ထိုင်းနိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ပြီး သွားရောက် အလုပ် လုပ်ကိုင်ကြသည့်မြန်မာရွှေ့ပြောင်း အလုပ်သမား
များ အများစုသည် တရားမဝင်သွားရောက်အလုပ် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
ထိုသို့ တရားမဝင် အလုပ် လုပ်ကြရသဖြင့် တရားဝင် ထိုင်းအလုပ်သမား များနည်းတူ အခြေခံအလုပ်သမား
အခွင့်အရေး မရကြ။ထိုင်းအလုပ်သမား ဥပဒေအရလည်း အကာအကွယ် မရကြသည့်အပြင်နယ်စပ်မှ ဖြတ်
ကျော်ပြီး သွားရောက်စဉ်တွင်သော် လည်းကောင်း၊ ရောက်ရှိပြီး တရားမဝင် အလုပ်လုပ်ကြရာတွင် လည်း
ကောင်း အသက်အန္တရာယ်နှင် ကြုံပြီး အသက် ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။
(၂ဝဝ၈)ခုနှစ်၊ ဧပြီလ(၉)ရက် တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ဖူးကက်သို့ သွားရောက်သည့် အအေးခန်း
ကွန်တင်နာယာဉ်တွင် အသက်ရှူ မွန်းကြပ်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅၄)ဦး သေဆုံးခဲ့
ရသည်။ နှစ်နိုင်ငံ တာဝန်ရှိသူများ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ကိုယ်ရေးအချက်အလက် ပြည့်စုံ
သည့် (၄၁)ဦး အတွက် လျော်ကြေးငွေ စုစုပေါင်း ထိုင်းဘတ်ငွေ (၁.၄၃၅)သန်း ရရှိခဲ့ကြသည်။
အသက်ဆုံးရှုံးမှုမျိုး အလားတူဖြစ်သည့် ဖြစ်စဉ်တစ်ရပ် အဖြစ်(၂ဝဝ၉)ခုနှစ်၊ သြဂုတ်လ (၂၈)ရက်က
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း အဝင်လမ်းအနီးမှာအလောင်း(၃)
လောင်း တွေ့ရှိခဲ့ကြသည်။ စိစစ်ကြည့်သောအခါ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အလောင်း
များဖြစ်ကြောင်း၊ တင်ဆောင် လာသည့်ကားတစ်စီးမှ အသက်ရှူမွန်းကြပ် သေဆုံးကြသည့် အတွက်
ပစ်ချသွားခြင်း ဖြစ်ကြောင်း၊ ဆေးရုံဆေးစစ်ချက် မှတ်တမ်းများက ဆိုသည်။ တင်လာသည့်ကားက
လူသေမှုအပြင် လူကုန်ကူးမှုနှင့်ပါ အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက် အခုလို အလောင်းကို
အလျှင်အမြန် လာပစ်သွားခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
(၂ဝဝ၉)ခုနှစ်၊ မေလအတွင်း ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့နယ်၏ ရွာတစ်ရွာရှိ အိမ်တစ်အိမ်သည်
တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ကျော်စောသတင်းရှိမှုကြောင့်
ထိုင်းနိုင်ငံအာဏာပိုင်များကဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည်။ ထိုအိမ်သည် နယ်စပ်မှတရားမဝင်
ဝင်ရောက်လာသူများကို အခြားနေရာဒေသများသို့ ပို့ဆောင်ပေးသည့် ကြားစခန်းအဖြစ် အသုံးပြု
ထားသည်ကို တွေ့ရသည့်အပြင် ရေခဲပုံးများထဲတွင် ထည့်ထားသော မြန်မာအလုပ်သမား (၃၄)ဦး
ကို တင်ဆောင်ထားသည့် ကုန်တင်ကားနှစ်စီးကို တွေ့ရှိခဲ့ကြသည်။ ထိုကားနှစ်စီးစလုံးသည် ဖန်င
နှင့် ဖူးခက်ဘက်သို့ ထွက်ရန် ပြင်ဆင်နေစဉ် တွေ့ရခြင်းဖြစ်သည်။ အချိန်မီ ဖော်ထုတ်တားဆီးနိုင်
ခဲ့ကြ၍သာ အသက်ဆုံးရှုံးမှုမရှိခြင်း ဖြစ်သည်။
ထိုသို့သွားလာစဉ်တွင် အသက်အန္တရာယ်ရှိသည်သာမက ထိုင်းနိုင်ငံအတွင်း အိမ်ဖော်အလုပ် လုပ်ရ
သည့် အမျိုးသမီးများသည် ပြင်ပနှင့်ဆက်သွယ်ခွင့်မရကြသည့် အတွက်အိမ်ရှင်များ၏အနိုင်အထက်
ပြုမှုခြင်း အမျိုးမျိုးကို ခံနေရကြဆဲဖြစ်သည်။
(၂ဝဝ၉)ခုနှစ်၊ ဇွန်လ(၇)ရက်ညပိုင်းတွင် ဘန်ကောက်မြို့၊ ဘန်ကပိရပ်ကွက်၊ လဖလောင်း (၁ဝ၁)လမ်းရှိ
