Saturday, October 16, 2010

သတိ သူတို့ ညာနေသည်

အို …ပြည်သူအပေါင်းတို့
ကျွန်ုပ်တို့ရဲ့ မြန်မာနိုင်ငံ စစ်ကျွန်ဖြစ်တော့မခံ
လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့
ဒီမိုကရေစီ အတွက် အသက်တွေပေးစပ်
တိုက်ပွဲဝင်နေကြသည်မှာ
ယနေ့တိုင်ပင် မဟုတ်ပါလား။
စစ်အာဏာရှင် ပျောက်ပျက်ဖို့အရေး
ဒို့အရေးလို့ ဟစ်အော်ကာ
ရှစ်လေးလုံးမှာ တခေတ်သုံးကာ
သက်သေပြခဲ့ပြီပေါ့။
ဒါ့ကြောင့် ကိုးဆယ်ရွေးကောက်ပွဲကို
မလိုသမာအာဏာသုံးပြီး
သူတို့က တမျိုးပယ်ခဲ့တာဗျ
ညီလာခံမှာ ပလီပလာဥာဏ်နဲ့
ညောင်နှစ်ပင်မှာလည်း မအောင်မြင်ပါဘူး။
ဒီလိုနဲ့ လနိုဝင်ဘာရောက်တော့
နှစ်ထောင့်တစ်ဆယ်မှာ မောက်မာန်ကာပြ
ခွေးကောက်ပွဲကို ရွေးကောက်ပွဲလို့ ပြောလို့ပြော
ပလီပလာစကားနဲ့ ပြည်သူများကိုညာ
အင်း….သတိထားကြ နွားအဖွဲ့ ညာနေသည် ။

ဖိုးကျော် (မန်း)

0 comments:

Post a Comment