Sunday, October 17, 2010

မြေအောက် ပေ ၂၀၀၀ အနက်ရှိ သတ္ထုတွင်းထဲ၌ ၆၉ ရက်ကြာ ပိတ်မိနေကြသော ချီလီနိုင်ငံ မိုင်းလုပ်သားမျာ;

ကမ္ဘာတစ်ဝှမ်းလုံးမှ
သန်းပေါင်းများစွာသော ပြည်သူအများသည် ထူးဆန်းအံ့သြဖွယ် ကောင်းလှသောကယ်ဆယ်ရေးကြီးကို မျက်တောင်မခတ်နိုင်ဘဲ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုများမှ တဆင့် စောင့်ကြည့် နေခဲ့ကြရသည်။ လုပ်သားပေါင်း ၃၃ယောက်သည် ကယ်ဆယ်ရေး အဆက်အသွယ်များနှင့် အဆက်ပြတ်ပြီး မြေအောက် ကမ္ဘာ၏ ပေ၂၂၇၅ ပေတွင် သံစည်ဘူးထဲ အသွတ် ခံထားရသကဲ့သို့ မြေမျက်နှာပြင်နှင့်အဆက်အသွယ် ပြတ်နေခဲ့ကြသည်။ ပိတ်မိနေသော လုပ်သားများကို မြေအောက်မိုင်ဝက်အထိ သံပိုက်ချပြီး ကြိုးများဖြင့် ဆွဲတင် ကယ်ဆယ်နေကြရာလက်ရှိအချိန်အထိ လုပ်သားပေါင်း ၁၆ ယောက်ကို ကျန်းမာစွာ ကယ်ဆယ်နိုင်ခဲ့ပြီး
လက်ကျန် လုပ်သား ၁၇ ယောက်ကို ဆက်လက် ကယ်ဆယ်နေကြသည်။အခင်းဖြစ်ပွါးမှာ သြဂုတ်လ ၅ ရက်နေ့က ချီလီနိုင်ငံ
စံဂျိုးစ်မိုင်းတွင်းသို့ လုပ်သား ၃၃ ယောက်က သတ္ထုတွင်း လုပ်ငန်းခွင်ကိုစတင်ခဲ့ကြခြင်း ဖြစ်ပြီး မကြာခင်မှာပင် သဲကန္တာရအတွင်း မြေပြိုမှု စတင်ခဲ့ရာကအခင်းစတင်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လ ၇ ရက်နေ့တွင် ဒုတိယ မြေပြိုမှု ထပ်မံ
ဖြစ်ပွါးခဲ့ပြီး မိုင်းတွင်း၏ အောက်ခြေ တစ်ခုလုံးသည် ကျောက်စိုင်ကျောက်ခဲများဖြင့် ပိတ်ဆို့သွားကာ လုပ်သားများက ကယ်ဆယ်ရေး အကူအညီ ရရှိရန် ကြိုးစားခဲ့ကြရသည်။
အလုပ်သမားများသည် နံရံများကို ဖေါက်စက်များဖြင့် ဖေါက်ထွက်ရန် ကြိုးစားခဲ့ပါသော်လည်းမလွတ်မြောက်သလို ကယ်ဆယ်ရေး အဖွဲ့များနှင့်လည်း မည်သည့် အဆက်အသွယ်မျှမရရှိခဲ့ပေ။ သြဂုတ်လ ၂၂ ရက်နေ့တွင် ပိတ်မိနေသော အလုပ်သမားများသည် ကယ်ဆယ်ရေးဝန်ထမ်းများ၏ အနက် မီတာ ၆၆၈ မီတာမှ လွန်ဖေါက်သံများကို တစ်စွန်းတစကြားခဲ့ကြရသည်။ ထိုအသံကြားချိန်
မှသာ ၄င်းတို့ အသက်ရှင်ရန် သေချာပြီဖြစ်ကြောင်း မျှော်လင့်ချက် ရရှိခဲ့ကြသည်။ ပိတ်မိနေသော အလုပ်သမားများသည်
အသက် ရှင်သန်ရန် မျှော်လင့်ချက် အပြည့် ဖြင့် အခက်အခဲများကိုကြားကန်နေထိုင်ခဲ့ကြ သဖြင့် ၄င်းတို့၏ အခြေအနေမှာ ပိုမိုကောင်းမွန်ပြီးအလွန်အကျွံ ထိပ်လန့် တုန်လှုပ်ခြင်းကဲ့သို့ ထိခိုက် ခံစားခဲ့ရခြင်းများမရှိတော့သော်လည်း ၄င်းအချိန်အထိ အလုပ်သမားများ မြေပြင်ပေါ်သို့တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ကယ်ဆယ်ရေး အဖွဲ့များက သြဂုတ်လ ၂၃ ရက်နေ့တွင်
