Monday, January 23, 2012

အတွေးအမြင် အမှတ် (၁၇၃) ၂၀၅ ဇွန်လ

ဆူကြုံနိမ့်မြင့်ကွာခြားမှု
ယဉ်ကျေးမှုနှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ နေထိုင်စားသောက်မှုသဘာဝဖြစ်သည်။ ဒုတိယတစ်ခုမှာ တွေးခေါ်မြော်မြင်မှုဖြစ်သည်။ နေထိုင်စားသောက်မှုဘဝအတွင် ပထဝီအနေအထား၊ သမိုင်း၊ စီးပွားရေး၊ လူတိုင်း စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တို့ ပါဝင်သည်။ ဂီတ၊ သတင်း၊ ပန်းချီ၊ ဗိသုကာ၊ ကျန်းမာသန့်ရှင်းရေးအ လေ့အထများဖြစ်သည်။ ဤယဉ်ကျေးမှုသည် လူမှုအဖွဲ့အစည်း၏ အခြားအလုံးစုံသော ရသအလှခံစားမှု၏ စိုက်ခင်းမြေဘောင်ဖြစ်သည်။
အခြားယဉ်ကျေးမှုတစ်ခု၏ တွေးခေါ်မြော်မြင်မှု ဖွံ့ဖြိုးရေးဘဝသည် လူမှုအဖွဲ့အစည်းအတွင်း တွေးခေါ် ခဲ့၊ ဖွံ့ဖြိုးခဲ့သည်များနောက် အကောင်းဆုံးအညွှန့်ဆုံးတို့၏ ပါးလွှာသော်လည်း အဖိုးတန်သော အလွှာကလေး ဖြစ်သည်။ ယင်းသည် ပန်းနှင့်တူ၏ ပန်းစိုက်ခင်းမြေဘောင်နှင့်ပန်းကို တစ်မျိုးတစ်စားတည်း ထား၍ မရသကဲ့သို့ ရောထွေးစဉ်းစားလျှင်လည်း အကျိုးမရှိပေ။
ကမ္ဘာ့နိုင်ငံများသည် အဘယ်ကြောင့် ဖွံ့ဖြိုးမှုကွာခြားခဲ့ကြသနည်း။ ယနေ့ကမ္ဘာကြီးတွင် အဘယ် ကြောင့်ဆူကြုံနိမ့်မြင့်ဒေသများ ကွဲပြားခြားနားနေကြသနည်း။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံများ၏ တည်နေရာ ပထဝီ အနေအထားနှင့် ပတ်ဝန်းကျင်အခြေအနေများကြောင့် လော။ လူမျိုးအသီးသီး၏ ဗီဇနှင့် စွမ်းရည်များ ကွာခြား၍ လော။ နိုင်ငံတစ်ခုချင်း၏ သမိုင်းရေးရာအခြေအနေများကြောင့်လော စသည့် “လော” ပေါးများစွာဖြင့် သုတေသီ များက အဖြေထုတ်ယူကြည့်ခဲ့ကြသည်။
ယင်းသို့ ထုတ်ယူကြည့်သော အဖြေများအနက် မျက်မြင်အနေအထားအရ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ သည် ကမ္ဘာကြီးတွင် အပြင်လိုက် အကန့်လိုက်တည်ရှိနေမှုကို အခြေခံစဉ်းစားလျက် နိုင်ငံများ၏ ဖွံဖြိုးမှုကွာခြား ခြင်းသည် ပထဝီတည်နေရာကြောင့် ဖြစ်သည်ဟု အချို့သော သိပ္ပံပညာရှင်များက အဖြေထုတ်ယူခဲ့ကြသည်။ ကမ္ဘာ့သမပိုင်းနှင့် အအေးပိုင်း(တောင်ဘက်ခြမ်း)သည် ဖွံဖြိုးမှုနိမ့်ကျနေသည်ကို သာဓကပဖြစ် ဖော်ထုတ်ကြ သည်။
ရာသီဥတု အနေအထားသည် လူတို့၏ ကာယ၊ ဥာဏ၊ အားထုတ်မှုအပေါ်ရိုက်ခတ်မှုရှိသည်။ လူတို့သည်၏ ကျန်းမာရေးအပေါ်လည်း အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ကြရသည်။ သမပိုင်းနှင့် အအေးပိုင်းဒေသ ရာသီဥတုသည် လူတို့အား ဖျက်လက်တက်ကြွစွာ ဇွဲနပဲကြီးစွာအားထုတ်မှုကို ပြုလုပ်နိုင်စေ သည်။ ပူအိုက်စိုစွတ်သော အပူပိုင်းဒေသ ရာသီဥတုတွင် နေထိုင်သူများသည် ကြာရှည် တည်တံ့စွာ ဇွဲနပဲစိုက် ထုတ်နိုင်စွမ်းမရှိဟု သုတေသီများက ပြောကြားသည်။
ဖွံဖြိုးတိုးတက်မှု(အောင်မြင်မှု)ရရှိရန် ကံ၊ ဥာဏ်၊ ဝီရိယ သုံးတန်သုံးဖြာအားမျှညီညွှတ်ဖို့ လိုအပ်သည်။ ကမ္ဘာ တောင်ဘက်ခြမ်း နေသူများသည် မြောင်ဘက်ခြမ်းသားများနှင့် ကံချင်းတူ၊ ဥာဏ်ချင်းတူသည်ထား ဝီရိယ ပို၍ ဖြည့်သွင်းပေးဖို့ လိုမည်ဖြစ်ပေသည်။ ထိုနည်းတူစွာ ချမ်းသာပြီးသူများနှင့် ယှဉ်လျှင် ဆင်းရဲတွင်း ထဲရှိနေသေးသူများက ပို၍ တက်ကြွလှုပ်ရှားကြဖို့ လိုအပ်သည်မှာ ဓမ္မတာဖြစ်ပေသည်။(စာစဉ်-၁၇၃၊ ၂၀၀၅ ဇွန်)

0 comments:

Post a Comment