လမ်းဘေးမှာ မွေးတဲ့ ချီးစားခွေးမျိုးနဲ့ နိုင်ငံခြားခွေးမျိုး ဘယ်မျိုးခွေး ပြိုင်ပွဲ ရောက်မယ်ထင်လဲ ..? သေခြာပါ တယ်.ခွေးလှလှလေးပဲ ရောက်မှာပါ။ မြင်းကျားတွေကို ဂျော်ကီတွေ ဘာလို့ မရွေးချယ်တာလဲ...? ကျွဲ နဲ့ နွား ကို ဘယ်ကောင်ခိုင်းကောင်းမယ်ထင်လဲ ...? နေရာဒေသ နဲ့ ရွေးပါတယ်။ တိရိစ္ဆာန်တွေဟာ မျိုးနဲ့ နေရာဒေသ အလိုက် ကွာခြားပါတယ်။
လူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဘယ်ဒေသမှာပဲနေနေ အသိဥာဏ် ကွာဟမှု ကျဉ်းမြောင်းပါတယ်။ အားလုံး တန်းတူပါပဲ။ ဥာဏ်အရမ်းကောင်းတဲ့ လူမျိုးဆိုတာ မရှိပါဘူး။ သိပ်တော်တဲ့ လူမျိုးကိုတွေ့ရင် သူ့တို့ အမိုင်းကြောင်း ကို ပြန်လေ့လာသင့်ပါတယ်။
လူရယ်လို့ ဖြစ်လာပြီး ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ပေမဲ့ အနှီးစုတ်ခြာခြာထဲက ကလေးနဲ့ ကတ္တီပါစ၊ သားမွေးစထဲက ကလေး ဘယ်ကလေး ထွန်းပေါက်ဖို့များလဲ..? လူဆိုတာ ကိုယ့်အတိတ် ကံ နဲ့ ကိုယ်လာကြ တယ် ဆိုပေမဲ့ အတိတ်ကံ မကောင်းလို့မှ ချို့တဲ့စွာမွေးလာတဲ့ ကလေးများထဲက ထွန်ပေါက်မယ်ဆိုလည်း အရည်အတွက် အားဖြင့် နည်းပါလိမ့်မည်။
ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင် လူတန်းစားကွာဟမှု၊ မိဘတွေရဲ့ အသိဥာဏ်နဲ့ ပံပိုးမှု ထိန်းကျောင်းမှု တွေဟာ သားသမီးတွေ အတွက် ကြီးမားတဲ့ အင်အားပါ။ လူတန်းစားအရ အပေါ်လွှာ သားသမီးများအဖို့ မီးတွေ ထိန်ညီးအောင် ထွန်းထားတဲ့ ဖြောင့်ဖြူးနေသော လမ်းမကြီး ကို လျှောက်ရသလိုပါပဲ။ ဘေးမှာလဲ လမ်းပြမဲ့သူတွေ အားပေးမဲ့ လူတွေကလဲ ထုနဲ့ ဒေးပါပဲ။ ပြေးရုံတင်မက ပါဘူး ဂျွမ်းပါထိုးပြလို့ရပါသေးတယ်။ လိုရာပန်းတိုင်ကို အနှောင့်အယှက်ကင်းစွာ စိတ်မညစ်ရပဲေ၇ာက်သွားမှာပါ။ ဒါတောင်လမ်းဘေးထိုင်ပြီး အရက်သောက်၊ ဆေးချနဲ့ ဘ၀ပျက်သွားသူတွေ အများကြီးပင်ရှိသည်။
ဆင်းရဲသားလူတန်းစားများအဖို့မှာကား ရှေ့မှာ စားဖို့ရှာနေရသည်နှင့်ပင် သားသမီးများကို ကောင်းစွာ မထိန်း ကျောင်း နိုင်ပါ။ အသိဥာဏ် ရှိသော မိဘများဆိုလျှင်တော်သေးသည် မရှိလျှင် ထိုကလေး ဘ၀မျှောတော့ သည်။ ကလေးဆိုသည်မှာ ဖယောင်းကဲ့သို့ပင် ငယ်စဉ်ထဲကပင် ပုံသွင်းရပါသည်။မကောင်းသော အကျင့် ဆွဲနေကာမှ အတင်း ရိုက်နှက် ဆုံးမနေလို့ မလွယ်တော့ပါ။ ထိုကလေးငယ်တို့ ၏ ဘ၀ သည် ညအခါ တောအုပ်ထဲ၌ မျက်စိ မမြင်သူကို မျက်နှာအုပ်ကာ လမ်းလျှောက်ခိုင်းသကဲ့သို့ပင်ဖြစ်တော့သည်။ ဆူး ၊ ညှောင့်၊ ချောက်ကမ်းပါးတို့၏ ဒါဏ်ကြောင့် ဒါဏ်ရာတို့နှင့် အတိပြီးသော ကလေးငယ်တို့အား သားရဲတိရိစ္ဆာန် ကဲ့သို့သော လောင်းကစား၊ အရက်၊ ဘိန်း စသည်တို့က ဖြတ်ဆီးရန် ၀ိုင်းရံနေကြပေသည်။