အစာနှင့် ရေများ မြေအောက်သို့ ချပေးနိုင်ခဲ့ပြီး ဆက်သွယ်ရေးကိရိယာများကိုလည်း ပေးပို့ နိုင်ခဲ့သည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် ကယ်ဆယ်ရေး လုပ်သားများသည် အကောင်းဆုံးသောကယ်ဆယ်ရေး နည်းလမ်းများအဖြစ် မြေအောက် သတ္ထုတွင်းသို့ နေရာ သုံးနေရာမှအပေါက်သုံးပေါက် ဖေါက်ခဲ့ခြင်းဖြင့် ကယ်ဆယ်ရေး ပုံစံပြောင်းရန် ဆုံးဖြတ်
ခဲ့ကြသည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပထမဦးဆုံး သေရွာပြန် လုပ်သား ၃ ဦးကိုစတင် ကယ်ဆယ်နိုင်ခဲ့ပြီး အောက်တိုဘာလ
၉ ရက်နေ့တွင် မြေအောက်ထဲမှကျန်ရှိနေသော လုပ်သားများ၏ လွန်ဖေါက်သံများဖြင့် အသက်ရှင်ရေး
မျှော်လင့်ချက် ကြွေးကြော်သံများကို ဆက်လက် ကြားနေခဲ့ရသည်။ဆက်လက်ပြီးကယ်ဆယ်ရေး အဖွဲ့များကလည်း ၉၆ မီတာတွင် အင်အားဖြည့် တူးဖေါ်ပေးရေး ဆက်လက်စီစဉ်ခဲ့ကြသည်။ အောက်တိုဘာလ ၁၁ ရက်နေ့တွင် စမ်းသပ်ခဲ့သော ကယ်ဆယ်ရေး
ဥမင်လှိုင်ခေါင်းသည် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ပြီး လုပ်သားများနေထိုင်ရန် အတွက်လည်း အမြင့် ပေ ၄၀ အထိ နေရာလုပ်ပေး နိုင်ခဲ့သည်။
ပိတ်မိနေသော အလုပ်သမားများကို မြေပြင်ပေါ်သို့ ဆက်လက် ကယ်ဆယ်နိုင်စေရေး အတွက်အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သလို ပိတ်မိနေသော လုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အဖြစ်
အောက်ဆီဂျင် မျက်နှာဖုံးများနှင့် နှစ်ဖက် ဆက်သွယ်မှု အစီအစဉ်များမှ တဆင့်ကျန်းမာရေး ညွန်ကြားမှုများ ပြုလုပ် နိုင်ခဲ့သည်။ လုပ်သားများ၏သွေးခုန်နှုန်း၊ ခန္ဓာကိုယ် အပူအချိန် နှင့် အသက်ရှုနိုင်မှု အနေအထားများကိုတိုင်းတာ တွက်ချက်ပြီး ၀မ်းဗိုက်များ၏ အခြေအနေများကိုပါကြည့်ရှုစောင့်ရှောက် နိုင်ခဲ့သည်။ သွေးထွက်သော ဒဏ်ရာများအတွက်သွေးတိတ်ဆေးများနှင့် အကိုက်အခဲ ပျောက်ဆေး အက်စပရင်များ ပေးဝေခဲ့ပြီးဖိအားဒဏ် ခံနိုင်သော ခြေအိတ်များကိုလည်း ၀တ်ဆင်စေနိုင်ခဲ့သည်။နာဆာမှ
လှူဒါန်းလိုက်သော အရည်ပုံဆောင် အဟာရဖြည့် ကယ်လိုရီများကိုစားသုံးစေခဲ့ပြီး ပြို့အန်ခြင်းများအတွက် ကာကွယ်နိုင်ရန် ရည်ရွယ်ခဲ့ကြသည်။ပိတ်မိနေသော လုပ်သားများသည် ညအချိန်များတွင် အေးခဲမတတ် ချမ်းအေးလှသဖြင့်ဆွယ်တာများကိုပါ စီစဉ်ပေးခဲ့ကြသည်။ အင်ဂျင်နီယာများမှ စတီးလ် ပိုက်များကိုထည့်သွင်းပြီး ၁၁ ဒီဂရီ ထောင့်ချိုး စနစ်ဖြင့် ရေတံခွန်များမှ
ကျောက်နံရံများ တည်ဆောက်ထားပုံ သကဲ့သို့ ပြင်ဆင်ပေးပြီး နံရံ ထပ်မံပြိုကျခြင်း မဖြစ်စေရန်လည်း စီစဉ်ပေးခဲ့သည်။
ယခုကယ်ဆယ်ရေးအတွက် အမေရိကန် သမ္မတ အိုဗားမားက ကယ်ဆယ်ရေးအဖွဲ့များကို ချီးကျူးပြောဆိုခဲ့ကာ
သူ၏ အမေရိကန် လုပ်သားများ ပါဝင်မှု အတွက်လည်း စိုးရိမ်ပူပန်လျက် ရှိကြောင်းပြောကြားခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများသည် တစ်စထက် တစ်စ အလွန် ခက်ခဲသောအခြေအနေများကို ကျော်လွှားလာခဲ့ပြီး အလုပ်သမားများ အနေဖြင့် အနှေးနှင့်
အမြန်ဆိုသလို အန္တရာယ်ကင်းရှင်းစွာဖြင့် သက်ဆိုင်ရာ မိသားစုများ ထံသို့ပြန်လည်ရောက်ရှိ နိုင်တော့မည် ဖြစ်ကြောင်းလဲ သမ္မတ အိုဗားမားကအားပေးနှစ်သိမ့်စကား ပြောကြားခဲ့သည်။ ချီလီ သမ္မတကြီးကလည်းကယ်ဆယ်ရေး လုပ်နေသည့် နေရာတွင် ကိုယ်တိုင်သွားရောက်လျက် ရှိပြီး လုပ်သားများကို အားပေးလျက်ရှိနေသည်။သြဂုတ်လ၂၂ ရက်နေ့ ကတည်းက ကယ်ဆယ်ရေး လုပ်ငန်းများ၏ အစီအမံဖြင့်အလွန်ကျဉ်းမြောင်းသော တွင်းပေါက်ငယ်ကလေး ထဲတွင် ခက်ခဲ ဆင်းရဲစွာခိုလုံနေခဲ့ကြသော တွင်းတူးသမားများ၏ ရပ်တည်မှုသည် ကမ္ဘာပေါ်တွင်ဖျောက်ဖျက်မရနိုင်သော အမှတ်ရစရာ အဖြစ်အပျက်တစ်ခု သော်လည်းကောင်း၊
ရှင်သန်လိုစိတ် ဇွဲမာန်ပြင်းပြသူများအဖြစ် ချီးကျူးစရာ အနေဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ တွင်းတူးသမား၏ မိသားစုဝင်များ အနေဖြင့်လည်း ဤနေ့ဤရက်များကို ဘယ်တော့သော အခါမျှ ပြန်လည် တွေးခေါ်လိုခြင်း မရှိတော့သောနေ့စွဲများအဖြစ်လည်းကောင်း တည်ရှိနေတော့မည် ဖြစ်ပြီး တွင်းတူး သမားများ၏စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းအများကိုကျွမ်းကျင်ဆရာဝန်များနှင့် စိတ်ပညာရှင်များ၏ အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုများဖြင့် ဆက်လက်စစ်ဆေး သွားကြရမည် ဖြစ်သည်။


အာဏာရှင်မြန်မာနိုင်ငံနှင့်ဒီမိုကရေစီ ချီလီနိုင်ငံ