အိမ်တစ်အိမ်တွင် အိမ်ဖော်လုပ်ကိုင်စဉ်အိမ်ရှင်များမရှိသည့် အခိုက်သေနတ်ဒဏ်ရာနှင့်သေဆုံးခဲ့ရသည့်
ဖြစ်စဉ်တစ်ခုကို ရဲမှအမှုစုံစမ်းဆဲဖြစ်သည်။
အလားတူဖြစ်စဉ်မျိုး(၂ဝဝ၉)ခုနှစ်၊အောက်တိုဘာလ(၁၅)ရက်ထိုင်းနိုင်ငံတောင်ပိုင်းစူရဌာနီခရိုင်၊
ကော့စမွေမြို့တွင်မြန်မာအိမ်ဖော်တစ်ဦးအသတ်ခံရသည့်ဖြစ်စဉ်ရှိခဲ့သည်။
အိမ်ရှင်ဖြစ်သူဘန်ကောက်သို့သွားရောက်လည်ပတ်နေစဉ်အိမ်ဖော်တစ်ဦးတည်းရှိနေခိုက်အမျိုးသား
တစ်ဦးကအဓမ္မကျင့်ရန်ကြံစည်စဉ်ခုခံရင်းအသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေပြောင်း အလုပ်သမားအမျိုးသားအများစုသည် ပင်လယ်ပြင်သွား ထိုင်းငါးဖမ်းလှေ
များတွင် အလုပ်လုပ်ကိုင်ကြရာ ကမ်းသို့ ဆိုက်ကပ်ခြင်းမရှိသဖြင့် နှစ်လကြာအလုပ်လုပ်ရခြင်း နှင့် လုပ်အားခ
မရခြင်း တို့ကြောင့် လွတ်မြောက်ရန် ရေကူး၍ ကမ်းသို့ ကူးခတ်ရင်း ရေနစ် သေဆုံးကြသူများလည်း ရှိသည်။
(၂ဝဝ၉)ခုနှစ်၊ ဧပြီလ(၄) ရက်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရဌာနီ၊ ခနောင်လှေဆိပ် ပင်လယ်ပြင်တွင် ထိုင်းပလာ
တူးလှေမှ မြန်မာရေလုပ်သား နှစ်ဦး ရေကူးထွက်ပြေးရင်း ရေလယ်တွင် ရေနစ်သေဆုံးခဲ့သည်။ ရေမကူးတတ်
်သူများမှာမူ ထိုလှေပေါ်တွင် ဆက်လက် ကျွန်ခံနေရဆဲ ဖြစ်သည်။
ဒေသခံလှေလုပ်သားတစ်ဦးပြောပြချက်အရထိုင်းလူပွဲစားများသည်ထိုင်းရဲများနှင့်ပေါင်းကာအချုပ်ခန်းထဲမှ
လူများကိုရွေးပြီးငါးဖမ်းလှေများသို့ရောင်းစားကြကြောင်း၊ထိုလှေများသည်ကမ်းသို့ပြန်မကပ်တော့ဘဲပင်လယ်
်ပြင်တွင်ဖမ်းလို့ရသည့်ငါးများကိုတခြား လှေတစ်စီးပေါ်သို့ပြောင်းကဲ့ယူသွားကြကြောင်းပင်လယ်ပြင်တွင်နာမ
ကျန်းဖြစ်ကဆေးကုသပေးမှုမရှိဘဲ ပင်လယ်ထဲသို့ ပစ်ချလေ့ရှိကြောင်း သိရသည်။
(၂ဝဝ၉)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊ နံနက်စောစောပိုင်းတွင် Chawsanlam အမှတ် (၁) ငါးဖမ်းလှေသည် မဟာချိုငPalarsaphanငါးဖမ်းလှေဆိပ်မှ အင်ဒိုနီးရှားပင်လယ်ပြင်တွင်ငါးဖမ်းရာဖမ်းမိသည့်ငါးအလေးချိန်
အလွန်များကာလှေမှောက်နစ်မြုပ်သဖြင့်လှေပေါ်ရှိမြန်မာအလုပ်သမား၊ထိုင်းအလုပ်သမား(၁၉)ဦးပျောက်
ဆုံးခဲ့သည်။
ထိုင်းနှစ်ဦး၊ဗမာနှစ်ဦးနှင့်မွန်တစ်ဦးတို့သာအသက်ရှင်ကျန်ရစ်သည်။လှေပိုင်ရှင်မှ¤င်း၏လှေလည်းဆုံးရှုံးရ
သဖြင့်ပျောက်ဆုံးခဲ့သူများ၏ မိသားစုများသို့ ထိုင်းဘတ်ငွေ(၃ဝဝဝဝ)စီလျော်ကြေးအဖြစ်သာပေးခဲ့သည်။
ယင်းကဲ့သို့တရားမဝင်ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြသူများသည်အရှက်နှင့်အသက်ပါ
အန္တရာယ်ရှိလာကြသည့်အတွက်တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေး၊အခြေခံအလုပ်သမားခွင့်အရေးများ
ရရှိနိုင်ရေးနှင့်အလုပ်သမားများဥပဒေတို့မှအကာအကွယ်ပေးနိုင်ရေးတို့အတွကနှစ်နိုင်ငံတာဝန်ရှိသူ
များကနိုင်ငံသားစိစစ်မှုပြုလုပ်ခြင်း၊နှစ်နှစ်သက်တမ်းရှိသော ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်း
နှင့်နှစ်နှစ် သက်တမ်းရှိ ဗီဇာထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပေသည်။
စာရေးသူ-ဝင်းနိုင်ထွန်း
Saturday, 12 December 2009 လျှက်တစ်ပျက်ဂျာနယ်မှဆောင်းပါးကိုမျှဝေအပ်ပါသည်
Friday, December 18, 2009
ကယ်သူမဲ့ နားကျည်း ခံပြင်းဖွယ် ရွှေမြန်မာတို့၏ ဒုက္ခများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment