောင်းနှင့် ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကို ချီးမြှင့်မည်ဖြစ် သည်။
ဒေါ်ရှုက အကျဉ်းကျခံ သံဃာတော်များအတွက် အစားအသောက်၊ ဆေးဝါး စသည်တို့အား ကူညီနေ သည်မှာ ၃ နှစ်နှင့် ၇ လရှိပြီ ဖြစ်ပြီး ထိုသို့ ကူညီရခြင်းမှာ သံဃာများသည် ငယ်စဉ်ကတည်းက မိသားစု နှင့် ဝေးကွာခဲ့ရ၍ အကျဉ်းကျ ခံနေစဉ်တွင်လည်း မိသားစုက လာရောက်တွေ့ ဆုံရန် ခက်ခဲသည့် အတွက် ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။
“ဆုရလို့အတိုင်းမသိ ၀မ်းသာမိပါတယ်။ မျှော်လည်း မမျှော်မှန်းပါဘူး၊ ထင်လည်း ထင်မထားဘူး” ဟု ၎င်းက ဆိုသည်။
ယခုအချိန်အထိ အင်းစိန်ထောင်အပါအ၀င် ကျိုင်းတုံ၊ ဗန်းမော်၊ မြိတ်၊ မြင်းခြံ၊ ကလေး၊ ပြည်၊ သာယာဝတီ အစရှိသည့် ထောင်များ မှ နိုင်ငံရေး အကျဉ်းသား သံဃာတော် အပါး ၁၀၀ ကျော်ကို ဆွမ်းကွမ်း၊ ဝေယျာဝစ္စများ ထောက်ပံ့နေသည်ဟု ဒေါ်ရှုကပြောသည်။
အကျဉ်းကျ သံဃာများအနေဖြင့် ၎င်းတို့အား ထောင်တွင်း ဒုက္ခရောက်နေစဉ် အဟာရ ပြည့်ဝစေရန် စောင့်ရှောက်သည့် အတွက် အတိုင်းမသိ ၀မ်းသာကြကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးအပြီး တရားရုံး တွင် အမှုရင်ဆိုင်ရသည့် သံဃာအိုကြီးများကို တွေ့မြင် ရကတည်းက လှူဒါန်းချင်စိတ် ဖြစ်ပေါ်လာခြင်း ဖြစ် ကြောင်း ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက ဆက်လက်ရှင်းပြသည်။
ဒေါ်ရှုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦးဖြစ်ပြီး ယခုအချိန်အထိ နိုင်ငံရေးနှင့် အကျဉ်းကျ ခံနေရသည့် သံဃာတော်များအတွက် ငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ သုံးစွဲခဲ့ကာ ယခုရရှိသည့် ဆုငွေကိုလည်း ဆက်လက်သုံးစွဲ မည်ဖြစ်ကြောင်း ပြောသည်။
သီရိလင်္ကာနိုင်ငံ ဥတ္တရသီရိ ကျောင်းတိုက်မှ သံဃာတော်တပါးဖြစ်သော ဦးပညာဒီပက “ဒီနေ့ မနက်ပဲ ဒကာမကြီး ဒေါ်ရှု ပြည်သူ့ဂုဏ်ရည်ဆု ရတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဒီလို ကိုယ်ကျိုးစွန့်ပြီး နောက်ကွယ်ကနေ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ပေးနေသူကို ထိုက်တန်တဲ့ ဂုဏ်ပြုမှုရအောင် ဖော်ထုတ်ရေးသား ပေးခဲ့တဲ့ ဧရာဝတီ အဖွဲ့သားတွေကိုလည်း ဦးပဉ္ဇင်းတို့ ကျေးဇူးတင်တယ်” ဟု မိန့်သည်။
ပြည်သူ့ဂုဏ်ရည်ဆုကို ယမန်နှစ်က စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) မှ ဦးကျော်သူက ပထမဆုံး ဆု အဖြစ် အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့် ခံခဲ့ရသည်။
source by citizenofburma and irrawaddy
Sunday, May 22, 2011
ကွာလာလမ်ပူမှာဗုဒ္ဓဘာသာတို့ကျင်းပတဲ့ပွဲကို ဒီလိုတွေ့လိုက်ရပြီ
၁၃၇၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် စည်ကားသိုက်မြိုက်
ခမ်းနားအောင်မြင်စွာဖြင့် နိုင်ငံ တကာမှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့
စည်းလုံးညီညွတ်စွာ လက်တွဲ ကျင်းပသော မြတ်ဗုဒ္ဓ၏ ဖွား ပွင့် ဟောစံ ဗျာဒိတ်ခံ
နေ့ထူးနေ့မြတ်တွင် မလေးရှားနိုင်ငံ တမန်ဆွန်ဂိုင်းဘီစီဒေသ ရှိ
သတိပဋ္ဌာနဓမ္မရိပ်သာ သည်လည်း တိရတန ဗုဒ္ဓဘာသာ မြန်မာအဖွဲ့နှင့် အတူပူးပေါင်းကာ
ဆင်နွဲ ခဲ့ကြသော မှတ်တမ်းတင် ပုံရိပ် များကို ဝေဝေဆာဆာဖြင့်
တင်ဆက်လိုက်ရပါသည် ။
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3591279&xgs=1&xg_source=msg_share_post
Wednesday, May 18, 2011
ကွန်ပျူတာ အင်္ဂလိပ်စာ ထိုင်းဘာသာ သင်တန်းဆင်းပွဲ
The library offers daily free English, Thai and computer classes and free internet access. It is located in the centre of Mae Sot with its busy market.
Tuesday, May 17, 2011
နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ ဇေယျာသော်
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင်လည်းဖြစ် ဟစ်ပ်ဟော့ပ်
အဆိုတော်လည်းဖြစ်သူ အသက် ၃၁ နှစ်ရှိ ဇေယျာသော် အင်္ဂါနေ့က ကော့သောင်းထောင်မှ
လွတ်မြောက်လာသည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝရက်နေ့က
ကိုဇေယျာသော်အား နိုင်ငံခြားငွေကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁
နှစ်၊ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၆/၈၈ ဖြင့် ၅နှစ် စုစုပေါင်းထောင်ဒဏ
်၆နှစ် ချမှတ်ခဲ့သည်။ ထို့နောက်
မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်သည်။
ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ ကျင်းပမည့်ဗုဒ္ဓနေ့အခမ်းအနား
ုကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ ကျင်းပမည့်ဗုဒ္ဓနေ့အခမ်းအနား
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူသည့် နှစ်ပေါင်း ၂၆၀၀ တိတိ ပြည့်သည့်နေ့ ။
မွေးဖွားချိန်မှ စ၍ ရေတွက်လျှင် နှစ်ပေါင်း ၂၆၃၅ နှစ် ။
ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်နှစ်ပေါင်း ၂၅၅၅ ပြည့်သည့်နေ့...
ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသည့် နေ့ထူးနေ့မြတ်..
မနက်ဖြန် အမေရိကန်နိုင်ငံ ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ အမေရိကန်နိုင်ငံရောက်
မြန်မာသံဃာတော်များ၊ သီရိလင်္ကာ ၊ လာအို ။ကမ္ဘောဒီးယား ထိုင်း တရုတ် တိဗက်
ထိုင်ဝမ်မှ သံဃာတော်ပေါင်း ၉၀ ခန့် ကြွရောက်၍ ကမ္ဘာ့သူ ကမ္ဘာသားများအတွက်
မေတ္တာဖြန့်ဝေကြမည်ဖြစ်ပါသည်။
မနက်ပိုင်း ၆-၃၀ တွင် သံဃာတော်များ စုဝေးကြပြီး ကုလသမဂ္ဂဋ္ဌာနချုပ်
တိုးချဲ့အဆောက်အအုံရှေ့ရှိ Dog Hommorskjold ပန်းခြံသို့
ကြွရောက်တော်မူကြပါမည်။
နံနက် ၇ နာရီတွင် သံဃာတော်များအား ဆွမ်းလောင်းလှူကြပါမည်။
နံနက် ၉ နာရီတွင် ကုလသမဂ္ဂခန်းမကြီးအတွင်း အစည်းအဝေး စတင်မည်ဖြစ်သည်။
နေ့ ၃ နာရီအချိန်တွင် ကုလသမဂ္ဂအတွင်းရေးချုပ် ဘန်ကီမွန်းကိုယ်တိုင်
တက်ရောက်၍ သဘာပတိမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ
ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးများက မိန့်ခွန်းပြောကြားပါမည်။
မိန့်ခွန်းအပြီးတွင် (Peace, Harmony And Co-existence) ခေါင်းစဉ်ဖြင့်
မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီး
သီရိလင်္ကာနိုင်ငံမှ ဆရာတော်တပါး
မွန်ဂိုလီးယား ဂိုဏ်းချုပ်ဆရာတော်
ခရစ်ယာန် ရှုဒေါင့်မှ ဖိလစ်ပိုင်နိုင်ငံကိုယ်စားလှယ်
ဟိန္ဒူရှုဒေါင့်မှ အိန္ဒိယနိုင်ငံကိုယ်စားလှယ်
အစ္စလာမ်ရှုဒေါင့်မှ ပါကစ္စတန်နိုင်ငံကိုယ်စားလှယ် နှင့် သုတေသီပညာရှင်များက ဆွေးနွေးကြမည်ဖြစ်သည် ။
(ယနေ့ အမေရိကန်နိုင်ငံ တနင်္ဂနွေနေ့တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ
ကြွရောက်တော်မူလာကြသော သံဃာတော်များဟာ နယူးရောက်ရှိ
မြန်မာဘုန်းတော်ကြီးကျောင်းများ ဟိုတယ်လ်များတွင် အသင့်ရောက်ရှိနေပြီ
ဖြစ်ပါတယ်)
ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဥပုသ်သီလ ခံယူဆောက်တည်ခြင်း၊
၇တနာသုံး ဂုဏ်တော်ကို အာရုံပြုခြင်း ၊ တရားဘာဝနာကျင့်ကြံပွားများခြင်းဖြင့် ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြရန် နှိုးဆော်အပ်ပါသည်...
*အရှင်တိက္ခဥာဏာလင်္ကာရ (ခေတ္တ-နယူးရောက်) အမေရိကန်နိုင်ငံ ထံမှ သတင်းရရှိပူဇော်ပါတယ်..။*
၁၃၇၃- ကဆုန်လပြည့်
စာရေးသူ သစ္စာအလင်း
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3500826&xgs=1&xg_source=msg_share_post
Friday, May 13, 2011
စိတ်ဓါတ်ကျရင် ဒါလေးဖတ်ပါ
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3256420&xgs=1&xg_source=msg_share_postအိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့ --လင်းလင်း
--/25,Apr, 2011
- Liz Murray အား (New York )နူးယောက် ပြည်နယ် ဘရော်းစ်(Bronx) မြို့ တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။
သူမ ၏ မိဘများမှာ ဆေး၊ ဘိမ်း စွဲသူများ ဖြစ်ပြီး မိသားစု အတွက် ထောက်ပံ
့မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို့  ခဏသာ စိတ်ဖြေ ရာ
အဖြစ်သာ အသုံးပြုသည်။
လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။
စတိုးဆိုင်များမှ လွင့် ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့် ချက်ကင့် မဲစွာ ဆက်နေရသည်။
မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို
အဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော သူတို့ မသားစု ၏
အငှားခန်း ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင့် ရှောက်မှု ဝတ္တရား
ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်  လိဇ်
ကျောင်းတက်ချင် စိတ် မရှိပါ။
မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို
ကျောင်းတက်ရမည့်  အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင်
များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန်
့ရှင့် ရေး စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။
Thursday, May 12, 2011
ဘယ်ကရဲဘော်လဲ.
ဘယ်ကရဲဘော်လဲ
သူ့မယုံရ ကိုယ့်မယုံရ
သံသယတွေပိုက်
ဟိုတစ သည်တစပြိုကွဲ
ဘယ်ကရဲဘော်ဖြစ်မ
တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည်သူ့အတွက်တဲ့
အရှက်ကနည်း၊ သွေးကခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
ဘယ်ကရဲဘော်လဲ...
တင်မိုး
၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)
Thursday, May 5, 2011
မေတ္တာဟူသည်
မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက
ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့
ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ
ယူလာရမယ်လို့
ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့
နာမည်ကို ရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာ ပါမယ့်
အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ
ဆိုတာပေါ်မှာမူတည်နေတယ်။
နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။
တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက
အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။
အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။
ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ
အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့
လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း
စိတ်လက်ပေါ့ပါးသွားတာပေါ့။
ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာ
ဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့
အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး
နံလည်းနံတဲ့ အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့
ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။ အခုမင်းတို့
ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ
အမုန်းတွေကို သားတို့ရဲ့ နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။
အကယ်၍ အဲဒီ အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူးဆိုရင်
သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ
ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ။
လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး
အဲဒီဒုက္ခကို သယ်မသွားပါနဲ့။ ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး
စိတ်ဓါတ်ပါ။ မင်း မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ မေတ္တာစစ်
မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့ သူကို
ပြည့်ပြည့်၀၀ ချစ်တာပါ။
အားလုံးသော သူငယ်ချင်းများ ခွင့်လွတ်ခြင်းဆိုတဲ့ အမြင့်မြတ်ဆုံး စိတ်ဓါတ်ကို ပိုင်ဆိုင်ထားနိုင်ပါစေ............http://chocolatemyotaw.ning.com/profiles/blog/show?id=3019402%3ABlogPost%3A3610039&xgs=1&xg_source=msg_share_post
Tuesday, May 3, 2011
ဆိုက်ကားသမား ဒဿသနဆရာ ဆရာမြသန်းတင့်
ဆိုက်ကားသမားဒဿနဆရာ
ညို့မှောင်နေသည့်သူ့မျက်နှာပေါ်
သူ့မျက်နှာသည် ကြည်လင်လတ်ဆတ်ကာ နှစ်လိုဖွယ်
ကောင်းနေသည်။သူသည်ကျွန်တော်တို့
ဆေးပေါ့လိပ်တိုကို မီးညှိပြီး ကျွန်တော်တို့ပြောနေသော စကားများကို
နားစွင့်နေတတ်သည်။
တစ်ခါတရံတွင်လည်းသူ့နှုတ်ခမ်းမွှေ
စကားများကို နားစွင့်တတ်သည်။
ဗိုလ်တဲပေါ်ကို ရောက်စတုန်းက ကျွန်တော်သူ့ကို သတိမထားမိ။
Monday, May 2, 2011
မေဒေးနေ့  နိုင်ငံတကာ အလုပ်သမား
http://www.maukkha.org/index.php?option=com_content&view=article&id=1580:2011-05-02-04-53-12&catid=120:2010-10-11-07-37-22&Itemid=374