ဒီမိုကရေစီနိုင်ငံနဲ့အာဏာရှင်နိုင်ငံရဲ့ကွာခြားချက်က ဒါဟာသက်သေပဲ။မြန်မာနိုင်ငံမှာတော့ လူတွေကိုအပင်ပန်းခံကယ်ဖို့ဝေးစွရှင်နေတဲ့သူတွေကိုဘယ်လိုသတ်ဖြတ်ရမလဲ ဘယ်လိုနှိပ်စက်ရမလဲ ဘယ်လိုထောင်ချ၇မလဲစဉ်းစားနေတာ။ကိုယ်တွေ့တစ်ခုကိုပြောပြပါမယ်။
နာဂစ် မုန်းတိုင်းအပြီးလူတွေဒုက္ခတွေနဲ့ကြုံနေရတဲ့အချိန်ကဖြစ်ပါတယ်။ကျနော်ရယ် သူငယ်ချင်းတွေရယ် ထိုင်ဝန်နိုင်ငံက ဆရာဝန်တွေရယ် ဆေးကုသရေးအဖွဲ့ အယောက် ၃၀နှင့်တကွ ဆေးတွေလည်းအများကြီးပါပါတယ်။ရန်ကုန်ကနေ ဆေးကုသပေးဖို့ဆိုပြီး ဘိုကလေးမြို့ကိုမနက်အစောကြီးကတည်းက ကားငှါးပြီးသွားကြပါတယ်။ဘိုကလေးမြို့အ၀င်ရောက်တော့
စစ်ဗိုလ်နှင့်တကွသူနောက်ပါတွေကစစ်ဆေးပါတယ်။ထိုင်ဝန်နိုင်ငံသားတွေကိုပက်စ်ပို့ပါသလားဆိုလို့ပါတယ်။သူတို့အကုန်စစ်ပါတယ်။ သူတို့ပြောတာတွေအကုန်ပါပါတယ်။အကုန်လည်းစစ်ပြီးရောသူ့အထက်လူကြီးကိုဖုန်းလှမ်းဆက်ပါတယ်။
နိုင်ငံခြားသားနှင့်တကွဦးဇင်းတွေလည်းပါတယ်။ဆေးလာကုပေးတယ်။အခြားလိုအပ်တဲ့သောက်ရေသန့်စက်တွေလည်းလှူမယ်။အစား အစာတွေလည်းလှူမယ်။
ဝင်ခွင့်ပေးရမလားလို့ဆက်ပါတယ်။အထက်လူကြီးက၀င်ခွင့်မပေးနဲ့တဲ့။
ဘာဖြစ်လို့ဝင်ခွင့်မပေးတာလဲမေးတော့သူလည်းမသိဘူးတဲ့။ဝင်ခွင့်မပေးနဲ့လို့ပြောနေတယ်တဲ့။ဒါနဲ့ကျနော်ကခင်ဗျားမပြောရဲရင်လည်း
ကျုပ်ကိုယ်တိုင်သွားပြောမယ်။ခင်ဗျားလူကြီးရှိတဲ့နေရာကိုလိုက်ပို့ပေးပါဆိုတော့သူလိုက်မပို့ရဲဘူးလို့ပြောပါတယ်။
ခင်ဗျားလိုက်မပို့ရဲရင်လည်းနေရာသာညွန်ပြပေးပါ။ကျုပ်တို့ဘာသာအဲဒီလိပ်စာမြို့ထဲမေးပြီးသွားပြောပါ့မယ့်လို့ပြောတော့။
နေရာလည်းညွန်မပြရဲဘူးတဲ့။သူ့ကိုငေါက်လိမ့်မယ်တဲ့။ဝင်ခွင့်မပေးဘူးပြန်ပါတဲ့။သူအထက်အမိန့်ကိုသာလိုက်နာရပါမယ်တဲ့။
မဟုတ်သေးဘူး အခုဆေးကုမဲ့အဖွဲ့က တခြားအဖွဲ့မဟုတ်ဘူး ။ထိုင်ဝန်ဆရာတော်ကြီး ဦးကုသလရဲ့တပည့်တွေဖြစ်တယ်။
ဆရာတော်ကြီးကိုယ်တိုင် အခုလိုလှူဒါန်းခွင့်ရဖို့ ခင်ဗျားတို့ လူကြီးတွေကို ဒေါ်လာတစ်သိန်းလှူဒါန်းထားပါတယ်။ဒီမယ် ဆရာတော်
ကြီးလှူထားတဲ့ဓါတ်ပုံသတင်းစာထဲကပုံကိုထုတ်ပြပါတယ်။ဒါလည်းမရဘူး။ပြန်ပါတဲ့။ဒီထက်ပိုပြီးသူဘာမှနားမလည်ဘူးတဲ့။
အထက်အမိန့်တစ်ခုပဲသိတယ်တဲ့။ဘယ်လိုမှ
ပြောလို့မရပါဘူး။မြို့ထဲကလူတွေကလည်းဝင်ခွင့်မပေးလို့မကျေနပ်ကြပါဘူး။တောက်တွေခေါက်နေကြပါတယ်။ဒီကောင်တွေသူတို့
လည်းဆေးမကုပေးဘူး။သူတို့လည်း
မကူညီဘူးသူများကူညီမှာကိုလည်းလက်မခံဘူး။ဒီကောင်တွေတော်တော်မိုက်ရိုင်း
တာဘဲစသည်ဖြင့်လူတွေကလည်းတော်တော်ပေါက်ကွဲနေကြပါတယ်။သူတို့မကျေနပ်ချက်တွေ သူတို့ကျုံတာတွေကိုပြောပြနေကြပါတယ်။လူတစ်ယောက်ဆို သူတို့မိသားစုအားလုံးရေထဲမြောသွားကြတယ်။သူတစ်ယောက်ပဲအသက်ရှင်ကျန်ရစ်တယ်တဲ့။ဘာပစ္စည်းမှလည်း
မရှိတော့ဘူးတဲ့။ဒါနဲ့ဗိုလ်ချုပ်ကြီးတွေလာတော စောင်တွေ ခြင်တောင်တွေ ပစ္စည်းတွေဝေပေးတယ်တဲ့ ၊
သူတို့ကရတော့ဝမ်းသာ
တာပေါ့တဲ့။ဒါနဲ့ဗိုလ်ချုပ်ကြီးတွေပြန်တော့သူတို့ရထားတွေလာပြန်သိမ်းသွားတယ်
တဲ့။သူတို့ကဓါတ်ပုံအရိုက်ခံရရုံပဲတဲ့။သူတို့ဝမ်းလည်းနည်းတယ်။ဒေါသလည်းဖြစ်တယ်တဲ့။သူများနိုင်ငံတွေကတော့ လူတွေရဲ့အသက်ကိုတန်ဖိုးထားလိုက်ကြတာ
ခက်ခက်ခဲခဲပင်ပင်ပန်းပန်း မရရအောင်သမ္မတကိုယ်တိုင်စီမံဆောင်ရွက်ပြီးကယ်ဆယ်တယ်။လွတ်မြောက်လာ
တော့ ဆေးရုံမှာဆေးကုသမှုတွေအပြည့်အ၀ပေးတယ်။အားလုံးက တမ်းတနားနဲ့ ၀ိုင်းဝန်းပြီးကြိုဆိုကြတယ်။
မြန်မာနိုင်ငံမှာကတော့ မသေသင့်ပဲ ပြည်သူ ၂၀၀၀၀၀ နှစ်သိန်းကျော် သေကျေခဲ့ရတယ်။အိုးမဲ့အိမ်မဲ့
သန်းနဲ့ချီပြီးဘ၀တွေပျက်ကြရတယ်။
အခုထိလည်းအဲဒီဒုက္ခတွေခံနေရဆဲဖြစ်တယ်။သူများနိုင်ငံကြည့်လိုက်တော့ဝမ်းသား
ကြည်နုးစရာကောင်းလိုက်တာ။မြန်မာနိုင်ငံကြည့်လိုက်တော့ဝမ်းနည်းစရာကောင်း
လိုက်တာ။ဒါဟာအာဏာရှင်နိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံရဲ့အဓိကကွာခြားချက်တွေ
ပဲ။အခုလည်းမြန်မာနိုင်ငံမှာအာဏာရှင်သက်တမ်းရှည်ဖို့၂၀၁၀ရွေးကောက်ပွဲလုပ်တော့မယ်။ဆက်လက်ပြီး
သူတို့သာအုပ်ချုပ်အုံးမယ်ဆိုရင်တော့မြန်မာနိုင်ငံသားတွေရဲ့ဘ၀တွေဟာမတွေးရဲစရာပဲ။
ဒီလောက်ဆိုးရွားတဲ့အာဏာရှင်ကိုဝိုင်းဝန်း
ထောက်ခံပေးနေကြတဲ့ ဘုန်းကြီးတွေ စစ်သားတွေ ၀န်ထမ်းတွေ ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေ အလိုတော်ရိတွေကိုလည်း အံ့သြမိတယ်။ဒီသူတွေ လူစိတ်မှရှိကြရဲ့လားလို့။ဘယ်လိုစိတ်တွေပေါက်ပြီးလက်ခံနေကြတာလဲလို့စဉ်းစား
မရဖြစ်နေမိပါတယ်။အားလုံးစဉ်းစားပေးကြပါ။လူစိတ်မရှိသူတွေကို မြင့်မြတ်တဲ့လူလောကကြီးကနေ ကြဉ်ဖယ်ပေးကြပါလို့ တိုက်တွန်းနိုးဆော်ရင်း............
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment