Monday, December 28, 2009

ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး ၊ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ ၊ လုံချည်၊ဖိုသီဖတ်သီဖြစ်နေတဲ့အခါငါ့ကိုမရွံပါနဲ့၊ငယ်ငယ်တုန်းကငါသုတ်သင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မကပြောခဲ့ဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီနားထောင်းပေးပါ။ ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည
ပုံပြင်တွေ၊ငါးရာငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ၊ခြောက်တစ်လှည့် ချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို ပြန်မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက
“ဘာကြောင့်လဲဆိုတဲ့”မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီလမ်းမလျှောက်နိုင်တဲ့အခါခွန်အားပါတဲ့လက်တစ်စုံနဲ့ငါကိုကူတွဲပေးပါ။လမ်းလျှောက်သင်စကတစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကိုသတိရပေးပါ။ တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါကိုကြည့်ပြီးဝမ်းမနည်း
ပါနှင့်နားလည်ပေးပါ။အားပေးပါ။အရင်တုန်းကလူ့ဘ၀တတ်လမ်းအတွက်ငါလမ်းညွန်ခဲ့သလိုအခုချိန်မှာငါ့ဘ၀ကိုနောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမူတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့ မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ…………………………. ထာဝရပျော်ရွှင်ကြပါစေကွယ်…………….။

0 comments:

Post a Comment