Tuesday, January 17, 2012

မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၃)


မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၃)
          စာရေးသူအနေနဲ့ကဗျာတွေ၊ဆောင်းပါတွေအများကြီးရေးသားဖြန့်ဝေခဲ့ပါတယ်။ဒါပေမဲ့မရေးချင်ဆုံးအကြေင်းအရာတခုကို ပြောပါ ဆိုရင်အခုရေးနေရတဲ့ မဟာသံဃာနာယကဆ၇ာတော်ကြီးများအကြောင်းပဲဖြစ်ပါတယ်။ကိုယ့်နိုင်ငံ ကိုယ့်သာသနာရဲ့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအကြောင်းကို စာရေးသူအပါအ၀င်မည်သူမဆို အကောင်းကိုသာပြောချင်ရေးချင်ကြပေမည်။ ဒါကြောင့်လည်း မဟန ဆရာတော်ကြီးများရဲ့ မကောင်းတာတွေကိုအများကြီး တွေ့ခဲ့မြင်ခဲ့ကြ ပေမဲ့ အောင့်အီးသည်း ခံရေငုံနှုတ် ပိတ်ကာ နေခဲ့ကြသည်မှာ ကာလတွေပင်အတော်ကြာခဲ့ကြပါပြီ။မပြောချင်လို့မပြောပဲနေခဲ့တာကို မဟန ဆရာတော် တွေသည် ပိုမိုအတင့်ရဲဆိုးဝါးလာခဲ့သည် မပြောလေပိုဆိုးလေဖြစ်လာခဲ့သည်။သူတို့သည် ယခု ရန်ဗုဒ္ဓတက္ကသိုလ်၊ သာဓုပရိယတ္တိစာသင် တိုက်ကြီး၏ ပဓာနနာယက ဆရာတော် ဦးပညာသီဟ အားမတရားအမိန့်များ ထုတ်ပြန်လာခဲ့သည်။ ဆရာတော်အပါ အ၀င်သံဃာတော်များနှင့် ဒါယကာ၊ဒါယိကာမအပေါင်း တစ်သောင်းကျော်က လက်မှတ်များရေးထိုးကာ အသနားစာတင်ကာ လျှောက်ထားခဲ့သော်လည်း မဟာသံဃာ့နာယက ဆရာတော်ကြီးများသည် သံဃာတော်များမျက်နှာ၊ ဒါယကာဒါယိကာမ များမျက်နှာ သာသနာ့မျက်နှာဘယ်သူ့မျက်နှာကိုမှမထောက်ပဲ န အ ဖ ဗိုလ်ချုပ်ကြီးများ၏မျက်နှာ တစ်ခုတည်းကိုထောက်ကာ မိမိအာဏာတည်မြဲရေးအတွက် အသနားခံစာကို လုံးဝပယ်ချခဲ့သည်မှာ မဟာအမှားကြီး တစ်ရပ်ဖြစ်ပေသည်။
               စာရေးသူရေးပြပြောပြချင်နေခဲ့သည်မှာ ၁၉၉၈ ခုနှစ်နိုင်    ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ကမ္ဘာအေး ၊ ရန်ကုန်)ကိုတက်ရောက်ပညာသင်ကြားခွင့်ရချိန်ကပင်ဖြစ်ပါသည်။မဟန ဆရာတော်ကြီးများနဲ့ အနီးကပ်ကမ္ဘာအေးကုန်း မြေတစ် ခုတည်းမှာ အတူတူနေခွင့်ရခဲ့တာမို့ကောင်းကောင်းကြီးသိရှိခဲ့ပါသည်။
          စာရေးသူပြောပြခဲ့သလို မဟန ဆ၇ာတော်ကြီးများအကြောင်း ရေးမယ်လို့ ကလောင်တံကိုကိုင်လိုက်တိုင်း မကောင်းပါ ဘူးလေဆိုပြီး ပြန်ချထားလိုက်တာ အခုချိန်ထိဆိုရင်မမှားပါဘူး။အခုတော့နောက်ဆုံး သည်းခံနိုင်မှုစွမ်းရည် ကျော်လွန်သွားပြီမို့ စာရေးသူအပါအ၀င် ၀ိုင်းဝန်းရေးနေကြတာ အင်တာနက် စာမျက်နှာတွေမှာ ပလူပျံနေပါပြီ။မိမိသိထားတဲ့ မဟနဆရာ တော်ကြီးများရဲ့ အမှားတွေကို ချမပြရင် နောင်ဒါတွေကို ပင်အမှန်ထင်ပြီးဆက်လျှောက်နေကြမည်ဆိုလျှင် သာသာနာ တော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတွေဖြစ်ကြလိမ့်မည်။ဒါကြောင့်မရေးချင်မပြောချင်ပဲ ဆက်လက်ရေးသားဖြန့်ဝေပေးနေရ ခြင်းဖြစ်ပါသည်။ 

          သာသနာ့တက္ကသိုလ်သို့တက်ရောက်ပညာသင်ကြားနေသော သံဃာတော်များသည် ကမ္ဘာ့နိုင်ငံအသီးသီး၇ှိ ခေါင်းဆောင်ကြီးများကို ငြိမ်းချမ်းရေးတရားများဟောပြနိုင်ရမည်ဆိုတဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ရဲ့ ကြီးမားတဲ့ရည်၇ွယ်ချက်လမ်းစဉ်ကိုကြိုက်လို့ ၁၉၉၈ ခုနှစ်မှာ ၀င်ခွင့်စာမေး ပွဲဝင်ရောက်ဖြေဆိုခဲ့ပါသည်။ပထမကြီးတန်း အောင်ပြီးသား ဓမ္မာစရိယတန်း သံဃာတော်အပါး တစ်ထောင်ကျော် ၀င်ရောက် ဖြေဆိုရာ အပါး ၇၀ ကိုသာလက်ခံခဲ့ပါသည်။သံဃာတော်တွေသည် အဆင့်မြင့်ပညာ၇ပ်တွေကို စိတ်ဝင်စားကြသည် သင်ချင်ကြသည် သို့သော် အဆင့်မြင့်ပညာ၇ပ်တွေကို သင်ပေးနိုင်သော တက္ကသိုလ်ကြီးများ လုံလောက်အောင်ဖွင့်မပေးနိုင်ခဲ့သည့်အတွက်သံဃာတော် များရသင့်ရထိုက်သော အခွင့်အရေးများဆုံးရှုံးနေကြရပါသည်။ထိုအခွင့်ရေးများရရှိကြပါစေဆိုပြီးရည်ရွယ်ကာ ဆရာကြီးဦးမြင့် ဆွေ(မဟာဝိဇ္ဖာ၊ လန်ဒန်)သည် မန္တလေးမြို့ရှိထင်၇ှားသောကျော်ကြားသော ဆရာတော်ကြီးများကို တိုင်ပင်ဆွေး နွေးသြ၀ါဒခံယူကာ ပထမဦးစွာ ဗုဒ္ဓတက္ကသိုလ်ကြီးကို မန္တလေးမှာစတင်ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်မှာဆက် လက်ဖွင့်ဖို့ကြိုးစားခဲ့ သော် လည်း နေရာရှာလို့မရသည့် အခက်အခဲကြောင့်မဖွင့်နိုင်ခဲ့ပါ။နောက်ဆုံး ရွှေည၀ါဆ၇ာတော် ဦးပညာသီဟနှင့်တွေ့ကာ တိုင်ပင် ဆွေးနွေးပြီး ဗုဒ္ဓတက္ကသိုလ်ကြီးကို ဆရာတော်ရဲ့ သာဓုပရိယတ္တိစာသင်တိုက်ကြီးမှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဗုဒ္ဓတက္ကသိုလ်ကြီးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်အတွက် အရည်အချင်းပြည့်ဝသောသံဃာတော် အများအပြားနှစ် စဉ်မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ယနေ့ အိန္ဒိယနိုင်ငံ၊သီရိလင်္ကာနိုင်ငံ၊ထိုင်းနိုင်ငံနဲ့နိုင်ငံတကာအသီးသီးမှာ ဆက်လက်ပညာ သင်ကြားနိုင်ပြီး တရားဓမ္မများဆက်လက်ဖြန့်ဝေသာသနာပြုနိုင်နေကြသည်မှာ အများအသိပင်ဖြစ်ပေသည်။ သို့ပါသော်လည်း မဟန ဆရာတော်ကြီးများသည် ထိုအချင်းအရာများကို မထောက်ထားပဲ မိမိအာဏာတန်းခိုးပါဝါ တစ်ခုတည်းကိုကြည့်ကာ ထင်သလိုဆုံးဖြတ်ချက်ချနေသည်မှာအင်မတန်ဝမ်းနည်းစရာကောင်းလှပါ သည်။
          မဟန ဆရာတော်ကြီးများသည် သာသနာ့တက္ကသိုလ်(၇န်ကုန်၊မန္တလေး)ကို ဆက်လက်ဖွင့်ခွင့်ပေးထားသည်မှာ သူတို့ထင်သလို အမိန့်ပေး၍ရနေသေးလို့ဖြစ်ပါသည်။သူတို့ထင်သလိုအမိန့်ပေး၍မရပါက ထိုတက္ကသိုလ်ကြီးများကို လည်းပိတ်လာနိုင်စရာအကြောင်းရှိပါသည်။ဒါကို မဟနဆရာတော်ကြီးများ ဘယ်လိုချုပ်ကိုင်ချယ်လှယ်နေကြသည်ဆိုတာကို စာရေးသူသာသနာ့တက္ကသိုလ်တက်စဉ်ကအတွေ့အကြုံများကိုပြန်လည်မျှဝေအသိပေးပြောကြားလိုပါသည်။ထိုအကြောင်းအရာများသည်စာရေးသူကဲ့သို့တက္ကသိုလ်ကိုတက်ခဲ့သူတိုင်းပြောချင်နေသောအကြောင်းအ၇ာများဖြစ်သည်ဆိုတာယုံကြည်ပြီးသား ဖြစ်ပါသည်။
           တချို့က သာသနာ့တက္ကသိုလ်မှာ အဆင့်မြင့်ပညာရပ်တွေကို လွတ်လပ်စွာသင်ကြားခွင့်ရနေကြပြီ ဟုထင် ကြပါလိမ့်မည်။ ဒါကိုသာသနာ့တက္ကသိုလ်မှာပညာသင်ကြားခွင့်ရသွားသူတိုင်းကိုမေးကြည့်ရင်သိနိုင်ပါသည်။ သာသနာ့ တက္ကသိုလ်ကြီးမှာ ပညာသင်ကြားခွင့်၇နေကြသောသံဃာတော်များ အခြေအနေဘယ်လို ၇ှိပါသလဲ။သူတို့တတွေကော လွတ်လွတ်လပ်လပ်ပညာသင်ကြားခွင့်း၇ကြပါသလားဆိုရင် လုံးဝမ၇ပါ။တနိုင်ငံလုံး သံဃာတော်တွေကို ၀င်ခွင့်ဖြေခိုင်းပြီး စိတ်တိုင်းကျ ခေါ်ယူဖျက်ဆီးနေခြင်းသာဖြစ်ပါသည်။သာသနာ့ တက္ကသိုလ်ကြီးသို့ တကယ်တော်သော ထက်မြက်သော သံဃာတော်များ အများအပြားေ၇ာက်ရှိလာပါသည် သို့သော်ဘာမှပြောခွင့် ပြုခွင့် လုပ်ခွင့် မရပါ။သံဃာ့အခွင့်အရေးများအ တွက်ပြောခဲ့ ပြုခဲ့လုပ်ခဲ့ ကြိုးစားခဲ့ကြသော သံဃာတော်များ ထောင်ကျခဲ့ကြသည်။ကျောင်းထုတ်ခံခဲ့ကြရသည်။ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယက)ဆိုရင် သာသနာ့တက္ကသိုလ် မှာ ပါမောက္ခအဖြစ်တာဝန်ထမ်း ဆောင်စဉ်ကပင် ၁၉၉၀ ပြည့် ပတ္တနိကုက္ကုဇ္ဇန သပိတ်မှောက်ပွဲမှာ အဖမ်းခံခဲ့ရသည်။
          စာရေးသူတို့မရောက်ခင်ကပင် သာသနာ့တက္ကသိုလ်မှာ ပြဿနာပေါင်းမြောက်များစွာတက်ခဲ့သည်။သာသနာ့တက္က သိုလ်ကြီးကို အရင်က မင်းကွန်းဆရာတော် ဦးဝိစိတ္တာဘိဝံသ ၏တပည့်များဖြစ်ကြသည့် (တိပိဌကနိကာယ)အဖွဲ့က ဝေယျာဝစ္စပြုဆောင်ရွက်ကြသည်။ထိုစဉ်က သာသနာ့တက္ကသိုလ်ကြီးသို့ဆွမ်းကပ်ချင်ပါက ဆွမ်းကပ်မည့်အလှူရှင် စာရင်း များပြည့်နေသည့်အတွက် တစ်နှစ်ကြိုတင်စာရင်း ယူရသည်။ သည့်နောက်ပိုင်း ဝေယျာဝစ္စဆွမ်းကပ်ရာဌာနသို့ န အ ဖ စစ် ဗိုလ်များ ရောက်ရှိလာသည် အရင်ဆရာတော်ကြီး၏တပည့်များကို တက္ကသိုလ်မှမောင်းထုတ်ခဲ့သည်။သူတို့အစစအရာရာ လက်ဝါးကြီး အုပ်လာသည်။ အလှူရှင်များထံမှ ပိုက်ဆံများသူတို့ထံအပ်နှံရသည် ခိုးယူဖြတ်စားကြသည်။သံဃာတော်များကို ဆွမ်းကောင်းကောင်း မကပ်ကြတော့။ဒါကိုသိသွားသော အလှူရှင်များသည် ဆွမ်းလာ မကပ်ကြတော့ပါ။ မသိ၍လာကပ်သူများထံမှလည်းခိုးယူမြဲခိုး ယူနေကြသည် ဒါကိုသိပေမဲ့ ပါမောက္ခဆရာတော်များ မဟန ဆရာတော်ကြီးများသည် ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ ထိုဗိုလ်မှုးများသည် သံဃာတော်များအားဆွမ်းကပ်ရန်ဆိုပြီး တိုင်းပြည်ဘဏ္ဌာ ငွေထဲမှအမြဲထုတ်ယူကာ သံဃာတော်များအ တွက်နည်းနည်းသုံးကာ သူတို့အတွက်ထင် သလိုသုံးနေကြသည်။ သံဃာ တော်များကို ကောင်းကောင်းဆွမ်းမကပ်ကြ ၊တခါတလေ ဟင်းတွေက သိုးစော်နံနေသည်။အကြိမ်များလာသောအခါ သည်းမခံနိုင်သောသံဃာတော်တချို့က ထိုအကြောင်း အရာများကို နံရံကပ်စာဆောင်များ ရေးသားဖြန့်ဝေခဲ့ကြသည်။ ဒါကိုသိသွား သောဗိုလ်မှုးများသည် ဦးအံ့မောင်နှင့်ပေါင်းကာ ခေါင်းဆောင်သံဃာအချို့ကို ခဏဆိုပြီးရုံးကိုခေါ်သွားကာ ထောင်ချပစ်ခဲ့သည်။ကျန်သံဃာတော်များကိုပါ ဆက်လက်ဖမ်းဆီးဖို့ ကြိုးစားလာခဲ့သည် ဒါကို ပါမောက္ခများ မဟန ဆရာတော်ကြီးများက လုံးဝကာကွယ်မပေးခဲ့ကြပါ။ သို့သော်ကံကောင်းသည်မှာ တက္ကသိုလ် ကထိက နှစ်ဖက်လှ ဆရာကြီးဦးကျော်လွင်မှ သူတာဝန်ယူပါသည် ဒါဟာနိုင်ငံတော်ပုံကန်မှုမဟုတ်ပါ၊ တက္ကသိုလ် ကျောင်းတွင်းဖြစ်တဲ့ပြဿနာ ဖြစ်ပါသည် သူဖြေ၇ှင်းပါမည် ဟုဆိုကာ သံဃာတော်များကို နောင်မလုပ်ပါဘူး လက်မှတ် ရေးထိုးခိုင်းကာ မဖမ်းရန်မေတ္တာရပ်ခဲ့ရပါသည်။ကျန်သံဃာတော်များဆက်လက်အဖမ်းမခံရသော်လည်း ဒီလိုပြောရင် ဒီလိုအဖမ်းခံ ရမည်ဆိုတာကို သိသွားကြတော့ ထိုဗိုလ်မှုများဘယ်လောက်ဆိုးဆိုး ဘယ်လောက်ခိုးခိုးသိကြပေမဲ့ မပြောရဲကြ တော့ပေ။ အင်မတန်ဝမ်းနည်းစရာကောင်းလှပါသည်။ဒါကိုမကျေနပ်သော တော်သော ထက်မြတ်သော သံဃာတော်များ တက္က သိုလ်မှ မထွက်ချင်ပဲ ထွက်သွားကြရသည်။
          တက္ကသိုလ်ထဲမှာမလိုလားအပ်ပဲ တချက်လွတ်အမိန့်တွေကိုပြင်းထန်စွာချထားခဲ့သည်။ဒါကိုစာချကထိက ဆရာကြီးဦး ၇ဲအောင်မှပြောပြလို့သိခဲ့ရပါသည်။ဆရာကြီးသည် သူ့ရဲ့စာသင်ချိန်တစ်ချိန်သည် အပြင်မှာ အစည်းအဝေးနှင့်တိုက်နေသည့် အတွက် သံဃာတော်များကို တောင်းပန်ကာ လွတ်နေသောအချိန်တစ်ချိန်တွင် အကြောင်းကြားကာ ၀င်ရောက်သင်ကြား ပေးခဲ့သည်။ဒါကိုတချို့သံဃာတော်များမသိလိုက်သည့်အတွက် သူတို့ရဲ့အဆောင်အသီးသီးတွင် အနားယူနေကြသည်။ ထိုအချိန် မော်ကွန်း ထိမ်းဆရာတော်မှ စာသင်ခန်းသို့ဝင်ရောက်စစ်ကာ သင်တန်းလာမတတ်သော သံဃာတော် ငါးပါးကို ကျောင်းမှထုတ် ပစ်လိုက်သည်။ဆရာကြီးကဒါဟာသင်တန်းချိန်မဟုတ်ကြောင်း အပိုချိန်တာဖြစ်ကြောင်း မှားစရာရှိရင် သူအမှားသာဖြစ်ကြောင်း မည်သို့ပင် ၇ှင်းပြ၇ှင်းပြ လုံးဝလက်မခံပဲ တချက်လွတ်အမိန့်ဖြင့် ကျောင်းထုတ်ပစ်ခဲ့ပါ သည်။သံဃာတော်ငါးပါးသည် သုံးနှစ်လုံး လုံးကြိုးစားကာ စာတွေသင်ခဲ့ရပြီး ဘာမဟုတ်သည့်အချက် လေးတချက်ဖြင့် ကျောင်းထုတ်ခံခဲ့ကြရသည်။မ ဟ န ဆရာတော်ကြီး များသည် သူတို့ခိုင်းလို့ရမည့် သူများကိုသာ မော်ကွန်းထိန်းခံ့ခြင်း၊ ပေါမေက္ခ၊ ဒုပါမောက္ခ စသည်ရာထူးများပေးကာ ထင်သလို ချုပ်ကိုင်နေကြသည်မှာ အင်မတန်ဝမ်းနည်း စရာကောင်း လှပေသည်။
          သံဃာ့မဟာနာယက ဆရာတော်ကြီးများ အကြောင်းကို အပိုင်းလိုက် ဆက်လက်ရေးသား ဖေါ်ပြပါမည်။
                                                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
မှတ်ချက်။        ။သံဃာမဟာနာယကများသတင်းနဲ့ပတ်သတ်ပြီး ခိုင်လုံသောအထောက်အထားများရှိပါက စာရေးသူ ထံအကြံပေးပြောကြားပေးပါရန်မေတ္တာရပ်ပါသည်။  kingzero969@gmail.com



0 comments:

Post a Comment