Sunday, October 17, 2010

အဖေ့ ဆုံဆည်

အဖေ့သီလ အကျင့် သိက္ခာ သမာဓိ
ဘာနဲ့ပဲကြည့်ကြည့် တိမှတိ ပိမှပိ ထိမှထိ
မသိမရှိလို့ပြောနေပေမဲ့
ကြည့်ကြည့်နေတဲ့မျက်လုံးက
ရတက်မဖုံး တသက်လုံး
တန်ခိုးထွားထွားနဲ့ ရိုးသားနေတဲ့အဖေ
မိမွေ ဖမွေ ထိန်းဝေလို့ဆိုပါက အဖေ၏အာဟာရ
ကာလတွေအတွက်တည်ခင်း အဖေ့ပန်းကန်ပေါ်ကထမင်း…
ဖိုးရွှေလမင်းကြီးတံမှ တောင်းသော ဆုံဆည် ဆက် ဆီ မဟုတ်
လက်ညာ လက်ယာဖြင့် ငါးဖြာအနန္တ စားဦးကိုချ မြင့်မြတ်ဒါန..
ဘ၀တစ်ခုလုံး..သူကျင့်သုံးသည်
အဖေ့ ဆုံ…ဆီ…………….။
သားတို့ညီ ညီမ လက်ဝယ် ‘ခ’ ဖို့
ပြည့်ဝန်းစန္ဒာ ၀ိုင်းစက်စွာလို.........
ရှင်းလင်းစွာကျွေး သမိုင်းရေးသည်…
အဖေ့ ‘ o” လုံး
စ , လယ် , ဆုံးပြီ……..
ပြောင်းတမလွန် ၅၇ ..........

အဖေ့ တစ်နှစ်ပြည့်အမှတ်တရ……..

သား…..ကြယ်သီး (သီးလေးသီး)

0 comments:

Post a Comment