Sunday, October 10, 2010

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင် ၈

ဥာဏ်စမ်းပဟေဠိဖြေကြည့်ကြရအောင်
ဥာဏ်စမ်းမေးခွန်းလေးတွေမဖြေရတာကြာလို့ပျင်းသွားပြီထင်တယ်။
ကဲအပျင်းပြေ ဥာဏ်စမ်းလေးထပ်ဖြေကြည့်ကြရအောင်……………….
လူတစ်ယောက်ဟာ သူအတွက်အိမ်တစ်လုံးဆောက်နေပါတယ်။အိမ်က ၀ါးအိမ်လေးပါ။ဒါပေမဲ့
ဆောက်နေရင်း ၀ါးကကုန်သွားတယ်။ အိမ်ကလည်းပြီးခါနီးနေပြီ။နောက်ထပ် ၀ါးတစ်ခြမ်းလောက်ဆိုရင်
သူ့အိမ်ပြီးပါပြီ။အဲဒါနဲ့ သူဝါးတစ်ခြမ်းးသွားခုတ်ပါတယ်။မြစ်ခုနစ်စင်းကိုဖြတ်ကျော်ရပါတယ်။
ဝါးတွေခုတ်ပြီးပြန်လာတော့ မြစ်တစ်စင်းကို ဖြတ်ကူးတိုင်း မြစ်ဖြတ်ကူးခ အနေနဲ့ ခုတ်ယူလာတဲ့ ၀ါးတွေထဲက တစ်ဝက်ပေးရပါတယ်။နောက်တစ်စင်းကူးတော့ တစ်ဝက်ထပ်ပေးရပါတယ်။ ဒါနဲ့သူဟာ သူ့အိမ်ပြီးဖို့ လိုနေတဲ့ဝါးတစ်ခြမ်း ကျန်ရေးအတွက်
ဝါးဘယ်နှစ်လုံးခုတ်ရမယ်ဆိုတာကို သေသေချာတွက်ရပါတယ်။ သေချာမတွက်ရင် မြန်မာနိုင်ငံကဂိတ်စောင့်ရဲစာမိပြီး
ကိုယ့်အတွက် ၀ါးတစ်ခြမ်းမကျန်မှာလဲစိုးရိမ်ရသေးတယ်လေ…………….
ဒါနဲ့ သူဟာသေသေချာတွက်လိုက်တာ သူအိမ်အတွက် ၀ါးတစ်ခြမ်းကျန်ဖို့ နဲ့ ဂိတ်တွေကိုပေးနိုင်ဖို့ဝါးဘယ်နှစ်လုံးခုတ်ယူ
ရပါသလဲတဲ့………………..
အဖြေ………………………..
မှတ်ချက်………..သူများအဖြေအရင်မကြည့်နဲ့နော်………………
ကျန်းမာပျော်ရွှင်ကြပါစေ
ဦးကင်း
http://mrkingzero.blogspot.com

0 comments:

Post a Comment