ထိုသို့ အားဖြင့် ဘ၀ပျက်သွားသော ကလေးငယ်တို့သည် နောက်သောအခါ ထောင်၊ သချိုင်း နှင့် အရက်ဆိုင် များထဲသို့ ရောက်ကုန်ကြတော့သည်။ ထိုအထဲမှ ရွံ့ရွံ့ချွန်ချွန် ကြိုးစားသူတို့သာ လိုရာပန်းတိုင်သို့ ရောက်ကြ ပါသည်။သို့သော် ထိုသူတို့သည် လိုရာပန်းတိုင်သို့ အလွယ်တကူရောက်လာကြသည်မဟုတ်ပဲ တစုံတရာ ကို ပေးဆပ်ခဲ့ရပေသည်။
လိုရာပန်းတိုင်သို့ ရောက်ကြသူခြင်းတွင် အပေါ်လွှာလူတန်းစားကတော့ အခတ်အခဲဆိုတာ စာထဲမှာသာ ဖတ်ဖူးပေလိမ့်မည်။ ဆင်းရဲသားလူတန်းစားကထွန်းပေါက်သူက အပေါ်လွှာလူတန်းစားတို့ ကြိုးစားသည်ဟု ဆိုသည်ကို ရီပေလိမ့်မည်။ ဒါမျိုးတွေက ဖြစ်တက်သည်မို့ ထားလိုက်ပါတော့မည်။ မည်သို့ပင်ဆိုစေကာမူ ထိုသူတို့သည် လိုရာပန်းတိုင်သို့ ရောက်ခဲ့ကြပြီဖြစ်သည်။ သူတို့ စိုက်ပျိုးထားသော အပင် မှ အသီးအပွင့်တို့ စားသုံးခွင့်ရကြပြီဖြစ်သည်။ ဤ post ကိုဖတ်ရှုသူသည် ပညာသင်ကြားနေဆဲဖြစ်ပါက ပညာရေးကို ဦးစားပေးစေချင်ပါသည်။ ပညာတည်းဟူသော အရာသည် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းမှုနည်းပါး သော်လည်း နောင်အခါတွင် ကြီးမားသော အကျိုးကိုပေးစွမ်းသော အရာဖြစ်သည်။ ဘ၀ပေါင်းများစွာကို လျှော်ဖွတ်ပစ်နိုင်သည်။ လူတန်းစားမရွေးပဲ ပညာသည် သူ၏တန်းခိုးအာဏာ ကို ပေးစွမ်းပါသည်။ ပညာမြင့် လျှင် တိုင်းပြည်မြင့်မည် တိုင်းပြည်မြင့်လျှင် လူမျိုးတင့် ပါလိမ့်မည်။ ပညာမလိုချင်သူအတွက် မည်သည့်နေရာ တွင်ရှာရှာ ပညာရမည်မဟုတ် ၊ ပညာလိုချင်သူအတွက် လမ်းဘေးပလပ်ဖောင်းအဟောင်းဆိုင်က ပင် ပညာသိုက် ဖြစ်ပေသည်။ ဒါကိုမှ အားမရသေးဖူးဆိုလျှင် စာကြည့်တိုက်တွေ ရှိပါသေးသည်။ စာကြည့်တိုက် သည် အတန်းပညာသတ်မှတ်မခံရသော်လည်း အသိပညာ၊ အတက်ပညာတို့၏ ပဒေသာပင် ဖြစ်သည်။ စာကြည့်တိုက်သည် ကမ္ဘာအတွက် များစွာ အကျိုးပြုခဲ့သည်။ သိပ္ပံပညာရှင်များစွာ ခေါင်းဆောင်များစွာ ကိုမွေးထုတ်ပေးခဲ့သည်။ စာပေကပေးသော အသိပညာ၊ အတက်ပညာဟူသည် တန်ဖိုးကြီးစာအုပ်များကို ၀ယ်ဖတ်မှ ဌားဖတ်မှ ရနိုင်ခြင်းမဟုတ်၊ စာတိုလေး တစ်ကြောင်း နှစ်ကြောင်းကပင် သင်၏ အမိုက်မှောင် ကို ပွင့်လင်းစေသည်။ ထိုကြောင့် ဆင်းရဲချမ်းသာမရွေး လူငယ်များအနေနှင့် မိမိတို့အားလပ်သော အချိန်လေးများတွင် အသိပညာ၊ အတက်ပညာများ ရှာဖွေဆည်းပုးကြပါလို့ တိုက်တွန်းလိုက်ပါသည်ခင်ဗျာ...
Thursday, December 3, 2009
စာဖတ်ကြပါ .. ဒို့လူငယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment