Tuesday, October 5, 2010

ရင်ခွင်မဲ့သား ဗမာများသို့

နိုင်ငံအရေး မျှော်ကာတွေးသော်
ပြည်သူပြည်သား လူအများကား
ဒုက္ခအဖုံဖုံ ဤလူ့ဘုံဝယ်
အစာရေစာ ငတ်ပျက်ကာဖြင့်
ဆန်ဆီစပါး ကြက်သွန်များကား
ဈေးနှုန်းတတ်တာ န အ ဖ ကြောင့်ပါ
သို့အတွက်ကြောင့် နိုင်ငံကိုချစ်
မျိုးဆက်သစ်တို့ တိုးတတ်ရစ်ဖို့
ကြိုးစားကြသူ များဗိုလ်လူကို
ထု ထောင်းလိုက်ကြ ဒဏ်ခက်ပြနှင့်
နှိပ်စက်ညှင်းပန်း န အ ဖ လမ်းကို
တို့မကြိုက်ပေါင် များအမောင်တို့
နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲဝယ်
ငါတို့တတွေ မဲမပေးပဲ
သပိတ်မှောက်ဖို့ ကြိုးစားကြစို့
သပိတ်မှောက်ဖို့ ကြိုးစားကြစို့

ဖိုးကျော် (မန်း)

0 comments:

Post a Comment