Sunday, February 6, 2011

ဖောက်ထွက်တွေးခေါ်တဲ့ ဥပဒေဖလော့ဆဖီ (မောက္ခ)

ဝေဖန်ပိုင်းခြင်းစဉ်းစားခြင်း (critical thinking)၊ ဖောက်ထွက်တွေးခြင်း (lateral thinking)၊ တီထွင်ဥာဏ် (creative thinking) စသည်တို့သည် လူတိုင်းလေ့ကျင့်ယူနိုင်သော အလေ့ အထ စနစ်ကလေးများသာ ဖြစ်ကြ၏။
ယနေ့နိုင်ငံတကာတက္ကသိုလ်များတွင် ဤအကြောင်းအရာသည် အငြင်းပွားဖွယ်ဖြစ်သည်။ အချို့က လူတယောက် သူမတူအောင် တွေးတတ်မြင်တတ်ခြင်းသည် မွေးရာပါ (nature) ဟုဆိုသည်။ အချို့ကတော့ ကြီးပြင်းရာ ပတ်ဝန်းကျင်ကြောင့် (nurture) ဟုဆိုပါသည်။ ဥပမာ စတီဖင်ဟော့ကင်း စင်္ကြာဝဠာကြီးတခုလုံးအကြောင်းကို ဘီးတပ်ကုလား ထိုင်ပေါ်မှ မထဘဲ ချက်ကျလက်ကျ ဝေဖန်ပိုင်းခြားတတ်ခြင်းသည် genius တဦးမို့သာဟု ငြင်းနိုင်သည်။ တဖက်တွင်လည်း မိမိတို့ ကြီးပြင်းရာပတ်ဝန်းကျင်၏ လွှမ်းမိုးမှုမှ ထွက်ပေါ်လာသော ကမ္ဘာ့အတွေးအခေါ်ပညာရှင်များစွာ ရှိသည်။

0 comments:

Post a Comment